Mansory Tuning ကုမ္ပဏီကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်တုန်းကမှ ဒီဇိုင်းပိုင်းရော စွမ်းဆောင်ရည်ပါ ပြောင်းလဲထားတဲ့ Mercedes-Maybach GLS SUV ကို ချပြခဲ့ပြီး အခုဆိုရင်လည်း Mercedes-Maybach S-Class ကိုပါ အသစ် ဖန်တီးပြလိုက် ပြန်ပါပြီ။ အဆိုပါ ဇိမ်ခံကားသစ် အတွက်ကတော့ တစ်စီးလုံးစာကို Mansory ရဲ့ လက်ရာတွေနဲ့ ပြင်ဆင်လိုက်တာ ဖြစ်ပြီး S 580 အတွက်ရော S 680 အမျိုးအစားတွေ အတွက်ပါ စွမ်းဆောင်ရည်တွေအထိ မြှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။ အခု အပြင်အဆင်မှာတော့ ဒီဇိုင်းကို ပိုကြွတက်စေမယ့် ကာဗွန်အရသာ လေးတွေကို ကားမှာ ပိုထည့်ထားပေးပြီး အရှေ့ဘက် Lip ၊ Air Intake တွေ ၊ အမိုးပိုင်းနဲ့ Trunk Spoiler တို့ အပြင်ဘေးဘက် Sills တွေ အကုန် လုံး အတွက်ကိုပါ ပေါ့ပါးလွန်းတဲ့ သတ္တုတွေနဲ့ပဲ ပြန်လည်မွမ်းမံ ပေးထားလိုက်တာ ဖြစ်ပါတယ်။ အနောက်ဘက် Diffuser အတွက်ကိုပါ Carbon တွေပဲ သုံးပေးထားပြီး အလယ်က ဘရိတ်မီး ပါတာပဲ ဖြစ်ဖြစ် မပါတာ ပဲ ဖြစ်ဖြစ် ရွေးလို့ရမယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုလို အပြင်အဆင်တွေနဲ့ ကားရဲ့ မူလဒီဇိုင်းကို ပျောက်ပျက် မသွားစေပါဘူး ဆိုပြီးလည်း Mansory က ဆိုထားပါတယ်။

Photo Credit: motor 1.com

အခု Mercedes-Maybach S-Class Mansory Version ကိုတော့ V 6 Engine ဒါ မှမဟုတ် FS.23 High-Gloss ဘီးတွေ နဲ့ တွဲဖက် ပေးထားပါတယ်။ ဒီဇိုင်းပိုင်းထက် ပိုတဲ့ အပြင်အဆင်တွေကို ဒီကားမှာ ဖန်တီးပေးထားတာ ဖြစ်ပြီး S 580 ရော S 680  ရောတို့မှာပါ Mansory ရဲ့ Performance PowerBox ECU အပြင် Four-Pipe အိတ်ဇော ၄ လုံး တပ်စနစ် တို့ကိုပါ အပို ထည့်ပေးထားလိုက်တာ ဖြစ်ပါတယ်။ S 580 ကားမှာဆိုရင် Twin-Turbocharged 4.0 Liter V 8 Engine သုံးထားပြီး S 680 မှာတော့ ပိုကြမ်းတဲ့ V12 Twin-Turbocharged 6.0 Engine ကို သုံးပေးထားလိုက်ပါတယ်။ စွမ်းဆောင်ရည်တွေ အနေနဲ့ကတော့ S 580 မှာဆိုရင် 600 hp နဲ့ 604 lb-ft Torque အထိ စွမ်းဆောင်ထားနိုင်ပြီး သာမန် ကားတုန်းကထက် 97 hp နဲ့ 88 lb-ft Torque အထိကို တိုးလာတာ တွေ့ရပါတယ်။ S 680 ကားမှာတော့ ယခင် ထက် 108 hp နဲ့ 73 lb-ft Torque အထိကို တိုးလာခဲ့ကာ 720 hp နဲ့ 737 lb-ft Torque အထိကို ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အတွင်းခန်းပိုင်း အဆင့်မြှင့်တင် ဖန်တီးမှုတွေကိုတော့ Mansory က ဝယ်သူတွေ စိတ်ကြိုက် ရွေးချယ်နိုင်အောင် ပြင်ဆင်ပေးထားပါတယ်။ အသုံးပြုထားမယ့် သတ္တုပိုင်းတွေ ၊ ကာဗွန်ပမာဏတွေ၊ အလူမီနီယံ သတ္တုတွေနဲ့ လယ်သာ စတီယာတိုင်တွေအပြင် များစွာသော အသေးစိတ် အပြင်အဆင်တွေကို စိတ်ကြိုက် ရွေးဝယ်နိုင်မှာပါ။ ဒါ့အပြင် ပိုပြီး ကောင်းတဲ့ Mansory အမှတ်တံဆိပ်လေးတွေ ကိုလည်း သီးသန့်ဝယ်ထည့် နိုင်ပါတယ်။ ဒါကြောင့် အခု Mercedes- Maybach S-Class ကိုမှ Mansory တို့က ပြောင်းလဲ ပေးလိုက်တာဟာ တစ်စီးလုံး အပြောင်းအလဲ ဖြစ်ပေမယ့်လည်း မူလ အရသာကနေ ကွဲထွက်ရုပ်ဆိုး သွားတာမျိုး မရှိခဲ့ဘူးလို့ ဆိုရမှာပါ။ အပြင်ဘက်ပိုင်းကို နူးနူးညံ့ညံ့ သာသာ ယာယာလေးပဲ မသိမသာ ပိုကောင်းအောင် ပြုပြင်ပေးခဲ့ပြီး စွမ်းဆောင်ရည်ပိုင်းကိုတော့ တစ်ခြား ကားတွေနဲ့ ကွဲထွက် နေအောင်ကို သေချာပြင်ဆင်ပေးနိုင် ခဲ့တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

(18) ပိုက်ဆံရှိတောင်ဝယ်လိုမရတဲ့ အလန်းစားကားတွေအကြောင်း – YouTube