BMW ရဲ့ M3 Sedan နဲ့ M4 Coupe ကားတွေအကြား အသစ်ဝင်ရောက်လာတာကတော့ BMW M3 Touring ကားသစ်ပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ကားသစ်တွေကို အလန်းဆုံးဖြစ်အောင် Tuning လုပ်ပေး နေကြ Manhart ကလည်း အဆိုပါ BMW M3 TOURING အသစ်ကို MH3 650 Touring ဆိုတဲ့ နာမည်အသစ်နဲ့ Tuning လုပ်ကာ ပြင်ဆင် ထုတ်‌လုပ် ပေးလိုက်ပြီ ဖြစ်ပါတယ်။ ကားအတွက် ပြင်ဆင်ပေးထား တဲ့ ကာဗွန် Kit အသစ်ကိုတော့ အရှေ့ဘက်က Splitter မှာ သုံးထားပြီး ဘန်ဘာအတွက် Aero Flick ကိုလည်း ထည့်ပေးထားပါတယ်။ ဒါ့အပြင် ပိုကြီးတဲ့ Side Skirts တွေ ၊ Diffuser အသစ်နဲ့ အနောက်ဘက်မှာ လည်း Spoiler အသစ်ကို သုံးပေးထားတာ တွေ့ရမှာပါ။

Photo Credit: AllAutoExperts

ကားအတွက်တော့ Silk Matte Black ဆိုတဲ့ အနက်ရောင်အပြင် အခြားအရောင် တွေကိုလည်း စိတ်ကြိုက်ရွေးချယ် နိုင်ဦးမယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၁ လက်မအရွယ် Manhart Concave One Alloy ဘီး တွေကလည်း ကားမှာ နဂိုကတည်းက Standard အနေနဲ့ ကို ထည့်ပေးထား ဦးမှာပါ။ အခု MH3 650 Touring Package မှာတော့ စွမ်းဆောင်ရည် ပိုင်းကလည်း ‌အတော်လေး ပိုကောင်းလာခဲ့ပြီး Twin-Turbo 3.0 Liter Inline-Six Engine ကိုလည်း ထည့်ပေးထားတာကြောင့် 641 hp နဲ့ 590 lb-ft Torque အထိ ကို စွမ်းဆောင်လာ နိုင်ပါတယ်။ ဒီနေရာမှာ ထူးခြားတာ ကတော့ အခုလို စွမ်းဆောင်ရည် တက်လာစေဖို့အတွက် Manhart ရဲ့ MHtronic Auxiliary ဆိုတဲ့ Control Unit ရဲ့ အကူအညီကိုပဲ ယူခဲ့တာဖြစ်ကာ အခြားစက်ပိုင်းဆိုင်ရာ အပိုထပ်ထည့်တာ‌မျိုးတွေ ဘာတစ်ခုမှ မလုပ်ခဲ့ရတာပါပဲ။

Photo Credit: AllAutoExperts

အခု ကားအတွက် နောက်ထပ် အသစ် ပါလာတာကတော့ အိတ်ဇော စနစ်အသစ်ကိုမှ Valve Control နဲ့ ဖြစ်ပြီး Racing Downpipes တွေကိုလည်း Catalytic Converters တွေ ပါမပါ ဆိုတာမျိုးနဲ့ စိတ်ကြိုက် ရွေးနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ကားရဲ့စက်အသံထွက် ပိုကောင်းသွားစေနိုင်မယ့် OPF-Delete Pipes တွေကိုလည်း ထည့်ပေးထားတာ ဖြစ်လို့ အတော်လေး ပြောင်းလဲသွားစေတဲ့ Manhart ရဲ့ Package တစ်မျိုးလို့ ဆိုလို့ရပါတယ်။ Package ကို ရရှိ နိုင်မယ့် နေ့ရက်တွေ ဈေးနှုန်းတွေကိုတော့ Manhart ဘက်က ကြေညာတာကို စောင့်ဆိုင်းရဦးမှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts