Mini ကတော့ သူတို့ရဲ့ John Cooper Works Hardtop အမျိုးအစားမှာ ထူးထူးခြားခြားပဲ ခပ်ကြီးကြီး Wing တစ်ခုကို အနောက်မှာ တပ်ပေးလိုက်ပါတယ်။ အခုလို ဖန်တီးရခြင်းရဲ့ အဓိက အကြောင်းအရင်းက တော့ အဆိုပါ ကားနဲ့ပဲ လာမယ့် ၂၄ နာရီအပြည့် ပြိုင်ရတဲ့ Nurburgring အခက်အခဲကျော် ကားပြိုင်ပွဲကြီး ဆီမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်။ နှစ် ၅၀ ပြည့် အမှတ်တရ အဆိုပါ ကားလေးကို Bulldog Racing Team ပြိုင်ကားအဖွဲ့ အတွက် ပြောင်းလဲ ဖန်တီးပေးထားတာ ဖြစ်ပြီး သာမန်ကားကောင်း တစ်စီးအဖြစ်က နေ ထိုင်ခုံတစ်လုံးတည်း တပ်ထားတဲ့ ပြိုင်ကား တစ်စီးအဖြစ်ကို မြင်တွေ့ ရတော့မှာပါ။ ကားရဲ့ အတွင်းခန်း မှာလည်း အကာအရံ များစွာနဲ့ အတူ ယာဉ်မောင်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ပတ်ပြီး ကာပေးထားနိုင်မယ့် OMP ထိုင်ခုံကိုလည်း သုံးပေးထားပါတယ်။ အဓိက ကတော့ ၂၄ နာရီကြာပြိုင်ရမယ့် ပြိုင်ပွဲအတွက် သီးသန့် ကားတစ်စီး ဖြစ်တာကြောင့် ဆီတိုင်ကီကိုလည်း ၁၀၀ လီတာ အထိ ဆန့်အောင် ပြင်ဆင်ပေးထားကာ လမ်း မှာ ဆီအမြန်ပြန်ဖြည့်ဖို့ ရပ်နားရမယ့် အကြိမ် အရေ အတွက်ကိုလည်း လျှော့ချပေးနိုင် တော့မှာပါ။ အဆိုပါ ကားရဲ့ သာမန်လမ်းပေါ်သွား JCW အမျိုးအစားနဲ့ ပြန်ယှဉ်ကြည့်ရင်တော့ တံခါးမှန်တွေကအစ သာမန် အစား Makrolon Window Panes တွေနဲ့ အစားထိုးထားပြီး အဓိက ကတော့ အလေးချိန် လျှော့ချနိုင်ဖို့ပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားရဲ့ အရေးအကြီးဆုံး အချက်ကတော့ Turbocharged Four-Cylinder Engine ဖြစ်ပြီး Mini ရဲ့ Flagship ကားတွေ ဖြစ်ကြတဲ့ Clubman နဲ့ Countryman တွေဆီကနေ ယူထားတာပါ။ စွမ်းဆောင်ရည် ပိုင်းကတော့ 306 hp နဲ့ 331 lb-ft Torque အထိကို ရှိပြီး Eight-Speed Steptronic Gearbox ကိုလည်း ဆက်ပြီးသုံးပေးထားတာ တွေ့ရပါတယ်။ ဒါပေမယ့် အဆိုပါ ဂီယာကိုပဲ ပြိုင်ပွဲနဲ့ လိုက်ဖက်အောင် Differential Lock ပမာဏကို ၇၀ % လောက် အထိ ပိုကောင်းစေဖို့ အင်ဂျင်နီယာတွေက သေချာပြန်လည် ပြုပြင်ပေးထား ပါသေးတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ တစ်ချက် ကတော့ ကားရဲ့ ဘရိတ်တွေကို Mini ရဲ့ မူလကုမ္ပဏီ BMW ဆီက ယူဆောင်ထားတာ ဖြစ်ပြီး အထူးသဖြင့် BMW ရဲ့ M Performance Grade ကားတွေဆီက ဖြစ်ပါတယ်။ အခု ကားရဲ့ လမ်းပေါ်သွား Version JCW မှာတုန်းကတော့ ဘရိတ် အပြောင်း အလဲကား အထွက်စတာတွေကို မြန်ဆန်နေစေဖို့ အတွက် ရည်ရွယ်ကာ Pneumatic Lifting စနစ်ကို သုံး ထားပြီး အခု Sports ပြိုင်ပွဲ အတွက် ကားမှာတော့ ရှားပါးတဲ့ Catalytic Converter ကိုပါ ထည့်ပေးထား တာပါ။ နောက်ထပ် ကြီးကြီးမားမား အပြောင်းအလဲတွေ အနေနဲ့ ဆိုရင်တော့ ပိုကြီးလာတဲ့ အနောက်ဘက် က Diffuser ၊ ကား တစ်စီးလုံး သေသေချာချာ အကာအကွယ်တွေ လုပ်ပေးထားတာတွေနဲ့ အရှေ့ဘက်က Splitter တို့ကို ထည့်ပေးထား တာတွေ ပါဝင်လာပါတယ်။

Photo Credit: motor 1.com

အခု ကားကို ဖန်တီးဖို့ အတွက် စုစုပေါင်း အချိန် ၇ လ တာ ယူခဲ့ရပြီး ပြိုင်ပွဲကတော့ လာမယ့် မေလ ၂၆ ရက် ကနေ ၂၉ ရက်နေ့ အထိ ဂျာမနီ က 25.378 ကီလိုမီတာ အရှည်ရှိ လမ်းမကြီးမှာ စတင် ကျင်းပသွားတော့မှာ ပါ။ ဒါ့အပြင် ပြိုင်ပွဲ အတွက် အခြား လိုအပ်တဲ့ စမ်းသပ်ချက်တွေကိုလည်း Nordschleife ဒေသနဲ့ BMW Group တို့ရဲ့ ကားတွေ ပုံမှန် စမ်းသပ်ရာ ပြင်သစ်နိုင်ငံ တောင်ပိုင်းက Miramas တို့မှာ သေချာပြုလုပ် သွား ဦးမှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Spy Shots တွေ မြင်ရသလောက် လမ်းမပေါ် သာမန်သွားနိုင်မယ့် JCW ကားအသစ်ကို ဖန်တီးနေဆဲ ဖြစ်တယ်လို့ ခန့်မှန်းနိုင်ပြီး တကယ်သာ ထွက်လာဦးမယ် ဆိုရင်လည်း ၂၀၃၀ မှာ လျှပ်စစ် သီးသန့်ကား ကုမ္ပဏီ ဖြစ်ဖို့ ရည်ရွယ် ထားတဲ့ Mini တို့ကြောင့် အခုကားက နောက်ဆုံး သော Combustion Engine သုံးကားဖြစ်လာဖို့ များနေတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com