Mercedes တို့ အနေနဲ့ နည်းပညာ အသစ်တွေ ပါဝင်လာတဲ့မျိုးဆက်သစ် အတွင်းခန်း Infotainment စနစ်ကိုတော့ E-Class ကားသစ်နဲ့အတူ စတင်ပြသလာ ခဲ့ပါတယ်။ နည်းပညာ အသစ်တွေ အပြင် Screen ၃ ခု ပါဝင်လာပြီး အတွင်းခန်း အတွက် သီးသန့် ကင်မရာတွေ ၊ Tik Tok ၊ Angry Birds စတဲ့ ဖျော်ဖြေရေး ပိုင်း Apps တွေကိုပါ သုံးလို့ ရမယ့်စနစ်ကို မိတ်ဆက်လာတာ ဖြစ်ပါတယ်။ Mercedes-Benz Operating System (MB.OS) လို့ အမည် ပေးထားတဲ့ အဆို ပါ Architecture အသစ် ကတော့နောက်ပိုင်း ထွက်လာမယ့် မာစီးဒီး ကားသစ်တွေ တိုင်းမှာ ပါဝင် လာဖို့ ရှိနေပါတယ်။ Mercedes ကိုယ်တိုင် ဖန်တီးထားတဲ့ အဆိုပါ စနစ်ကိုတော့ MMA Platform နဲ့ ထုတ်လုပ်လာမယ့် မာစီးဒီးကားတွေမှာ စတင် ထည့်သုံးပေးလာဖို့ ရှိနေပြီး အလိုအလျောက်မောင်းစနစ် ၊ ဇိမ်ခံ အရသာ ပိုင်းနဲ့ အားသွင်းစနစ် ‌စတာတွေ အထိကို အစုံအလင် ပါဝင်လာပါလိမ့်မယ်။

Photo Credit: motor 1.com

အခု Infotainment စနစ်သစ်မှာ ပူးပေါင်းပါဝင်ထားတဲ့ ကုမ္ပဏီ တွေထဲက တစ်ခုကတော့ Nvidia ဖြစ်ပြီး ဆော့ဖ်ဝဲ ပိုင်း၊ အချက်အလက် ပိုင်းတွေကို  ထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။ AI. Luminar ကလည်း စနစ်နဲ့ Sensors တွေ  LiDAR စနစ်တွေကို ကောင်းကောင်း ပံ့ပိုးပေးထားမှာ ဖြစ်ပြီး Google ကတော့ ကားရဲ့ မျိုးဆက်သစ် လမ်းညွှန် စနစ် အတွက် အဓိက ‌ကူညီပေးထား ပါတယ်။ ဒါကြောင့် Google ရဲ့ နည်းပညာသစ်နဲ့ အတူ Mercedes ဟာ သူတို့ရဲ့ ကိုယ်ပိုင် လမ်းညွှန်စနစ်ကို အသုံးပြုသွားတော့မှာ ဖြစ်တဲ့အပြင် YouTube လိုမျိုး ဖျော်ဖြေရေး Application တွေကိုလည်း သေချာအသုံးပြုနိုင် ပါလိမ့်မယ်။

Photo Credit: motor 1.com

ကားအတွင်း ဂိမ်းပိုင်းတွေကလည်း နောက်ပိုင်းမှာ နာမည်ရလာတာကြောင့် မာစီးဒီး အနေနဲ့ မျိုးဆက်သစ် Infotainment စနစ်ထဲမှာ Antstream တို့လိုမျိုး Arcade Game တွေလည်း ဆော့လို့ရအောင် ထည့်ပေးထား ပါလိမ့်မယ်။ အခု E-Class ကားသစ် တွေမှာလည်း Webex နဲ့ Zoom တို့လို အွန်လိုင်း Video Conference အစည်း အဝေး နည်းပညာတွေကိုလည်း ထည့်သွင်း ပေးထားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ် ကားဈေးကွက် အတွက် ကိုဆိုရင် Tencent ရဲ့ Content တွေကိုပါ သီးသန့်ပြပေး နိုင်အောင် စီစဉ်ထားမှာ ဖြစ်ပြီး Nvidia ရဲ့ အကူအညီရဲ့ Level 2 နဲ့ Level 3 အဆင့် မောင်းသူမဲ့ စနစ်တွေကိုပါ ရအောင် ထည့်ပေးထား ပါလိမ့်မယ်။ နောက်ပိုင်းမှာလည်း Over-The-Air Update  အသစ်တွေလည်း နောက်ပိုင်းဆက်တိုက် ရရှိလာမှာ ဖြစ်ပါတယ်။ အဆိုပါ MB.OS စနစ် မတိုင်ခင် မှာတော့ တတိယမြောက် မျိုးဆက် MBUX စနစ်ကို အရင်ဆုံး ထုတ်ပေးလာမှာ ဖြစ်ပြီး အခုဖော်ပြခဲ့တဲ့ လုပ်ဆောင်ချက် တွေထဲက တစ်ချို့ကိုပါ စမြင်လာရဖို့ ရှိပါတယ်။ အခု MBUX Infotainment စနစ်သစ်မှာ ဆိုရင် Android အသုံးပြုသူတွေအတွက် ပိုအဆင်ပြေစေမယ့် Apps တွေကို လည်း ပိုသုံး ခွင့်ပေးလာခဲ့ပြီ ဖြစ်ပါတယ်။

Ref: motor 1.com