Mini ကတော့ သူတို့ ရဲ့ အမိုးဖွင့် ကားလေးတွေဟာ သက်တမ်း နှစ် ၃၀ အထိ ပြည့်သွားခဲ့ပြီ ဖြစ်တာကြောင့် Special-Edition အထူးထုတ် ကားလေးတွေကိုလည်း အမှတ်တရ ဖန်တီးပေးလိုက်ပါတယ်။ အမိုးပါတဲ့ မူလ Mini ကားလေးကို ၁၉၅၉ ကတည်းက စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပေမယ့်လည်း အမိုးဖွင့်ကားကတော့ ၁၉၉၀ ခုနှစ်တွေ လောက်အထိ မမြင်တွေ့ထား ရသေးတာ ဖြစ်ပါတယ်။ ပထမဆုံးသော Mini အမိုးဖွင့် ကားလေးကတော့ 1992 British Motor Show ကားပြပွဲ ကြီးမှာမှ စတင် ချပြလာခဲ့တာဖြစ်ပြီး အဆိုပါ အချိန်တုန်းကလည်းကမ္ဘာ့ အသေးဆုံးသော အမိုးဖွင့် ကားလေးအဖြစ် ရည်ညွှန်းခဲ့ ကြပါ တယ်။ ဂျာမနီ အခြေစိုက် Karmann က ထုတ်လုပ်ပေးခဲ့တဲ့ အဆိုပါ ကားလေးတွေကတော့ ၁၉၉၃ ကစလို့  ရောင်းချလာခဲ့တာဖြစ်ပြီး ၁၉၉၆ ခုနှစ် အထိကို အစီးရေ ၁,၀၈၁ စီးအထိ ထုတ်လုပ် ရောင်းချခဲ့ရပါ တယ်။ နောက်ပိုင်းမှာတော့ BMW တို့ ပြန်လည် ဆန်းသစ်ပေးခဲ့အပြီးမှာ Mini Lineup တွေထဲက မပါမဖြစ်ကားလေး ‌တစ်မျိုးအဖြစ် ဆက်တိုက်မြင်လာခဲ့ ရပါတယ်။

Photo Credit: MotorAuthority

အခုလိုမျိုး နှစ်ပတ်လည်အတွက် အထိမ်းအမှတ် တစ်ရပ်အနေနဲ့ Seaside Edition ဆိုတဲ့ အထူးထုတ် Mini အမိုးဖွင့် ကားလေးတွေကိုတော့ လာမယ့် ဖေဖော်ဝါရီ လမှာ စတင်ချပြလာပါလိမ့်မယ်။ အရောင်တွေ အနေနဲ့ သီးသန့်ဆန်တဲ့ Nanuq White ဒါမှမဟုတ် Caribbean Aqua အရောင်တွေအဖြစ် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ၁၈ လက်မ အရွယ်ဘီးတွေ ကိုလည်း အလယ်မှာ 30th Anniversary ဆိုတဲ့ အမှတ် တံဆိပ်နဲ့အတူ ထည့်ပေးထားမှာပါ။ အတွင်းခန်းမှာကတော့ အနက်ရောင် Carbon လယ်သာသား နဲ့အတူ ပြင်ဆင်ပေးထားမှာဖြစ်ပြီး စတီယာတိုင် ၊ Dashboard နဲ့ တံခါးတွေမှာ 30th Anniversary ဆိုတဲ့ စာသားကို ထည့်ပေးထားဦးမှာ ဖြစ်ပါတယ်။ အခု Seaside Edition ဆိုတဲ့ ကားသစ်တွေကိုတော့ Cooper နဲ့ Cooper S Grade တွေမှာ ရနိုင်မှာဖြစ်ပြီး Base Cooper ကားကတော့ 134 hp ရှိ 1.5 Liter Turbo-3 အင်ဂျင်နဲ့ ဖြစ်ကာ S Grade ကတော့ 189 hp စွမ်းဆောင်နိုင်တဲ့ 2.0 Liter Turbo-4 Engine နဲ့ ဖြစ်ပါတယ်။ Mini ရဲ့ အဆိုအရတော့ အဆိုပါ ကားတွေမှာ ပါလာမယ့် အမိုးပျော့အရှင်တွေက တစ်နာရီ ၁၈ မိုင်လောက်အထိ မောင်းနေချိန်မှာတောင် အဖွင့်အပိတ် လုပ်လို့ရမယ်လို့ သိရပါတယ်။

Photo Credit: MotorAuthority

အခု Special Edition တွေကတော့ လက်ရှိ Mini ရဲ့ နောက်ဆုံးသော ကားတွေထဲက တစ်စီးလည်း ဖြစ်ကောင်းဖြစ်လာ နိုင်ပါတယ်။ အကြောင်းကတော့ Mini က သူတို့ Lineup ကို ၄ ခု မြောက် မျိုးဆက်သစ် အဖြစ် ဖန်တီးဖို့ ပြင်ဆင်နေတာ ဖြစ်ပြီး Redesigned Hardtop ကားတွေကိုလည်း 2023 နှောင်းပိုင်းလောက် မှာတင် 2024 Mode အနေနဲ့ ချပြလာဖို့ ရှိပါတယ်။ အဆိုပါ ကားသစ်တွေမှာတော့ မူလ ကုမ္ပဏီ BMW ဆီက FAAR Platform ကိုပဲ အခြေခံ သုံးထားမှာဖြစ်ကာ လက်ရှိ Mini တွေ မှာ သုံးနေကျ UKL Platform ရဲ့ ခေတ်ပေါ် Platform အသစ်လည်းဖြစ်ပြန်ပါတယ်။ Mini ရဲ့ လျှပ်စစ်ကားကိုလည်း Cooper Hardtop ကားသစ်ကို ပြင်ဆင်ထားမယ့် ပုံစံသစ်နဲ့မြင်လာရဖို့ ရှိနေပါသေးတယ်။ လာမယ့် ၂၀၂၅ အရောက်မှာတော့ Mini ဟာ အင်ဂျင် ကားတွေကို အဆုံးသတ် တော့မယ်လို့ ဆုံးဖြတ်ထားတာပါ။ လက်ရှိမှာကိုပဲ Cooper SE အမိုးဖွင့် ကားအတိုင်း လျှပ်စစ်ကား Concept Version ကို တရားဝင် ချပြထားဖူးတာကြောင့် Mini ရဲ့ လျှပ်စစ်ကား ခေတ်သစ်မှာကိုပဲ အခုလို အမိုးဖွင့် ကားလေးတွေက ဆက်လက် ရှင်သန် နေဦးမှာ ဖြစ်ပါတယ်။

Ref: MotorAuthority