ကမ္ဘာပေါ်မှာ နည်းပညာ ဆန်းသစ်မှုတွေနဲ့ တာယာတွေကို ဦးဆောင်ထုတ်လုပ်နိုင် နေတာကတော့ နာမည် ကျော် Michelin တာယာ ကုမ္ပဏီကြီးပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်က အကောင်းဆုံးနဲ့ အမြန်ဆုံးဆိုတဲ့ ကား တွေဆီ တာယာ အကောင်းစားတွေ ပို့ပေးနေတာဖြစ်ပြီး Porsche 911 GT 3 ကားသစ်မှာလည်း Michelin တာယာတွေပဲသုံးပေးထား ပါတယ်။ လက်ရှိမှာတော့ သဘာဝပတ်ဝန်းကျင်ကို ရှုထောင့်ပေါင်းစုံကနေ ထိန်း သိမ်းလာကြတာခြင်း အတူတူ Michelin ကုမ္ပဏီ ကလည်း တစ်ဖက်တစ်လမ်းက ပါဝင်လာနေပြီဖြစ်ပြီး ပလတ်စတစ်ဗူးခွံ အဟောင်းတွေ ကနေ တာယာတွေကို ပြန်လည် ထုတ်လုပ်နေပါပြီ။ အခု ဆိုရင်တော့ နောက်ထပ် Recycle လုပ်ငန်းစဉ် တစ်ခုကိုပါ ချပြလာ ခဲ့ပြီဖြစ်ပြီး အသုံးပြုပြီးသား Pilot Sport တာယာ အဟောင်းတွေကို အမှိုက်ဖြစ်သွားမယ့် အစား အထူးထုတ် နာရီတွေ အဖြစ်ကို ပြောင်းပေး တော့မှာပါပဲ။ Bamford London နဲ့ ပူးပေါင်းပြီး ထုတ်လုပ်သွားမယ့် အခုနာရီတွေကတော့ ၁၃၃ ခုသာ သီးသန့်ဖန်တီးမှာ ဖြစ်ကာ အဆိုပါ ကုမ္ပဏီကတော့ Michelin စတင်ခဲ့ပြီး နောက် ၁ နှစ် အကြာ ၁၈၈၉ ခုနှစ် မှာ စတင်ခဲ့တဲ့ ကုမ္ပဏီပါပဲ။

Photo Credit: CARBUZZ

အဆိုပါနာရီကိုတော့ Michelin×Bamford B 347 Pilot Sport လို့ အမည်ပေးထားပြီး သာမန် ဆွစ်ဇာလန် ထုတ် Bamford B 347 နာရီကို အခြေခံကာ ဖန်တီးထားမှာ ဖြစ်ပါတယ်။ အဆိုပါ နာရီမှာကတော့ ခေတ် အလွန်မှီတဲ့ သတ္တုတွေနဲ့ ဒီဇိုင်းတွေကို ဖန်တီးပေးထားပြီး Forged Carbon ကိုလည်း ထည့်သုံးပေးထားကာ Sellita SW 510 Automatic Movement တွေလည်း ရရှိနိုင်ပါတယ်။ နာရီ ရဲ့ ၂ နာရီ နေရာထောင့်လေး မှာ ထည့်ပေးထားတဲ့ Push- Button ခလုတ်လေး ကတော့ နာရီကို စဖို့ ရပ်ဖို့နဲ့ Reset လုပ်ဖို့ အစုံသုံးနိုင်မှာ ပဲ ဖြစ်ပါတယ်။ နာရီရဲ့ Tachymeter ကိုတော့ ပြိုင်ကားအသွင် အကွက်အကွက်လေးတွေနဲ့ ဖန်တီးပေး ထားပြီး Michelin ရဲ့ အဝါရောင် ခပ်တောက်တောက် စက္ကန့်တံလေးတွေနဲ့ Sub Dial နာရီ လက်တံတွေ ကလည်း နံရံနဲ့ အတော်လေး ပနံရနေပါတယ်။ အနက်ရောင် ဒိုင်ခွက် အပေါ် ကိုမှ အဖြူရောင် Accents လေးတွေ သုံးပေးထားတာကတော့ Michelin ရဲ့ တာယာတွေက အဖြူရောင်ဖြစ်ခဲ့သင့်တယ်ဆိုတဲ့ ကမ်ပိန်း တစ်ခုကို ရည်ညွှန်းထားတာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အရေးကြီးတာ ကတော့ နာရီ ရဲ့ လက်ပတ်ကြိုး ဖြစ်ပြီး Michelin Pilot Sport 5 ရဲ့ စမ်းသပ်အဆင့် တာယာတွေကို ပြန်သုံး ပေးထားတာဖြစ်ပြီး အဝါရောင်လေးတွေကိုမှ ရောင်ပြန်‌လေးတွေ အဖြစ် ထည့်ပေး ထားပါတယ်။ ထူးခြားတာ ကတော့ အဆိုပါနာရီ လက်ပတ်အပေါ်က အကွက်ပုံစံ လေးတွေက အစ Pilot Sport 5 တာယာအကွက်တွေ အတိုင်း ဖြစ်နေတာ ပါပဲ။ အဆိုပါ တာယာဒီဇိုင်းနဲ့ နာရီလေးကိုတော့ အခု တစ်ပတ်ထဲ ကျင်းပနေတဲ့ Goodwood Festival Of Speed ပြပွဲကြီးမှာ ချပြလာတာ ဖြစ်ပါတယ်။ သေချာ တာကတော့ အခုပွဲက ဒီနှစ်ထဲမှာ Michelin အတွက် သူတို့ရဲ့ အပြာနဲ့ အဝါ အရောင်စပ်မပါတဲ့ Supercar Paddock ကို ပြသတဲ့ နောက်ဆုံးပွဲ ဖြစ်နိုင်ပြီး နာရီမှာတော့ နောက်ပိုင်းမှာ ပိုလန်းတဲ့ အရောင် ဆန်းလေး တွေ ထည့်ပေးလာ နိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ ကတော့ ဒေါ်လာ 3,100 အောက် လောက်နဲ့ Bamford London မှာ ဝယ်ယူရရှိ နိုင်မှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com