ကမ္ဘာပေါ်က လူဦးရေအထူထပ်ဆုံးသော တိုင်းပြည်တစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာတော့ လူချမ်းသာတွေလည်း အတော်လေးများပါတယ်။ နိုင်ငံတွင်းက လူချမ်းသာတွေကတော့ သူတို့ရဲ့ ကြွယ်ဝချမ်းသာမှု အတွက် ခေတ်ဟောင်း တန်ဖိုးကြီး ဇိမ်ခံ ပစ္စည်း တွေကို စုဆောင်း သုံးစွဲ ပြလေ့လည်း ရှိကြ ပြန်ပါတယ်။ ကားတွေနဲ့ ပတ်သက်လာရင်လည်း အခြား နိုင်ငံက နာမည်ကြီးကားတွေကို ဝယ်ယူကြတဲ့အစား Made In India ဆို တာကိုပဲ ပိုအလေးထားကြပြီး ပြည်တွင်းမှာတင် ကမ္ဘာကျော် ကားတွေကို တကူးတက ထုတ်လုပ်ဝယ်ယူ တာမျိုးပဲ ပိုလုပ်လေ့ရှိကြတာပါ။ အခုဆိုရင် တော့ အဆိုပါ ကားတွေထဲ Mayback S-Class လည်း ပါဝင် လာခဲ့ပါပြီ။ Mercedes-Maybach S-Class ကား ကတော့ လက်ရှိ မှာ အကောင်းဆုံးသော ဇိမ်ခံ ကားတစ် စီး အဖြစ် သတ်မှတ်လို့ရနေကာ အဆိုပါ ကားကိုတော့ အထူးထုတ်ပြီး အိန္ဒိယရဲ့ ဇိမ်ခံရွက်လှေသုံးစီး အထိ ပိုင်ဆိုင်တဲ့ သန်းကြွယ် သူဌေးတစ်ဦးဖြစ်သူ Kim Kardashian က ဝယ်ယူဖို့ ဖြစ်လာခဲ့ ပါတယ်။ အခု အိန္ဒိယမှာ တကူးတက ထုတ်လုပ်ထားတဲ့ Mercedes-Maybach S-Class ကား ကိုတော့ S 680 4 Matic နဲ့ S 580 4 Matic တို့ ဆိုပြီး ၂ မျိုး ဖန်တီး ပေးထားပါတယ်။

Photo Credit: CARBUZZ

အဓိကအပြင် ပိုင်းမှာတင် အတော်လေး ကောင်းမွန်လှပတဲ့ ဒီဇိုင်းတွေကို စမြင်ရတာ ဖြစ်ပြီး ကားစက်ဖုံးမှာ တင်ပဲ Chrome Fin လေးတွေ ထည့်သွင်းပေးထားကာ Maybach ရဲ့ Radiator Grille ကလည်း 3D Trim လေးတွေနဲ့ လှလှပပ ပေါင်းစပ် ပေးထားပါတယ်။ Maybach S-Class ကား အနေနဲ့ ကတော့ ၁၉ လက်မ အရွယ် ကားဘီး တွေနဲ့ အတူ နှစ်ရောင်စပ် အရောင်တွေ အဖြစ် ရွေးချယ်စရာ ထည့်သွင်းပေးထား ပါတယ်။ အတွင်းခန်းကလည်း အံ့အားသင့်စရာ ကောင်းလောက်အောင်ပဲ ကြယ် ၅ ပွင့် ဟိုတယ်ထက် တောင် ဇိမ်ကျစရာ ကောင်းလွန်းနေပြီး ထိုင်ခုံတွေမှာ ဆိုရင်လည်း လည်ပင်းနဲ့ ပုခုံးတွေအထိ နွေးနေအောင် ထားပေးနိုင်မယ့် လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။ ဒါ့အပြင် အနှိပ်ဝန်ဆောင်မှုတွေနဲ့ Adaptive အတွင်းခန်း Ambient Lighting တွေကိုလည်း ထည့်သွင်း ပေးထား သေးကာ နောက်ဆုံးပေါ် NTG7 MBUX Infotainment System ကလည်း အတော်လေးကို ကောင်းမွန်လို့ နေပါတယ်။ အဆိုပါ စနစ်ကိုမှ ပိုပြီးပြည့်စုံ စေမယ့် Display ၅ မျိုး နဲ့အတူ အဆင့်မြင့် အသံနဲ့ထိန်းချုပ်တဲ့စနစ် Hey Mercedes! ကလည်း တကယ့်ကို ဇိမ်ခံကားနဲ့ လိုက်ဖက်လွန်းလို့ နေပါတော့တယ်။ ယာဉ်မောင်း အကူ နည်းပညာတွေအနေနဲ့ ဆိုရင်တော့ 2022 Mercedes-Maybach S-Class မှာ ပါဝင်ထားတဲ့ အလိုအလျောက် မောင်းသူမဲ့ စနစ် တွေ အပြင် Evasive စတီယာတိုင်လို့ ခေါ်တဲ့ အဆင့်မြင် ထိန်းချုပ်စနစ်နဲ့ Active Brake စနစ်တို့ကို ယာဉ် တိုက်မှု မဖြစ်ရလေ အောင် ထည့်သွင်း ပေးထားသေးတာ တွေ့ရပါတယ်။

