ဗြိတိန် ထိပ်တန်း ကားကုမ္ပဏီကြီး MG ကတော့ သူတို့ဆီကနေ အလန်းစား Sports Car တစ်စီး ထုတ်လုပ်ချပြဖို့ ရှိတယ် ဆိုတာကို နှစ်ပေါင်းများစွာ ‌ပြောကြားခဲ့ပြီးနောက် အခုဆိုရင် အမှန်တကယ် မျက်ဝါးထင်ထင် မြင်ရဖို့ပါ နီးလာ ခဲ့ပြီ ဖြစ်ပါတယ်။ အခုဆိုရင် အဆိုပါ အမိုးဖွင့် Sports Car ရဲ့ ပုံရိပ်ကို သိပ်မပေါ်တပေါ် အနေအထားလေးနဲ့ Teaser Video အဖြစ် ချပြခဲ့ပြီဖြစ်ကာ Mazda MX-5 Miata နဲ့ ဆင်တူ အရွယ်အစားလောက် ရှိလာပြီး Yoke Style စတီယာတိုင် တစ်ဝက် ပါလာမယ်လို့ ယူဆရပါတယ်။ Video နဲ့တကွ MG တို့ ဖော်ပြထားတာကတော့ တကယ့် ဂန္ဓဝင် ကားတစ်စီး အလန်းစား အသွင်အပြင်တွေနဲ့ ပြန်လာပြီဆိုတာဖြစ်ပြီး Sports Car ကို အတော် မျှော်လင့်ချင်စရာ ကောင်းအောင်လည်း ဖော်ပြထားပါတယ်။ အခု Video အရတော့ ပြီးခဲ့တဲ့ ဇွန် လလောက်တုန်းက နမူနာ ပုံကြမ်းတွေ ထွက်ခဲ့တာမျိုးနဲ့ တော်တော်လေးနီးစပ်နေခဲ့ပြီး ၂၀၂၁ တုန်းကပြခဲ့ဖူးတဲ့ MG ရဲ့ Cyberster Roadster Concept နဲ့ လည်း တော်တော်လေးကို ဆင်တူမှု ရှိနေလို့ သေချာမှီငြမ်းထားတယ် ဆိုတာတော့ဖြစ်နိုင်ပါတယ်။

စိတ်ဝင်စားဖို့ ကောင်းတာကတော့ အဆိုပါ Concept ကား Cyberster တုန်းက လျှပ်စစ် စွမ်းအင်သုံး ကားအနေနဲ့ ချပြ ခဲ့တာဖြစ်လို့ အခုမကြာခင် မိတ်ဆက်ပြီး ၂၀၂၄ လောက်မှာ စတင်ရောင်းချမယ့် Sports Car ကရော လျှပ်စစ်စွမ်းအင် သုံးလာမှာလားဆိုတဲ့ အချက်ပါပဲ။ ဒါပေမယ့် အဆိုပါကားကို ရောင်းချပေးမယ့် ဈေးကွက်တွေထဲမှာတော့ အမေရိကန် ဈေးကွက် မပါဝင် ထားသေးပါဘူး။ Cyberster Concept တုန်းကတော့ တစ်နာရီ မိုင် ၆၀ နှုန်း အရှိန်တင်နိုင်ဖို့ ဆိုရင် ၃ စက္ကန့် အောက်နဲ့တင် မောင်းနိုင်မှာဖြစ်ပြီး တစ်ခါအားသွင်းထားရင်လည်း မိုင် ၅၀၀ အထိကို မောင်းနိုင်ဦးမှာပါ။ ဒါပေမယ့် အဆိုပါ အချက်အလက်တွေက Concept အဆင့်ပဲ ရှိသေးတာကြောင့် ထုတ်လုပ်မယ့်အဆင့်မှာ ဆိုရင်တော့ ဒီထက် နည်းနည်းပိုပြီး ဝိတ်လျှော့ လာနိုင် ပါသေးတယ်။ တစ်ခု ထူးခြားတာကတော့ MG က ပြီးခဲ့တဲ့ ဇူလိုင် လတုန်း ကပဲ အနာဂါတ် Sports Car တွေမှာ သုံးလို့ရမယ့် လျှပ်စစ် စွမ်းအင်သုံး Modular Platform တစ်ခုကိုပါ ချပြခဲ့ဖူးတာ ပါပဲ။ အဆိုပါ Platform အသစ်ကိုတော့ Modular Scalable Platform (MSP) လို့ အမည် ပေးထားတာဖြစ်လို့ အခု တကယ် ထွက်လာတော့မယ့် Sports Car အသစ်မှာ အခြေခံ သုံးထားမလား ဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့် ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority

(23) ကမ္ဘာ့ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့ သူတိုစီးတဲ့ ကားအကောင်းစားတွေ -၂ – YouTube