Mercedes ကတော့ သူတို့ရဲ့ T-Class Van ကားအသစ် ကို ပြီခဲ့တဲ့ ၂၀၂၀ ကတည်းက စတင်ကာ အနည်း ငယ်လောက်လေး ချပြထားခဲ့တာ ဖြစ်ပါတယ်။ တစ်နှစ်အကြာမှာပဲ Concept EQT ဆိုတဲ့ လျှပ်စစ် စွမ်းအင် သုံး ကားအဖြစ် ပြောင်းလဲ ဖော်ပြခဲ့ပြီး အဆိုပါ ကားကို အခု ၂၀၂၂ ထဲမှာပဲ T-Class ကားအသစ်အနေနဲ့ ထုတ်ဖော်ပြသတော့မှာ ဖြစ်တယ်လို့ ဆိုလာပါတယ်။ တကယ်လည်း ကတိတည်ထားပြီး အခုလာမယ့် ဧပြီ လ ၂၆ ရက်နေ့မှာပဲ ကားသစ် ကိုတရားဝင် ကြေညာတော့မှာ ဖြစ်ကာ မကြေညာခင်မှာပဲ Teaser အသစ် တစ်ခုကို ချပြလာခဲ့ ပြန်ပါတယ်။ အခု တစ်ပုံတည်းသော ပုံရိပ်မှာတော့ ကားရဲ့ အရှေ့ဘက် ခေါင်းပိုင်းကိုပဲ မြင်ထားရတာဖြစ်ပြီး Mercedes ရဲ့ ရင်းနှီးပြီးသား Grille ပိုင်းကို မြင်နေရပါတယ်။ ဒါပေမယ့် ယခင်မြင်ခဲ့ရ တဲ့ Concept EQT ရဲ့ အရှေ့ဘက်နဲ့တော့ ကွဲပြားနေတာ ဖြစ်ပြီး Headlight တွေက ပိုပြီး ခေတ်မှီတဲ့ ဒီဇိုင်း တွေ ဖြစ်လာတာပါ။ Concept EQT နဲ့ မတူနိုင်ရခြင်း အကြောင်း ကတော့ All-Electric Concept အနေနဲ့ ပဲ ထားပြီး အခု T-Class အသစ် Lineup နဲ့ မရောချင်တဲ့ သဘောလည်း ဖြစ်နိုင် ပါတယ်။ အခု ကားသစ်ကို တော့ အမျိုးမျိုးသော အင်ဂျင်တွေနဲ့မိတ်ဆက်ပေးလာနိုင်ပြီး  Grille ကို ကြည့်ရတာနဲ့တင် ဓာတ်ဆီ အင်ဂျင် တွေကိုလည်း မိတ်ဆက်ပေးလာ ဦးမယ်ဆိုတာ သိသာပါတယ်။

Photo Credit: motor 1.com

အခု T-Class  အသစ် ကတော့ Mercedes Lineup ထဲမှာမှ Citan နဲ့ အတူတူ တစ်တန်းတည်း ပါလာမှာ ဖြစ်ပြီး Citan ကလည်း အခု လာမယ့် ၂၀၂၂ မော်ဒယ် အတွက်ကို ဒီဇိုင်းပိုင်း အပြောင်းအလဲတွေ များများ မိတ်ဆက်ပေးလာဖို့ ရှိနေတာပါ။ အဆိုပါ Citan အသစ်တွေကိုတော့ Daimler နဲ့ Renault တို့အကြား ပူးပေါင်းထားတဲ့ ရလဒ်‌အဖြစ် မြင်ရမှာဖြစ်ပြီးတော့ Renault Kangaroo အမျိုးအစားနဲ့လည်း အချို့အချက် တွေ အတော်လေး တူလာနိုင်ပါသေး တယ်။ ဒါပေမယ့်လည်း Mercedes တို့ကတော့ အဆိုပါ Citan ကား ကို ခရီးသည်တင် ကားအနေနဲ့လည်း ရနိုင်တယ် ဆိုပေမယ့် စီးပွားရေးလုပ်ငန်းသုံးအဖြစ်သာ ပိုပြီး ဦးစားပေး သတ်မှတ်ထားမှာပါ။

Photo Credit: motor 1.com

အခု T-Class အသစ် အတွက်တော့ ကုမ္ပဏီဘက်ကနေ လမ်းကြောင်းအသစ် ရွေးချယ်ချဉ်းကပ်ထားပြီး Van ကို ကြော်ငြာထားတဲ့ နေရာမှာလည်း တက်ကြွတဲ့ လူနေမှု ဘဝအတွက် အသုံးတည့်မယ့် ကားဆိုပြီး ဖော်ပြထားပါတယ်။ အထူးသဖြင့် အခုလို ဖော်ပြထားရခြင်းကတော့ T-Class ရဲ့ အမျိုးမျိုး ပြောင်းလဲနိုင်တဲ့ အတွင်းခန်းကို ထည့်ပေးထား နိုင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အနောက်ဘက် ထိုင်ခုံတွေကို လုံးဝ ခေါက်ချထားတာ ဒါမှမဟုတ် လုံးဝ ဖယ်ထုတ်ထားတာ မျိုးတွေနဲ့ ဖန်တီးနိုင်တဲ့ သဘောဖြစ်ကာ ကား ကိုလည်း ဘက်စုံသုံး ဖြစ်သွားစေနိုင်ပါတယ်။ နည်းပညာ အသစ်တွေ ၊ လုံခြုံရေး စနစ် အသစ်တွေနဲ့လည်း ပြည့်စုံလာမှာ သေချာတာကြောင့် ယခင် ကြိုမြင်ထားခဲ့ ရတဲ့ Concept EQT မှာ စိတ်ဝင်စားစရာ ခေတ် ရှေ့ပြေး နည်းပညာတွေ ဖော်ပြထားတယ်ဆိုရင် အခု T-Class အသစ် ကို ခံစားရင်း စောင့်ဆိုင်းရမယ့် သဘောပါပဲ။ အင်ဂျင် ပိုင်းတွေကတော့ ခန့်မှန်းဖို့ရာ ခက်ခဲနေသေးပြီး ဓာတ်ဆီနဲ့ ဒီဇယ် အင်ဂျင်တွေအပြင် Hybrid တွေလည်း ပါဝင်လာနိုင်ပါတယ်။ နောက်လထဲ ထုတ်ဖော် မိတ်ဆက်မယ့် ပွဲမှာ လည်း အဆိုပါ T-Class ကား ရဲ့ Range တစ်ခု လုံးကို ချပြမှာလား မသေချာသေးပဲ အမျိုးအစားကွဲ တစ်ချို့လောက် ပဲ ပြသလာနိုင်ပါတယ်။ ဒါပေမယ့် လျှပ်စစ်သီးသန့် EQT ကား ကိုတော့ နောက်ပိုင်းမှပဲ ဆက်လက်မိတ်ဆက် လာနိုင်တယ်လို့ ခန့်မှန်းရပြီး လတ်တလော မြင်ရတော့မယ့် T-Class ကားတွေကိုတော့ လာမယ့် ဧပြီလ ၂၆ ရက် မှာ စတင် ထုတ်ပြလာတော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com