Mercedes-Benz ကားသစ်တွေကို Tuning ပိုင်းအရ မျိုးစုံ ပြင်ဆင်အလှဆင် ပေးလာတဲ့ နေရာမှာတော့ Vansports တို့ကလည်း သက်တမ်းရင့်နေပြီဖြစ်ပြီး သူတို့ ဖန်တီးပေးခဲ့တဲ့ကားတွေထဲ Vito Citan Sprinter နဲ့ V-Class ကားတွေလည်း ပါဝင်ခဲ့တာပါ။ အခု ဆိုရင်တော့ ကုမ္ပဏီကနေ နောက်ထပ် V-Class V300d မာစီးဒီး ကားအတွက် ဒီဇယ် အင်ဂျင်ကားသစ်နဲ့အတူ အမြင်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ပါဝင်လာမယ့် Body Kit အသစ် တစ်ရပ်ကိုလည်း ထုတ်လုပ်ပေးလာခဲ့ပြီပဲ ဖြစ်ပါတယ်။ အဆိုပါ Body Kit အရတော့ ကားရဲ့ အရှေ့ဘက် Spoiler ပိုင်း ၊ ဘေးဘက် Skirts ‌တွေ နဲ့ Six-Piece အနောက်ဘက် Apron တွေ ပါဝင်လာမှာပဲ ဖြစ်ပါတယ်။ 

Photo Credit: AllAutoExperts

အခု ဒီဇိုင်းအသစ်ကို ပိုပြီး သိသိသာသာ ရှိလာစေဖို့အတွက် လက်မ ၂၀ အရွယ် ဘီးကြီးတွေကိုလည်း ထည့်သုံးပေးထားပြီး အဆိုပါ ဘီးကြီးတွေကိုမှ ET 45 High-Contrast အနက်ရောင် Aero အလွိုင်းလိုင်းလေးတွေ ကိုလည်း ထည့်ပေးထား တာတွေ့ရမှာပါ။ ဒါပေမယ့် အဆိုပါ Rim လိုင်းလေးတွေကို ပိုပြီး လှပအောင်လို့ နောက်ထပ် Polish ခပ်ပြောင်ပြောင်အရောင် Mistral Anthracite ဒီဇိုင်းကိုလည်း ‌ရွေးချယ်လို့ရအောင် စီစဉ်ပေးထားဦးမှာ ဖြစ်ပါတယ်။ ကားရဲ့ စွမ်းဆောင်ရည်ပိုင်းအတွက်ကိုလည်း ပြန်လည် ပြင်ဆင်ပေးထားတဲ့ Suspension စနစ်နဲ့အတူ မြှင့်တင်ပေးထားပြီး ကားရဲ့ အောက်ခြေအမြင့်ကိုလည်း ၁.၁၈ လက်မ လောက် အထိ နှိမ့်ပေးထားလိုက် ပါသေးတယ်။ 

Photo Credit: AllAutoExperts

ကုမ္ပဏီ ပြောကြားချက် အရတော့ အခုပုံစံ ပြောင်းပေးထားတဲ့ Suspension ပိုင်းက ကားကို မောင်းနှင်ရာမှာ ပိုပြီး သက်တောင့်သက်သာ ဖြစ်စေဖို့ အတွက် ရည်ရွယ်ထားတာ မဟုတ်ပဲ ပိုပြီး ကြည့်ကောင်းလှပစေမယ့် ဒီဇိုင်းအတွက် အဓိက ရည်ရွယ်ထားတာလို့ သိရပါတယ်။ လက်ရှိ Mercedes V-Class ကားမှာတော့ 2.0 Liter Twin-Turbocharged ဒီဇယ် အင်ဂျင်ကို အသုံးပြုပေးထားပြီး စွမ်းဆောင်ရည်အနေနဲ့ 237 hp နဲ့ 369 lb-ft Torque အထိ ရှိတာပဲ ဖြစ်ပါတယ်။ 

Ref: AllAutoExperts