MG ကား ကုမ္ပဏီကတော့ သူတို့ရဲ့ ကိုယ်ပိုင်ဖန်တီးထားမယ့် Modular Platform ကို သုံးပြီး လျှပ်စစ်ကား အမျိုး အစား အသစ်တွေကို စတင် ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီ ကတော့ လက်ရှိ Internal Combustion အင်ဂျင်တွေကို လွယ်လွယ်နဲ့ လက်လွတ်မခံသေးပဲ ဆက်ပြီး ထုတ်ပေးနေပါသေးတယ်။ အခု ဆိုရင်လည်း တရုတ်ဈေးကွက်ထဲမှာ အခုနှစ်ကုန်ပိုင်း လောက်မှာတင် သီးသန့် ရောင်းချပေးလာမယ့် MG 7 Sport Sedan တစ်စီးကို မြင်တွေ့ထားရပြီဖြစ်ကာ Turbocharged 1.5 Liter အင်ဂျင်နဲ့ 2.0 Liter အင်ဂျင်တွေ ဆိုပြီး ၂ မျိုး နဲ့ ထွက်ပေါ်ထားပါတယ်။

Photo Credit: MotorAuthority

ဘယ်လို မောင်းနှင်ပုံတွေနဲ့ ကားအမျိုးအစားတွေ ကွဲဦးမလဲဆိုတာအပြင် ကျန်တဲ့ အသေးစိတ် အချက်အလက်တွေ ကိုပါ ဈေးကွက်ထဲ တရားဝင် မိတ်ဆက်ဖို့ နီးစပ်လာတာနဲ့အမျှ ထပ်ပြီးထုတ်ပြန် ပေးလာမယ်လို့ သိရပါတယ်။ ဒါပေမယ့် သတင်းရင်းမြစ်တွေရဲ့ သိရသလောက်ကတော့ 1.5 Liter Engine နဲ့ ကားဆိုရင် စွမ်းဆောင်ရည် ပိုင်းက 183 hp လောက် အထိ ရှိလာနိုင်ပြီး 2.0 Liter Engine နဲ့ ဆိုရင်တော့ 254 hp အထိကို ရှိလာနိုင်ပါတယ်။ ဒီထက် ပိုပြီး စွမ်းဆောင်ရည် ပိုကောင်းလာနိုင်မယ့် Plug-In Hybrid အမျိုးအစား ကွဲတွေကတော့ လာမယ့် ၂၀၂၃ အရောက်မှာ ထပ်ပြီး ထွက်လာဖို့ မျှော်လင့် ရပါတယ်။ မူလ MG7 ကားကတော့ ယခင် Rover 75 ကား အဟောင်းကိုပဲ တံဆိပ် ပြန်ပြောင်းပေးထားတဲ့ ကားအဖြစ်ပဲ ရှိပါသေးတယ်။ အဆိုပါ Rover 75 ကားဟောင်းကိုတော့ ၂၀၀၅ ခုနှစ် တုန်းက တရုတ်ရဲ့ နန်ကျင်းကားပြပွဲအပြီး ရထားတဲ့ MG Rover ဆိုတဲ့ နာမည်ကိုပဲ ကုမ္ပဏီက ဆက်သုံး နေပါသေးတယ်။ အဆိုပါ နန်ကျင်း ကုမ္ပဏီကတော့ နောက်ပိုင်းမှာ MG နဲ့ အလုပ်အတူတူ ပူးပေါင်းရင်း ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် အရောက်မှာ တော့ SAIC ကုမ္ပဏီ ကြီးထံ ရောက်ရှိသွားခဲ့ပါပြီ။

Photo Credit: MotorAuthority

စိတ်ဝင်စားဖို့ ကောင်းတာ တစ်ခုကတော့ အခု MG 7 ရဲ့ ဒီဇိုင်း အသွင်အပြင်တွေက ခေတ်ပေါ် MG Sports Car တွေ နဲ့ တူညီနေဆဲ ဖြစ်ပါတယ်။ အဆိုပါ ကားတွေကတော့ လတ်တလောမှာ ဖန်တီးလာဖို့ ပြင်ဆင်နေ ဆဲပဲ ရှိနေသေးပြီး လျှပ်စစ် စွမ်းအင်သုံးပဲ ဖြစ်ဖို့ များနေပါတယ်။ လက်ရှိမှာတော့ အမေရိက ဈေးကွက်ထဲအထိ MG ကားတွေ ရောက်ဖို့ အစီအစဉ် မရှိသေးတာကြောင့် အခုမြင်ရတဲ့ MG 7 ကားတွေ ရောက်လာဖို့ ကလည်း ဖြစ်နိုင်ချေ နည်းနေပါသေးတယ်။ အဆိုပါ ကားကတော့ တရုတ်ဈေးကွက်ထဲမှာ သီးသန့်ရောင်းဖို့ အတွက်နဲ့ပဲ ပြီးဆုံးသွားနိုင်ပြီး MG အနေနဲ့ကတော့ အခြားသော ဈေးကွက်တွေအတွက်ဆိုရင် သူတို့ရဲ့ လျှပ်စစ်ကားအသစ်တွေကိုပဲ ပိုပြီး အာရုံစိုက် လာနိုင်တာ ဖြစ်ပါတယ်။

Ref: MotorAuthority