Mercedes တို့ကတော့ သူတို့ရဲ့ လျှပ်စစ်ကားအနာဂါတ်အတွက် ခြေလှမ်းတွေတော်တော်သွက်နေခဲ့ပြီး EQ ဆိုတဲ့ လျှပ်စစ် Brand အခွဲနဲ့ EQS တို့လို ကားတွေ ထုတ်လာသလို အားသွင်းတဲ့ အပိုင်းတွေမှာလည်း ဦးဆောင်လာနိုင်ဖို့ အတွက် ရည်ရွယ်ကာ အခုဆိုရင် Wallbox ဆိုတဲ့ Charger Accessory တစ်ခုကို ထုတ် လုပ်ပေးလိုက်ပါပြီ။ တကယ် လို့ သင့်မှာသာ လျှပ်စစ် ကားတစ်စီး ရှိနေပြီဆိုရင်တော့ အခု ပစ္စည်းအသစ် လေးက ချိတ်ဆက်နိုင်စွမ်းရော အလို အလျောက် နည်းပညာတွေရော ကောင်းတာကြောင့် မရှိမဖြစ် ရှိထား သင့်တယ်လို့ မာစီးဒီးတို့က ညွှန်းထားပါတယ်။ တစ်ခု ထူးခြားတာကတော့ အဆိုပါအားသွင်းကိရိယာ အသစ် လေးမှာ ကိုယ်ပိုင် အင်တာနက်ကွန်ရက် ချိတ်ဆက်မှု ပါဝင်လာတာဖြစ်ပြီး လက်ရှိ တစ်ခြားသော လုပ်ငန်း တွေဆီက ထုတ်လုပ်ပေးထားတဲ့ Charger တွေနဲ့ အတော်လေး ကို ကွဲပြား ခြားနားပါတယ်။ အခု ကိရိယာ လေးနဲ့ဆိုရင် ကားပိုင်ရှင်တွေက Mercedes Me Smartphone App ကနေတစ်ဆင့်လည်း အားသွင်းနိုင်မှာ ဖြစ်ပြီး အင်တာနက် လိုင်းလေး ကောင်းနေဖို့တော့ လိုအပ်ပါလိမ့်မယ်။
အခု ကိရိယာလေးရဲ့ အသုံးဝင်တဲ့ နောက်တစ်ချက်ကတော့ ကိုယ့်ကားအတွက် လိုအပ်မယ့် အားသွင်းမှု အပိုင်းကို အလိုအလျောက် သိကာ လိုသလောက်ပဲ သွင်းနိုင်မှာဖြစ်လို့ တစ်လတစ်လ ဆောင်ရမယ့် အိမ်ရဲ့ လျှပ်စစ်မီတာ အခွန်တွေကိုပါ မလိုအပ်ပဲအပိုမကုန် စေတော့မှာဖြစ်ပါတယ်။ ဒါ့အပြင်လုံခြုံရေးပိုင်း အတွက် လည်း အခုစက်လေးကို App ဒါမှမဟုတ် RFID Card တို့ကို အသုံးပြုပြီး အပိတ်အဖွင့် လုပ်ထားလို့ ရပါ သေးတယ်။ ကြာရှည်ခံအောင် အပြင် အဆင့်မြင့် လုပ်ဆောင်ချက်တွေ ကိုပါ ဆက်ပြီး တောက်လျှောက်သုံး နိုင်စေဖို့ အတွက် အဆိုပါ စက်လေးကို OTA Update တွေလည်း ဆက်တိုက်ပေးနေဦးမှာ ဖြစ်ပါတယ်။ အခု Wallbox ကို မာစီးဒီး တို့ကတော့ လက်ရှိ Brand ရဲ့ Design Philosophy အတိုင်းလေးပဲ လှလှပပဖန်တီး ထားတာ ဖြစ်ပြီး အားသွင်းနေတဲ့ အချိန်မှာဆိုရင်လည်း ကားတွေနဲ့ပါ အတော်လေး လိုက်ဖက်နေအောင် စီမံပေးထားတဲ့ ပုံစံလေးပဲ ဖြစ်ပါတယ်။ အခု အားသွင်းစက် ရဲ့အားသွင်းနိုင်မယ့် ပမာဏကတော့ 22 kW ကိုမှ Phase Line ၃ ခုနဲ့ ဖြစ်တာကြောင့် သာမန် အိမ်က မီးအားသွင်းနိုင်မယ့် ပလပ်ခုံ တစ်ခုထက်ကတော့ အများကြီးသာလွန်တာ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ Box ပေါ်မှာ ပါဝင်လာတဲ့ LED Display တွေက အားဘယ်လောက်အထိ ဝင်နေပြီလဲဆိုတာကို ကောင်းကောင်း ဖော်ပြပေး နိုင်မှာပါ။
အဆိုပါ Wallbox လေးကိုတော့ ဥရောပ ဒေသမှာ ဆိုရင် €990 ( $ 1,130) ဝန်းကျင်လောက် နဲ့ ရောင်းချ ပေးမှာ ဖြစ်ပြီး လတ်တလောတော့ အမေရိက ဈေးကွက်အထိ ရောက်ဖို့ မမြင်သေးပေမယ့်လည်း လျှပ်စစ် ကားဈေးကွက်တွေထဲ အရေးပါတဲ့ အမေရိက အတွက်လည်း အခုစက်လေးကိုမကြာခင် တရားဝင်မိတ်ဆက် ပြီး ဝင်ရောက်လာပါလိမ့်မယ်။ အမေရိက ဈေးကွက်က Mercedes အတွက် အရေးပါတယ် ဆိုတာကို မနှစ် တုန်းက Mercedes-Benz EQS ကားပိုင်ရှင် တွေ အတွက် Electrify America Network ပေါ်မှာ ၂ နှစ် အခမဲ့ အားသွင်းခွင့်ပေးထား ခဲ့တာကို ကြည့်ရုံနဲ့တင် သိသာ နေပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ၂ နှစ် အခမဲ့ ဆိုတာကတော့ တစ်ကြိမ်ကို နာရီဝက်ပဲရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် EQS လိုကားမျိုးက လည်း DC Fast Charging နဲ့ဆိုရင် နာရီဝက်ပဲ အားသွင်းရရင်တောင်မှ ၁၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း လောက်အထိ အားပြည့်တာကြောင့် အတော် အလုပ်ဖြစ်တယ်လို့ပဲ ဆိုရတော့မှာပါ။
Ref: carbuzz.com