သာမန်အင်ဂျင် ကားတွေကနေ လျှပ်စစ်ကားတွေအဖြစ် ကူးပြောင်းနေကြသူတွေ အထဲမှာတော့ Mini တို့ လည်း ပါဝင်လာပါပြီ။ ကုမ္ပဏီ ရဲ့ ၂၀၂၁ ရောင်းအား အခြေအနေတွေအရ ဆိုရင်တော့ အခုလို လျှပ်စစ်စွမ်း အင်ဘက် မြန်မြန်ကူးပြောင်းလာတာ လမ်းကြောင်းမှန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ သာမန် အင်ဂျင်နဲ့ ကားတွေကို ဆက်လက် ထုတ်လုပ်နေဆဲ ဖြစ်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ John Cooper လို ကား တွေကတော့ လျှပ်စစ်ကားတွေ အဖြစ် ကူးပြောင်းဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ဒါကြောင့် လက်ရှိမှာ လျှပ်စစ် ကားအဖြစ် မြင်ရမယ့် Mini ဆိုလို့ Countryman PHEV ပဲ ရှိနေသေးတာ ဖြစ်ပါတယ်။ အခု ဆိုရင်တော့ နောက်ထပ် Classic Mini Paceman ကားကိုလည်း လျှပ်စစ်ကားတစ်စီးအဖြစ် အသွင်ပြောင်း ဖို့ Mini တို့ စဉ်းစားလာနေပြီဖြစ်ပြီး Subcompact Luxury Crossover ဈေးကွက်ထဲ ခပ်ကြမ်းကြမ်းပဲ ဝင်လာ‌တော့မယ့် သဘောရှိပါတယ်။

Photo Credit: CARBUZZ

Mini ကတော့ ကုမ္ပဏီ တစ်ခုလုံး အနေနဲ့ လာမယ့် ၂၀၃၀ အရောက် မှာ လျှပ်စစ်စွမ်းအင်သီးသန့် ကုမ္ပဏီ ဖြစ်အောင် ရည်ရွယ်ထားတာဖြစ်ပြီး အခုလို ရည်မှန်းချက်အောင်မြင်ဖို့ တစ်စိတ်တစ်ပိုင်းအဖြစ် Paceman ကားကိုပါ လျှပ်စစ် ကားအဖြစ် စပြောင်းဖို့ ရှိလာတာပါ။ အဓိက ကတော့ ဥရောပ ဈေးကွက်ထဲမှာ ဆိုရင် Ford Puma ကို ယှဉ်ပြိုင် နိုင်ဖို့ နဲ့ နည်းနည်း ဈေးကွက်မြင့်တဲ့ ကားတွေ အနေနဲ့ ဆိုရင်တော့ Range Rover Evoque တို့ကိုတောင် ယှဉ်နိုင်ဖို့ အထိ ရည်ရွယ်ထားတာဖြစ်ပါတယ်။ အခု ပြောပြ‌ထားတဲ့ Crossover SUV ကားလေးကတော့ ၂၀၁၇ လောက်ကတည်းက ဆက်လက် မထုတ်လုပ် ဖြစ်တော့တာ ဖြစ်ပေမယ့် အခု တစ်ကျော့ပြန်လာမယ် ဆိုရင် တရုတ်မှာ အခြေခံတည်ဆောက်ပြီး ဂျာမနီမှာ သေချာပုံဖော် ပေးမယ့် ကားအဖြစ် ထွက်လာနိုင်ပါတယ်။ တကယ်ကတော့ ကားသစ်မှာ Bespoke EV Matrix Platform ကို သုံးလာနိုင်ပြီး နောက်ထပ် ရွေးချယ်စရာ အဖြစ်လည်း စတီး Monocoque Chassis ကိုပါ သုံးလာနိုင်ပါ သေးတယ်။ အဆိုပါ ကားကို လျှပ်စစ်ကားအဖြစ် မြင်ရမယ် ဆိုရင်တော့ တံခါးလေးပေါက်ပါ ကားအဖြစ် မျှော်လင့်မိပြီး BMW ရဲ့ မျိုးဆက်သစ် 5 e-Motor ကိုလည်း သုံးပေးလာနိုင်မယ် လို့ ယူဆရပါတယ်။ အဆို ပါ လျှပ်စစ် မော်တာ နဲ့ ဆိုရင်တော့ 181 hp နဲ့ 199 lb-ft Torque လောက် အထိ စွမ်းဆောင်လာနိုင်ပြီး BMW i3 မှာ လိုပဲ ဖြစ်လာမှာ ပါ။ ဒါပေမယ့် Mini အနေနဲ့ အဆိုပါ ကားကို လျှပ်စစ် မော်တာ တစ်လုံးတပ် FWD အနေနဲ့ ထုတ်လာမလား ဒါမှမဟုတ် မော်တာ ၂ လုံးနဲ့ AWD Setup ဖြစ်လာမလား ဆိုတာကတော့ မသေချာသေးပါဘူး။

