Mini ကားလေးတွေအတွက် နောက်ဆုံး အသစ်ထွက်လာတဲ့ Edition တစ်မျိုးကိုမြင်ခဲ့ရပြီးဖြစ်ပြီး ထူးခြားတာက တော် တော်လေးကို ဖြူတဲ့အရောင်လေးကို သုံးပေးထားတာပါ။ အဆိုပါ Edition ကိုတော့ Mini Resolute လို့လည်း အမည်ပေးထားပြီး လောလောဆယ်မှာတော့ လျှပ်စစ်သီးသန့် Mini Cooper SE ကားလေးမှာ စမြင်တွေ့ထား ရပါတယ်။ သေချာတာကတော့ ဆောင်းတွင်းရာသီလေးကို ကြိုက်တဲ့သူတွေအဖို့ အခုကားအရောင်သစ်လေးနဲ့ လိုက်ဖက်နေမှာပါပဲ။
အခု Edition လေးရဲ့ နာမည် Nanuk ဆိုတာကတော့ ပိုလာဝက်ဝံ လေးတွေကို Inuit ဘာသာစကားနဲ့ ရည်ညွှန်းကာ ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အဖြူဆိုပေမယ့်လည်း တော်တော်လေးကို သူမတူတဲ့ အဖြူရောင်လေးဖြစ်လို့ နေပါတယ်။ ဒါ့အပြင် ကားစက်ဖုံးလေးမှာ ထည့်ပေးထားတဲ့ အစင်းကြောင်းလေးတွေ ဆိုရင်လည်း ရွှေရောင် အမှောင် ကနေ အလင်းအထိ လှလှပပ စီပြီးထည့်ပေးထားတာပါ။ အပြင်အဆင် လေးကိုက Resolute ဆိုတဲ့ Edition နာမည်နဲ့ လိုက်ဖက်နေသလို ကားရဲ့ မူလအရောင်နဲ့လည်း ကွဲထွက်ပြီးထင်းခနဲဖြစ်လို့ နေပါသေးတယ်။
အတွင်းခန်းအတွက် ဆိုရင်တော့ Dashboard မှာ ထည့်သုံးပေးထားတဲ့ ရွှေရောင်လိုင်းကွေးလေးတွေက ပိုပြီး အမြင် ဆန်းစေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားရဲ့ ထိုင်ခုံနောက်မှီက Anthracite Headliner ၊ UV ကာကွယ်တဲ့ ပြတင်းပေါက်မှန်တွေနဲ့ Nappa လယ်သာသားတွေ အုပ်ထားတဲ့ ဘီးတွေကိုလည်း အခု Edition မှာ ထည့်ပေးထား ပါသေးတယ်။ Edition အသစ်နဲ့ မြင်ရတဲ့ အဆိုပါ Mini Cooper SE ကားလေး ကတော့ လျှပ်စစ်သီးသန့်ဖြစ်ပြီး 181 hp အထိ စွမ်းဆောင်နိုင်တာ ဖြစ်ပါတယ်။ တစ်နာရီ ၆၂ မိုင် အထိ မြန်နှန်ုးတင်ဖို့ ဆိုရင်လည်း ၇.၃ စက္ကန့်အတွင်းမှာ တင် မောင်းနိုင်နေတာပါ။ တစ်ဖက်မှာတော့ WLTP Test စံစနစ်အရ ကားက တစ်ခါအားသွင်းထားပြီး GREEN+ Mode နဲ့ မောင်းမယ်ဆိုရင် ၁၄၅ မိုင် အထိ ခရီးနှင်နိုင်မှာပဲ ဖြစ်ပါတယ်။
Ref: AllAutoExperts
Photo Credit: AllAutoExperts