Mini Brand ကတော့ အမေရိက ဈေးကွက်ထဲစရောက်ခဲ့တာ အခုဆိုရင် နှစ် ၂၀ အထိ ရှိသွားခဲ့ပြီဖြစ်ပြီး နှစ် ၂၀ ပြည့် အမှတ်တရ Special Edition တစ်မျိုးကိုလည်း ထုတ်‌လုပ်ပေးလာခဲ့ပါတယ်။ တံခါးလေးပေါက် ပါ 2023 Mini Cooper S Hardtop ကားကို အခြေခံ ဖန်တီးထားတဲ့ အဆိုပါ 20 Years Edition ကားသစ်ဟာ အခုလ အတွင်းမှာပဲ အရောင်းပြခန်းတွေဆီကို $ 37,165 ဆိုတဲ့ ဈေးနှုန်းနဲ့ စရောက်လာတော့မှာပါ။ အခု Mini Cooper S Edition အသစ်မှာတော့ အမြင်ပိုင်း ဆိုင်ရာအရ အပြောင်းအလဲ အတော်လေး များလာပါတယ်။ အပြင်ဘက်အတွက် ကိုပဲ Chili Red ၊ Pepper White နဲ့ Island Blue တို့လို့ အမည်ပေး ထားတဲ့ အရောင် ၃ ရောင် စရလာခဲ့ပါတယ်။ အဆိုပါ အရောင်တွေကတော့ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ အလံအရောင်တွေကို အမှတ်တရ ဖြစ်အောင် ဖန်တီးပေးထားတာ ဖြစ်ပြီး Piano Black ဆိုတဲ့ Trim ကိုလည်း ထည့်ပေးထားပါသေးတယ်။ ဒါ့အပြင် အဆိုပါ Trim နဲ့ လိုက်ဖက်တဲ့ ငွေရောင်အမိုးနဲ့ ဘက်မှန်တွေကိုပါ တွဲဖက်ပေးထားသေးတာ ဖြစ်ပါတယ်။ အင်ဂျင်ပေါ်က အစင်းကြောင်းလိုင်း အရောင်တွေကိုလည်း သီးသန့် ရနိုင်အောင် ကုမ္ပဏီက စီစဉ်ပေးထားပြီး အနီ ၊ အဖြူ ဒါမှမဟုတ် အပြာရောင်နဲ့ ရနိုင်မှာပါ။ တစ်ခြားသော ဒီဇိုင်းပိုင်း အပြောင်းအလဲတွေ အနေနဲ့ဆိုရင်တော့ C-Pillar Decals တွေ ၊ Side Scuttle Inlays တွေနဲ့ တံခါးဘောင်တွေမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားရဲ့ ဘီးတွေကိုလည်း ၁၇ လက်မအရွယ် Tentacle Spoke ဘီးတွေ တပ်ဆင်ပေးထားပြီး Mini အနေနဲ့ အမိုးကိုင်းတွေ အပြင် Panoramic Moonroof ကိုလည်း အခု ကားတွေမှာ သုံးပေးထားတာ တွေ့ရပါတယ်။ ကားရဲ့ အင်ဂျင်ပိုင်းတွေကို အဆင့်မြှင့်တင် ထားသေးလားဆိုတာကတော့ မပြောပြထားပဲ ပုံမှန်ဆိုရင်တော့ Turbocharged 2.0 Liter Engine တပ်ဆင်ထားတာဖြစ်ပြီး 189 hp နဲ့ 206 lb-ft Torque အထိ စွမ်း ဆောင် နိုင်ပါလိမ့်မယ်။ ဒါ့အပြင် တစ်နာရီ မိုင် ၆၀ နှုန်း ကိုလည်း သာမန် Mini Cooper S 4 door မူလကားမှာ ကတည်းကိုက ၆.၅ စက္ကန့် အတွင်း အရှိန်တင် နိုင်တာပဲ ဖြစ်ပါတယ်။ အတွင်းခန်းမှာတော့  Napa လယ်သာနဲ့ စတီယာတိုင် ၊ Carbon Black အရောင် လယ်သာ သားနဲ့ Sports ထိုင်ခုံတွေကို တပ်ဆင် ပေးထားပါတယ်။ ဂီယာကလည်း Seven-Speed Dual-Clutch Gear ကို သုံးပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အတွင်းခန်းမှာလည်း Piano Black အရောင် Trim တွေကို ဆက်မြင်ရမှာဖြစ်ပြီး 20 Years ဆိုတဲ့ အမှတ်တရ Graphics စာသားနဲ့ Anthracite Headliner တို့ကိုလည်း ထည့်သွင်း ပေးထား ပါသေးတယ်။ နောက်ထပ် အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေ အနေနဲ့ကတော့ Dual-Zone Climate Control စနစ် ၊ Heated စနစ် နဲ့ အရှေ့ဘက် ထိုင်ခုံတွေအပြင် ပစ္စည်းထည့်စရာနေစရာ စသဖြင့် အစုံ အလင်တော့ ပါဝင် လာပါတယ်။ Apple CarPlay နဲ့အတူ Dynamic Digital Instrument Cluster တို့ကိုလည်း တွဲလျက်ထည့်ပေးလာတဲ့အပြင် အဆင့်မြှင့်တင်ထားတဲ့ Bluetooth Version ကိုလည်း သုံးပေးထားတာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အဆိုပါ 20 Years Edition ကားသစ်တွေကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် လကတည်းက စတင် ထုတ်လုပ်နေခဲ့တာ ဖြစ်ပြီး အခု လထဲမှာကိုပဲ အမေရိက ဈေးကွက်ရဲ့ အရောင်းပြခန်းတွေဆီ ရောက်ရှိလာမယ်လို့ သိရပါ တယ်။ Mini Brand ကတော့ စတင် တည်ထောင်ခဲ့စဉ် ကတည်းက ဖြည်းဖြည်းနဲ့မှန်မှန် တိုးတက်လာခဲ့တာဖြစ်ပြီး အခုဆိုရင်လည်း နှစ်ပေါင်း ၂၀ ကြာ တိုးတက်လာတဲ့ အမှတ်တရ တစ်ခုကို ဖန်တီးနိုင်ခဲ့တာပဲ ဖြစ် ပါတယ်။ အခုလို ခပ်သေးသေးနဲ့ အရွယ်အစား သီးသန့်တွေပဲ ထုတ်လုပ်တဲ့ ကားကုမ္ပဏီတစ်ခုအဖို့ ကလည်း လျှပ်စစ်စွမ်းအင် ကူးပြောင်းတဲ့ အပိုင်းမှာ စိန်ခေါ်မှုတွေ ရှိနေသေးပေမယ့် စတင်ကူးပြောင်းကာ ရင်ဆိုင် ဖို့ ရှိလာနေပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com