Mercedes AMG တို့ကတော့ သူတို့ရဲ့ လျှပ်စစ်စွမ်းအင်သုံး Sedan ကား Concept ကို ချပြလိုက်ပြီဖြစ်ပြီး ၂၀၂၅ မှာ ထွက်ရှိလာမယ့် ကုမ္ပဏီ ရဲ့ ပထမဆုံးသော စွမ်းဆောင်ရည် အသားပေး လျှပ်စစ်ကားလည်း ဖြစ်လာဖို့ ရှိ‌ပါတယ်။ AMG Version လည်း ဖြစ်တာကြောင့် Concept ကားသစ်အနေနဲ့ AMG.EA Architecture ပေါ်မှာ တည်ဆောက်ထားပြီး လာမယ့် ၂၀၂၅ အရောက်မှာ မာစီးဒီးက ချပြဖို့ စီစဉ်ထားတဲ့ လျှပ်စစ်ကားသစ် ၃ စီးထဲက တစ်စီးလည်း ဖြစ်ပါတယ်။ အဆိုပါ Architecture အသစ်ကိုတော့ လာမယ့် ၂၀၃၀ အမှီ ထုတ်လုပ်မယ့် ကုမ္ပဏီရဲ့ လျှပ်စစ်ကားတိုင်းမှာ အသုံး ပြုသွားမှာပါ။

                                                                     Photo Credit: MotorAuthority

အခု ကားကို မြင်ရတာကတော့ Aerodynamic ပိုင်း ပိုကောင်းအောင် အသားပေးထားတာကြောင့် ယခင် ၂၀၂၂ CES ပွဲကြီးမှာ မြင်တွေ့ခဲ့ရတဲ့ Mercedes Vision EQXX Concept ကိုတောင်ပြန်ပြောင်းသတိ ရနေစေပါတယ်။ AMG Vision ရဲ့ အတွင်းခန်း Cockpit ကတော့ အနောက်ဘက် နည်းနည်း ပိုရောက်နေ ပြီး Wheelbase တွေကိုလည်း Sport ဆန် ဆန် အရသာ ‌ရအောင်လို့ ပိုရှည် ပေးထားလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကားဘီးတွေ နဲ့ ကားရဲ့ ထောင့်ချိုး တွေ က တော် တော်နီးတဲ့ အသွင် ဖြစ်နေသလို Rear Spoiler နဲ့ Rear Diffuser တို့ကလည်း အနောက် မှာ အတော် လေး ခပ်ကြီးကြီး နေရာယူထား ပါတယ်။ တစ်ခြား ထူးခြားတာတွေ ကတော့ Mercedes ရဲ့ ထောင့် ၃ ချွန်နဲ့ ကြယ်ပုံစံ တံဆိပ်ကို အခု ကားရဲ့ Headlight နေရာတွေမှာ မြင်တွေ့ထားရပြီးပိုကြီးတဲ့ အဝိုင်းပုံစံ Taillight ၆ ခု ကိုလည်း အရောင် ခပ်တောက်တောက် ကြမ်းပြတော့မယ့် အသွင်နဲ့ အားဖြည့်ပေးထား ပါသေးတယ်။ သာမန်သုံးနေကျ Grille နေရာမှာ တော့ ကိုယ်ထည် အရောင်နဲ့ ထပ်တူကျတဲ့ Panel ကို အစားထိုးသုံးပေးထားပြီး လက်ရှိ AMG ကားတွေက Grille တွေရဲ့ မီးရောင်လေးတွေ ကိုတော့လည်း ပြန်ထည့် ပေးထားတာပါ။

                                                           Photo Credit: MotorAuthority

အခု Concept အသစ် ရဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေး ပေမယ့်လည်း Vision AMG ကတော့ ဝင်ရိုးမှာ တပ်ဆင်ထားမယ့် လျှပ်စစ်မော်တာတွေကို သုံးမယ်လို့ဆိုထားပြီး အဆိုပါ မော်တာတွေကို လည်း ကုမ္ပဏီက ပူးတွဲ ပိုင်ဆိုင်တဲ့ လုပ်ငန်းဖြစ်တဲ့ Yasa ဆီက ရမယ်လို့ ဆိုထားပါပြီ။ အဆိုပါ လျှပ်စစ် မော် တာတွေကတော့ သာမန်လျှပ်စစ် မော်တာတွေထက်စာရင် ပိုပြီးကျစ်ကျစ်လစ်လစ်နဲ့ လှလှပပထုတ်လုပ် လာနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ AMG တို့ကတော့ လျှပ်စစ်စွမ်းအင်နဲ့ ပတ်သက်လာရင် အတော် လေး အတွေ့အကြုံ ရှိထားပြီးသားဖြစ်ပါတယ်။ ၂၀၁၄ လောက် ကတည်းက 740 hp အထိရှိတဲ့ SLS AMG Electric Drive ကို ရေထဲမှာတင် စမ်းသပ်ခဲ့ဖူးသလို မကြာသေးခင် ကမှ လည်း Mercedes-Benz EQS ၊ EQE Sedans တွေ နဲ့ EQS SUV တွေရဲ့ ပိုပြီး အဆင့်မြှင့်တင်ပေးထားတဲ့ Version တွေကိုလည်း ထုတ် လုပ်ပေးထားခဲ့ သေးတာပါ။ ဒါကြောင့် လာမယ့် ၂၀၂၅ အရောက် မှာတော့ သူတို့ရဲ့ ပထမဆုံး AMG EV ကို ဘယ်လို ပုံစံမျိုးနဲ့ ထွက်ပေါ်လာဦးမလဲ ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာ ဖြစ်ပြီး Vision Concept ဆီက တစ်ချို့တစ်ချို့သော အရာတွေကိုလည်း ယူသုံးလာနိုင်မလားဆိုတာကိုပါ ခန့်မှန်း ကြည့်နေရတော့မှာ ပဲ ဖြစ်ပါတယ်။

Ref: MotorAuthority