Photo Credit: CARBUZZ

သတင်း‌တွေအရ ဆိုရင်တော့ Paceman လျှပ်စစ်ကားမှာ ဆိုရင် ဘက်ထရီ ပမာဏ က 60 kWh ရှိလာနိုင် ပြီး All-Wheel Drive စနစ်နဲ့မောင်းနှင်နိုင်မှာဖြစ်ကာ Range ကတော့မိုင် ၂၅၀ လောက်အထိ ရှိလာနိုင် တယ်လို့ သိထား ရပါတယ်။ ဘက်ထရီ နည်းပညာအသစ်ကို သုံးထားမယ် ဆိုတာကတော့ အခြား ထုတ်လုပ် ဖို့ ရည်ရွယ်ထားတဲ့ Mini EV တွေလိုပဲ Cobalt နဲ့ ဆက်မလုပ်ပဲ ကုန်ကျစရိတ် လျှော့ချတာမျိုးကို ဆိုလိုတာ ဖြစ်နိုင်ပါတယ်။ ကုန်ကျ စရိတ် တွေ သက်သာ စေဖို့ အတွက်လည်း ရည်ရွယ်ပြီး တရုတ်နိုင်ငံ Jiangsu Province ထဲက BMW Group-GWM Venture စက်ရုံမှာ အခု Paceman လျှပ်စစ် ကားသစ်တွေကို ထုတ်လုပ်ဖို့ ရည်ရွယ်ထားကာ တစ်နှစ်ကို ယာဉ် အစီးရေ ၁၆၀,၀၀၀ လောက် အထိ ထုတ်လုပ် နိုင်မယ်လို့ ရည်မှန်းထားပါတယ်။ လာမယ့် ၂၀၃၀ မှာ လျှပ်စစ် ကားသီးသန့် ကုမ္ပဏီ ဖြစ်တော့မှာ ဖြစ်တာကြောင့် အခုကစလို့ ၅ နှစ် လောက် အချိန်ရနေသေးပြီး ကားသစ်တွေရဲ့ Platform တွေ အဖြစ်လည်း တရုတ်မှာ တည်ဆောက်မယ့် Bespoke EV Matrix Platform ကို သုံးသွားဖို့ ရှိတယ်ဆိုပြီး Mini ရဲ့ ဦးဆောင်သူ Bernd Korber က ထုတ်ဖော် ပြောဆိုထားပါတယ်။ အင်ဂျင်နဲ့ပဲ ထုတ်ထုတ် လျှပ်စစ်ကား အဖြစ်ပဲမြင်ရရ Mini က Mini ပဲ ဆက်ဖြစ်နေမှာပါလို့ Korber က ပြောကြားခဲ့ပြီး Paceman Hatch အမျိုးအစားတွေ ကိုတော့ အခုနှစ်ထဲမှာပဲ စတင် ထုတ်လုပ်လာနိုင်ဖို့ ရှိနေပြီ ဖြစ်ပါတယ်။

Ref: carbuzz.com