MG ကတော့ တရုတ်ဈေးကွက်အတွင်းမှာ MG4 လို့လူသိများတဲ့ MG Mulan ကားကို 2022 Chengdu Auto Show မှာ ပြသလာခဲ့ပါတယ်။ Sport ဆန်တဲ့ လျှပ်စစ် Hatchback ကားတစ်စီးဖြစ်တဲ့ Mulan ကတော့ 0-100 kmh အထိ အရှိန်တင်နိုင်ဖို့ အချိန် ၃.၈ စက္ကန့်သာ ကြာမြင့်မှာဖြစ်ကာ ကားထုတ်လုပ်သူရဲ့အဆိုအရတော့ ဈေးနှုန်းကလည်း ဒေါ်လာ ၂၉,၆၃၀ ထက်များပြားလာမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Photo Credit: CarNewsChina

MG Mulan ကားကိုတော့ SAIC Nebula  လျှပ်စစ် Platform ပေါ် အ ခြေခံ ဖန်တီးထားတာဖြစ်ပြီး Wheelbase  အကျယ် 2690 နဲ့ 3100 mm ရှိသလို Nebula Platform ကြောင့်လဲ EURO NCAP လုံခြုံရေးစစ် ဆေးမှုမှာ ကြယ် ငါးပွင့်အဆင့်ထိ ရရှိထားခဲ့တာဖြစ်ပါတယ်။ ပါးလွှာတဲ့ ရှေ့မီးတွေနဲ့ အရှေ့ဖက်မျက်နှာစာက Sharp Lines တွေအပြင် Hood ပေါ်က ကြီးမားတဲ့ MG Logo ကြောင့် ကားများအကြား သိသာထင်ရှား နေမှာတော့အသေအချာပါပဲ။ အနောက်ဖက်မှာတော့ Y ပုံသဏ္ဍာန် Taillights တွေနဲ့ ကြီးမားတဲ့ Spoiler နဲ့ Diffuser တို့ကြောင့် ကားကို ပိုပြီး Sport ဆန်သွားစေပါတယ်။ အတွင်းပိုင်းမှာတော့ Double-Spoke အောက်ခြေပြား စတီယာတိုင်တပ်ဆင်ထားပြီး ၇ လက်မရှိ Instrument Panel နဲ့ ၁၀.၂၅ လက်မရှိတဲ့ Floating Central Control Screen တွေထည့်သွင်း ပေးထားသလို ၃၆၀ ဒီဂရီ မြင်တွေ့နိုင်မယ့် ကင်မရာ စနစ်နဲ့ လေသန့်စင်မှုစနစ်တွေလည်း ပါဝင်လာပါသေးတယ်။

Photo Credit: CarNewsChina

MG Mulan ကားကိုတော့ တရုတ်နိုင်ငံ ပြင်ပမှာဆိုရင် လျှပ်စစ်မော်တာ တစ်လုံးနဲ့ ဘက်ထရီ ၂ မျိုးအနေနဲ့ ရွေးချယ်နိုင်မှာဖြစ်ပြီး 51kWh ဘက်ထရီ နဲ့ 125 kW မော်တာနဲ့ဆိုရင် ၃၅၀ ကီလိုမီတာ အကွာအဝေးအထိ မောင်းနှင်နိုင်မှာဖြစ်ကာ 64 kWh ဘက်ထရီနဲ့ 150 kW မော်တာနဲ့ဆိုရင်တော့ 450 ကီလိုမီတာ အထိ မောင်းနှင်နိုင်မှာပါ။ 0-100 kmh အထိ အရှိန်တင်နိုင်ဖို့တော့ အချိန် ၈ စက္ကန့်အောက် ကြာမြင့်မှာပဲ ဖြစ်ပါတယ်။ တရုတ်ကားဈေးကွက်အတွင်းမှာ ဆိုရင်တော့ MG Mulan ကားကို Permanent-Magnet Synchronous Motor တပ်ဆင်ပေးထားမှာဖြစ်ကာ 449 hp နဲ့ 600 Nm Torque အထိစွမ်းဆောင်နိုင်မှာဖြစ်ပြီး 0-100 kmh အထိ အရှိန်တင်နိုင်ဖို့ အချိန် ၃.၈ စက္ကန့်သာ ကြာမြင့်မှာပဲ ဖြစ်ပါတယ်။

Ref: CarNewsChina