ဥရောပ ကားဈေးကွက်ထဲမှာတော့ အပေါ့စား စီးပွားရေးလုပ်ငန်းသုံးယာဉ်တွေရဲ့ အရေးပါမှုက ပိုပိုပြီး သိသာ လာနေတာ နှစ်အနည်းငယ် ကြာမြင့်ခဲ့ပါပြီ။ အထူးသဖြင့် Renault ၊ Ford ၊ Volkswagen ၊ Peugeot နဲ့ Citroen တို့လို ကား ကုမ္ပဏီတွေကနေ စီးပွားရေးလုပ်ငန်းသုံး အပေါ့စားအနေနဲ့ရော မိသားစုစီးပါ အသုံးပြု နိုင်တဲ့ ကားတွေ အနေနဲ့ Trim Level အမျိုးမျိုးနဲ့ ထုတ်လုပ်ပေးနေခဲ့ပြီ ဖြစ်ပါတယ်။ အခုဆိုရင်လည်း All-New Renault Kangoo ရဲ့ Platform  အပေါ်မှာ အခြေခံ ဖန်တီးထားတဲ့ Mercedes-Benz T-Class ကားသစ်ကိုဈေးကွက်ထဲ စတင်ချပြလာ ခဲ့ပါပြီ။ Renault ကတော့ အဆိုပါ ကား Platform အသစ်ကို Kangoo အသစ်နဲ့ Express အသစ်တို့ဆိုပြီး ခေတ်မှီ ဆန်းသစ်တဲ့ အသွင်သစ်ကားတွေအဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀၂၀ ကတည်းက ပွဲထုတ်ထားခဲ့တာ ဖြစ်ပါတယ်။ အခု ဆိုရင်တော့ T-Class အသစ်ကလည်း အဆိုပါ Platform အတိုင်းကို ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် အခုထွက်လာတဲ့ Mercedes T-Class က Renault ရဲ့ Kangoo ကားထက်စာရင် ပိုပြီးလည်း ဇိမ်ကျကျ ဖြစ်လာသလို ၊ ပိုပြီးလည်း ဈေးကြီးလာပါပြီ။ အမြင်ပိုင်း အရ ကြည့်မယ် ဆိုရင်တော့ အဆိုပါ ကားနှစ်စီး အကြားမှာ ဘေးဘက်က အဓိကတူနေတာတွေ့ရပြီး အခုမာစီးဒီးအသစ် မှာကတော့ အရှေ့ဘက် Fascia အပြောင်းအလဲနဲ့ အတူ ဘီးဒီဇိုင်း မတူညီမှုတွေနဲ့ အရောင် မတူညီမှုတွေကိုလည်း ပြုလုပ်ပေးလာ ပါတယ်။ ဥရောပ ရဲ့ အဆိုပါ Compact ကား တန်းတွေက များသောအားဖြင့် Three-Cylinder ကားတွေ အနေနဲ့ပဲ လာတယ် ဆိုပေမယ့် အခု T-Class ကတော့ အခြေခံ အင်ဂျင်အနေနဲ့တင် 1.5 Liter Four-Cylinder Turbocharged Engine ကို တပ်ဆင်ထားခဲ့ပြီး 95 hp အထိ စွမ်းဆောင် နိုင်ပါတယ်။ ပိုစွမ်း ဆောင်ရည် ကောင်းမယ့် ဒီဇယ် အင်ဂျင် အနေနဲ့ ဆိုရင်တော့ 116 hp အထိ ရှိပါတယ်။ ဒါတင်မကသေးပဲ ဂတ်စ် အင်ဂျင် ၂ မျိုး ကိုလည်း ရွေးချယ်လို့ ရသေးပြီး 102 hp နဲ့ 131 hp တို့အထိ စွမ်းဆောင်ရည် အသီးသီး ရှိနေတာ ဖြစ်ပါတယ်။ ဒီဇယ်အင်ဂျင် ၂ မျိုး အနေနဲ့ကတော့ ပိုစွမ်းဆောင်ရည်ကောင်းစေဖို့အတွက် Seven-Speed Dual-Clutch Transmission ကို ရွေးချယ်နိုင်သေးပြီး နဂိုပါလာမယ့် ဂီယာအနေနဲ့ ကတော့ Six-Speed Manual ဂီယာပဲ ဖြစ်ပါတယ်။ အခု ကားရဲ့ နောက်ထပ် Update အသစ်မှာ ဆိုရင်တော့ လျှပ်စစ် စွမ်းအင် သီးသန့် ကား တစ်စီး ထပ်ပြီး ပေါင်းထည့်ပေးလာဦးမယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

ကားမှာတော့ ပုံမှန် အနေနဲ့ ၇ လက်မ အရွယ် Touchscreen Display ကို စမတ်ဖုန်းနဲ့ ပေါင်းစပ် အသုံးပြု နိုင်အောင် ထည့်သွင်း ပေးထားပြီး လုပ်ဆောင်ချက်မျိုးစုံ တစ်ပါတည်း ထည့်ပေးထားတဲ့ စတီယာတိုင် ၊ သော့မလို တော့တဲ့ Function နဲ့ အတွင်းခန်း LED Lighting တွေနဲ့အတူ သိသိသာသာ အဆင့်မြင့်လာပြီ ဖြစ်ပါတယ်။ Style နဲ့ Progressive ဆိုတဲ့ Line ၂ မျိုးကိုလည်း ရွေးချယ်နိုင်မှာ ဖြစ်ပြီး အထူးသဖြင့်တော့ အတွင်းခန်း အပြင်ပိုင်းဒီဇိုင်း တွေ သိသိသာသာ ကွဲပြားနေစေမှာလည်း ဖြစ်ပါတယ်။ Trim Level မခွဲသေး ပဲ နဂိုမူလ Version မှာတင် Airbag ၇ လုံး အထိ ထည့်ပေးထားပါသေးတယ်။ အဆိုပါ ကားသစ် ကိုတော့ မကြာခင် မှာပဲ အရောင်းဈေးကွက် စတင်လာနိုင်ပြီး $ 32,000 လောက်တော့ ဈေးရှိလာ နိုင်ပါတယ်။ Base Model ဖြစ်တဲ့ T 160 ကားကတော့ 1.3 Liter Gas Engine ၊ Manual ဂီယာ တို့နဲ့ အတူ ထွက်ပေါ်လာမှာ ဖြစ်ပြီး ပုံမှန်အားဖြင့်တော့ အခု Platform နဲ့ ထွက်ခဲ့တဲ့ယခင် Renault Kangoo ဆိုရင် $ 21,357 လောက် ဈေးပေါက် နေတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com