MG ကားကုမ္ပဏီကတော့ လက်ရှိမှာ Crossover တွေ ၊ Hatchback တွေနဲ့ Sedan ကားတွေကို ထုတ်လုပ် ပေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂုဏ်သိက္ခာ ကြီးမားခဲ့တဲ့ အဆိုပါ ဗြိတိန် ကားကုမ္ပဏီကို လူတွေတွဲပြီး မှတ်မိကြတာ ကတော့ ၂၀ ရာစု တုန်းက ပြိုင်စံရှားခဲ့တဲ့ Sports ကားတွေနဲ့ ပါပဲ။ အထူးသဖြင့် MG TF လို ကားမျိုးတွေနဲ့ တကယ့် Classic MGB လို ကားတွေက အမှတ်ရစရာပါ။ လက်ရှိမှာတော့ တရုတ် ကား ကုမ္ပဏီကြီး SAIC က ပိုင်ဆိုင်ထားတဲ့ MG ကတော့ သူတို့ရဲ့ နာမည်ကျော် ခဲ့တဲ့ လမ်းစဉ်ကို မမေ့ထားသေး ပဲ လွန်ခဲ့တဲ့နှစ်တွေတုန်းက Sports ကား Concept ၂ မျိုးကို ပြသခဲ့ပါတယ်။ အဆိုပါ ကားတွေကတော့ ၂၀၁၇ ခုနှစ်တုန်းက E-Motion ၄ ယောက်စီး Coupe နဲ့ ၂၀၂၁ တုန်းက Cyberster Roadster ၂ ယောက် စီးကား Concept တွေပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ဒါပေမယ့် တကယ်ပဲ MG က ထုတ်လုပ်မယ့် Sports ကားသစ်တွေကို လက်တွေ့မှာ မြင်ရမှာလား ဆိုတာ ကတော့ မေးခွန်းတွေအဖြစ် ကျန်နေဆဲပါ။ အခုတော့ Autocar ရဲ့ သတင်းတွေအရ ၂၀၂၄ မတိုင်ခင် ထွက် ပေါ်လာနိုင်တဲ့ MG Sports Car လို့ ယူဆရ တဲ့ ဒီဂျစ်တယ် ပုံကြမ်း ပုံရိပ်တွေကိုတော့ မြင်လာရပါပြီ။ အခု ပုံကြမ်းထဲမှာမြင်ရတဲ့ ကားပုံ ကတော့ Cyberster ရဲ့ ပုံစံကို အတော်လေး ပြန်လည်မှီငြမ်းထားတာ သိသာ နေပြီး သတင်းတွေအရတော့ အသစ် ထွက်လာမယ့် Sports Car က Concept အတုန်းက သိခဲ့သလိုပဲ လုံးဝ လျှပ်စစ် သီးသန့်ပဲ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

Photo Credit: MotorAuthority

Cyberster Concept တုန်းကတော့ ကားအနေနဲ့ တစ်နာရီ မိုင် ၆၀ နှုန်း အရှိန်ရဖို့ဆိုရင် ရပ်နေရာက အရှိန် ထတင်ရင်တော့ ၃ စက္ကန့် အောက်အတွင်း ရနိုင်မယ်လို့ ကုမ္ပဏီဘက်က ဆိုခဲ့ဖူးပါတယ်။ ဒါ့အပြင် တစ်ကြိမ် အားသွင်းရုံနဲ့ မိုင် ၃၀၀ လောက် အထိကို မောင်းနှင်နိုင်ဦးမှာပါ။ ဒါပေမယ့် Concept ကားတွေရဲ့ ဒီဇိုင်းတွေ ကို တကယ် တမ်း ထုတ်လုပ်တဲ့အခါ အနည်းငယ် လျှော့ချခဲ့ကြသလိုပဲ စက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေ ကလည်း လက်တွေ့ ထုတ်လုပ်ရင်တော့ အနည်းငယ် လျော့ကျကွာခြားလာတာမျိုး ရှိကောင်းရှိ နိုင်ပါသေး တယ်။ ဒါပေမယ့်လည်း ထုံးစံ အတိုင်းပဲ MG တို့က အခုလို ကားတွေ ထုတ်လုပ်ဖြစ်ခဲ့ရင်တောင် အမေရိက ဈေးကွက်တွေအထိ ရောက်အောင် ဖြစ်ဖို့ မရှိလာ နိုင်ပြန်ပါဘူး။ ဒါပေမယ့်လည်း အမေရိကမှာ MG ကား တွေ ဝယ်မရတော့တာလည်း မဟုတ်ပြန်ပဲ အမေရိကန် မှာ ရှိတဲ့ ကုမ္ပဏီတစ်ခုကတော့ လျှပ်စစ်စွမ်းအင်သုံး ၊ ဘယ်မောင်း MG Sports Car ပုံစံတူ အရည်အသွေးမြင့် ကားတွေကို ဖန်တီးဖို့ ရှိနေသေးတာဖြစ်ပါတယ်။

Ref: MotorAuthority