ဂျာမနီ နိုင်ငံ ၊ စတုဂတ် မြို့ကနေ အင်္ဂလန် နိုင်ငံ Silverstone Circuit အထိ ခရီးရှည် မိုင် စုစုပေါင်း ၇၄၇ မိုင် အထိကို Mercedes Vision EQXX တို့ မောင်းပြနိုင်ခဲ့ပြီ ဖြစ်ပြီး စံချိန်သစ်ပါ တင်လိုက် နိုင်ပါတယ်။ ဒါဟာ ယခင်တုန်းက အဆိုပါ ကားကပဲ ဂျာမနီ နိုင်ငံ ၊ Sindelfingen ကနေ ပြင်သစ်နိုင်ငံ ကတ်စီဆီကို မောင်းပြခဲ့တဲ့ ၆၂၆ မိုင် ပမာဏကိုပဲ ပြန်လည် စံချိန်ချိုး သွားတာပါ။ ၂ ရက် နဲ့ ၁၄ နာရီ ခွဲအထိ ကြာတဲ့အဆို ပါ ခရီးစဉ်မှာဆိုရင် အမျိုးမျိုးသော အတွေ့အကြုံတွေ ကို ပေးနိုင်တဲ့ လမ်းအခြေအနေ ဖြစ်ကာ Autobahn တို့လို လမ်းမကြီးတွေအပြင် လန်ဒန်ရဲ့ ရှုပ်ထွေးလှတဲ့ ယာဉ်ကြော ကြပ်တည်း မှုတွေကိုပါ ဖြတ်သန်းထား နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားကို လမ်းတစ်လျှောက် ၈ နာရီ ကျော် လောက်ကလည်း အဲကွန်းအပြည့် ဖွင့်မောင်းခဲ့တာ ဖြစ်ပြီး အင်္ဂလန်နိုင်ငံ ၊ ဘာကလေမှာ ရှိတဲ့ Mercedes-Benz Grand Prix ဆိုင်မှာတောင် ခရီးတစ်ထောက် နားခဲ့ပါသေးတယ်။

Photo Credit: motor 1.com

နောက်ဆုံး ရောက်လာတဲ့ Silverstone Circuit ပြိုင်ကား လမ်းကြောင်းကိုတော့ Formula E ပြိုင်ကား မောင်းသမား Nyck De Vries က ၁၁ ပတ် ပတ်မောင်းခဲ့ပြီး ယာဉ်ရဲ့ အမြင့် ဆုံးမြန်နှုန်း ကတော့ တစ်နာရီ ကို ၈၇ မိုင် အထိ ရှိခဲ့ ပါတယ်။ နောက်ဆုံး မှာတော့ ကားက လုံးဝဘက်ထရီ အားကုန်တဲ့ အထိကို ရောက် သွားခဲ့တာပါ။ Silverstone ရဲ့ 3.661 မိုင်အထိ ရှိတဲ့ အခုပမာဏကို ပတ်လိုက်တာနဲ့ဆိုရင်တော့ ပုံမှန် ဆိုရင် မိုင် ၄၀.၂၇၁ အထိ ကို မောင်းလိုက်တာ နဲ့ အတူတူပါပဲ။ အရှိန် ခပ်နှေးနှေး နဲ့မောင်းတာတောင် အဆင်ပြေ တယ် ဆိုရင်တော့ အရှိန်ခပ်မြန်မြန်နဲ့သာ ဆိုရင် EQXX ကား အတွက်ကတော့ အတော်လေး ကောင်းမွန် တာကို ပြနိုင်မယ့် ပုံပေါ်နေပါသေးတယ်။

Photo Credit: motor 1.com

အခု ခရီးစဉ်ရဲ့ စွမ်းအင်သုံးစွဲ မှုကတော့ ၇.၅ မိုင် ကို 1 kWh အထိ ကျခဲ့တာဖြစ်ပြီး ပျမ်းမျှ မြန်နှုန်း ကတော့ ၅၁.၅၇ မိုင် အထိ ရှိနေပါတယ်။ ယခင် ခရီးရှည် မောင်းတုန်းကဆိုရင်တော့ ၇.၁၄ မိုင် နှုန်းမှာ 1 kWh ကုန်ခဲ့တာပါ။ အခု ဆိုရင် တော့ အဆိုပါ Silverstone ပြေးလမ်းမှာ အားကုန်သွားတဲ့ အဆိုပါ ကားလေးဟာ အားအပြည့် ပြန်သွင်းပြီး Goodwood Festival Of Speed ပွဲကြီးဆီ အရောက်သွားပြီဖြစ်ကာ အခု လောက် ဆိုရင်တော့ တောင်တက် ပွဲတောင် နွှဲနေလောက်ပါပြီ။ ကားရဲ့ ဘက်ထရီ ပမာဏကို Mercedes တို့ ချပြ ထားခြင်း မရှိသေးပေမယ့်လည်း 100 kWh အောက်လောက်ပဲ ရှိမယ်လို့တော့ သိရပါတယ်။ အလေးချိန် အရလည်း ၅၀ ရာခိုင်နှုန်းလောက် လျော့သလို ယခင် ထက်လည်း ၃၀ % လောက်ကို ပိုပြီး ပေါ့ပါးနေတာ ဖြစ်ပါတယ်။ လျှပ်စစ်မော်တာ တစ်လုံးတည်းတင်ကိုပဲ 241 hp အထိ ရှိထားပြီး Range ပိုများဖို့ အတွက် ကား အမိုးပေါ်မှာ HVAC စနစ်နဲ့ ချိတ်ထားတဲ့ ဆိုလာပြားလည်း ပါဝင် လာပါသေးတယ်။ ကားကတော့ ၃.၈၆၉ ပေါင်ပဲ ရှိတာကြောင့် တကယ်စွမ်းဆောင်ရည်မြင့်တဲ့ လျှပ်စစ်ကားလေးလို့ပဲ ဆိုရတော့မှာပါ။

Ref: motor 1.com