Photo Credit: CARBUZZ

အခု အိန္ဒိယ ကားသစ်မှာ ဆိုရင်တော့ အင်ဂျင်အနေနဲ့ ရွေးချယ် စရာ ၂ မျိုး အထိကို ရမှာ ဖြစ်ပါတယ်။ S 580 4 Matic ကားမှာ ဆိုရင်တော့ 496 hp နဲ့ 516 lb-ft Torque အထိကို စွမ်းဆောင်နိုင်တဲ့ 4.0 Liter Turbocharged V8 အင်ဂျင်သုံးပေးထားမှာဖြစ်ပြီး တစ်နာရီ မိုင် ၆၀ နှုန်းအရှိန်တင်ဖို့ကို ၄.၇ စက္ကန့်အတွင်း ရရှိ နိုင်မှာပါ။ ဒါ့အပြင် ကားရဲ့ အမြင့် ဆုံး မြန်နှုန်းကလည်း ၁၅၅ မိုင် အထိကို မောင်းနှင် နိုင်ပါလိမ့်မယ်။ နောက်တစ်စီး ဖြစ်တဲ့ S 680 4Matic ကားမှာ ဆိုရင်တော့ ပိုကြီးတဲ့ 6.0 Liter V12 Engine ကို တပ်ဆင် ပေးထားပြီး 621 hp နဲ့ 664 lb-ft Torque အထိကို ရှိနေကာ တစ်နာရီ မိုင် ၆၀ အထိ အရှိန်ကို ၄.၄ စက္ကန့် အတွင်းတင် တင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကံမကောင်းတာကတော့ အဆိုပါ S 680 အမျိုးအစားက ၂၀၂၃ အတွက်တောင် ရောင်းကုန်သွားခဲ့ပြီ ဖြစ်ပြီး တကယ့်ကို ဇိမ်ခံအတိုင်း လိုချင် ပါသေးတယ် ဆိုသူတွေက တော့ V 8 Engine သုံး နောက်တစ်စီးကိုပဲ ရနိုင်ပါတော့မယ်။ အဆိုပါ India ထုတ် ကားတွေ အဖို့ကတော့ S 580 ကို Rs 2.50 Crores ($327,000) နဲ့ S 680 ကို Rs 3.20 Crores ($420,000) လောက် အထိ ကျသင့်မှာပဲ ဖြစ်ပါတယ်။ Mercedes-Maybach S-Class ဆိုတာကတော့ ခေတ်အမှီဆုံး အဆင့်အမြင့်ဆုံး နည်းပညာတွေနဲ့ India အတွက် အကောင်းဆုံး ကားသစ်တစ်စီး ဖြစ်ပြီး အဆင့်မြင့် ကားတွေကိုချည်း သီးသန့် အားပေးကြတဲ့ သူတွေအဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့လည်း Mercedes-Benz India ရဲ့ MD နဲ့ CEO ဖြစ်သူ Martin Schwenk က ဆိုထားတာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com