Mini ရဲ့ Concept Aceman ကားကို လာမယ့် ဇူလိုင် ၂၇ ရက်နေ့မှာတင် ချပြတော့မှာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ Instagram Teaser Video လေး တစ်ခုကနေတစ်ဆင့် သိရပါတယ်။ အဆိုပါ Video လေးကတော့ Teaserဆိုတဲ့ အတိုင်း များများစားစား ပြသထားခြင်းမရှိပဲ အသိသာဆုံး အပိုင်းကတော့ ကားကို အားသွင်းနေတဲ့အချိန်မှာ မီးအား ဘယ်လောက်ဝင်နေပြီလဲဆိုတာ သိနိုင်မယ့် Taillight ထဲက Pixel Display အပိုင်းပါပဲ။အခု Taillight နဲ့ ဆက်စပ်ပြီး အလားတူ မီးအလင်းရောင် Effect လေးတွေကိုပါ ပြပေးနိုင်မယ့် Grille ကိုလည်း မျှော်လင့်လို့ ရလာ နိုင်မယ့်ပုံပါပဲ။ Video ထဲ ခပ်မြန်မြန် မြင်လိုက်ရတဲ့ နောက်တစ်ပိုင်းကတော့အပြာရောင်နဲ့ အစိမ်းရောင် ပတ်ပတ် လည် အရောင်လေးတွေဖြစ်ပြီး ဒီလို အရောင်ကိုမှ အပြာ ၊ အစိမ်းနဲ့ပန်းရောင်လေးတွေကို ကားကိုယ်ထည်မှာ Abstract Drawings လေးတွေနဲ့ ထည့်ပေးထားပုံ ရပါတယ်။ အခု Teaser အရတော့ Aceman အသစ်က ပြီးခဲ့တဲ့ ဇွန်လကတည်းက မြင်ခဲ့ရဖူးတဲ့ Electric Crossoverကား ဖြစ်နိုင်ပုံရပြီး Charismatic Simplicity လို့ အမည်ပေးထားတဲ့ Mini ရဲ့ ဒီဇိုင်းပုံရိပ် အသစ်ကိုလည်းအခုကားမှာ စမြင်ရဖို့ ရှိနိုင်ပါတယ်။ ကားကိုတော့ အခု ဇူလိုင်နှောင်းပိုင်းမှာ သေချာပေါက်မြင်ရတော့မှာဖြစ်ပြီး အချိန် အသေးစိတ် ကိုတော့ အတည်ပြုဖို့ လိုဦးမှာပါ။

အခု မြင်ရတဲ့ Teaser အရတော့ ကားကို အပြည့်အဝ မခန့်မှန်းနိုင် သေးပေမယ့်လည်း ကြည့်ရသလောက်ကတော့ ယခင် Mini တွေနဲ့ ကွဲထွက်နေမယ့် လေးထောင့်ကျကျ ဒီဇိုင်းမျိုးကို မျှော်လင့်လို့ ရကောင်းရနိုင်ပါတယ်။ Mini ကတော့အခုလိုမျိုး Charismatic Simplicity လို့ ခေါ်တဲ့ သူတို့ရဲ့ ဒီဇိုင်း ပုံစံအသစ်က ကားတိုင်းကို သီးသန့်အပြင်အဆင် လေးတွေနဲ့ ထူးထူးခြားခြား အမှတ်သညာ ပုံလေးတွေ ရှိစေချင်တာလို့ ဆိုထားပါတယ်။ ဒါ့အပြင် အခု ဒီဇိုင်းရဲ့ နောက်ထပ် ကြီးမားတဲ့ ရည်ရွယ်ချက် တစ်ရပ်ကတော့ ပိုပြီး ရေရှည်လည်ပတ်သုံးစွဲလို့ရမယ့် ကုန်ကြမ်းတွေကိုပဲ သုံးနိုင်ဖို့ ဖြစ်ပြီး ဒါကြောင့် အခု ကားမှာတော့ တိရစ္ဆာန် ဆီကရတဲ့ သားရေတွေနဲ့ Chrome Elements တွေ ပါဝင်လာမှာ မဟုတ်ပါဘူး။ ကားရဲ့ အတွင်းခန်းမှာတော့ အနာဂါတ် Mini အသစ်တွေမှာ တောက်လျှောက် မြင်လာရတော့မယ့် Touchscreen Display ကို ထည့်ထားတော့မှာဖြစ်ပြီး Dash ရဲ့ အလယ်တည့်တည့်မှာ တပ်ထားမယ့်အပြင် Instrument Cluster ကို တော့လည်း အဝိုင်း အနေနဲ့ ပြင်ဆင် ထားမှာပါ။ ဒါ့အပြင် ကောင်းတဲ့တစ်ချက်ကတော့ Screen ရဲ့ အောက်မှာ လည်း Physical Button ခလုတ်တွေပါ ထည့်ပေးထားဦးမှာပါပဲ။


Photo Credit: motor 1.com

စက်ပိုင်းဆိုင်ရာ အချက်အလက် တွေကိုတော့ အခုထိ မသိရသေးပေမယ့်လည်း လျှပ်စစ် Mini ကားသစ်ဖြစ်တာကြောင့် လျှပ်စစ်ကားတွေအတွက် သီးသန့်ဒီဇိုင်း ဆွဲထားမယ့် Platform တစ်ခုခု သုံးလာမှာပါ။ တံခါး ၃ ပေါက်ပါမယ့် Electric Mini Hatchback ကားကိုတော့ ၂၀၂၂ နှောင်းပိုင်း ဒါမှမဟုတ် ၂၀၂၃အရောက်မှာ ချပြလာနိုင်ပြီး ဘက်ထရီ ၂ မျိုးနဲ့ ရနိုင်မယ်လို့လည်း ခန့်မှန်း ထားကြပါတယ်။ 40 Kwh Battery Pack နဲ့ ဆိုရင်တော့ တစ်ခါ အားသွင်းထားရင် ၁၈၅ မိုင် လောက် အထိ မောင်းနှင်နိုင်ပြီး 50 kWh Battery နဲ့ ဆိုရင်တော့ တစ်ခါမောင်းရင် မိုင် ၂၅၀ အထိကို အေးဆေး မောင်းနိုင်မယ့် ကားလေးပဲဖြစ်ပါတယ်။

Ref: motor 1.com

 

(12) ကမ္ဘာ့ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့ သူတိုစီးတဲ့ ကားအကောင်းစားတွေ -၂ – YouTube