Mercedes-Benz ရဲ့ E-Class ကားအသစ် ကိုတော့မဝေးတော့တဲ့ အနာဂါတ်မှာ မြင်တွေ့လာရဖို့ ရှိနေပြီး တစ်ချို့ သော Spy Shots တွေအရ ဆိုရင်လည်း အဆိုပါ ကားသစ်က ထုတ်လုပ်ဖို့ အတွက် အဆင်သင့် ဖြစ်လာတဲ့ အသွင်ထိကို မြင်နေရပါတယ်။ ဒါပေမယ့်လည်း လက်ရှိမျိုးဆက် Mercedes-Benz E-Class ကိုယ်တိုင်ကိုကပါ ပြိုင်ဆိုင်မှု ကောင်းကောင်း ပေးနိုင်သေးတဲ့ ကားကောင်းတစ်စီးအဖြစ် မြင်နေရဆဲဖြစ်ကာ သက်တောင့်သက်သာ ရှိလွန်းတဲ့ ဇိမ်ခံ ကားကောင်း တစ်စီးအဖြစ် BMW 5 Series တွေအတွက် ပြိုင်ဘက် ကောင်းဖြစ်နေဆဲပါ။ အခုတော့ အဆိုပါ လက်ရှိ မျိုးဆက် ကားတစ်ချို့အတွက် စိတ်ပျက်စရာ အနှောက်အ ယှက်တစ်ချို့ ကြုံလာရပြီ ဖြစ်ပါတယ်။ အဲ့ဒါကတော့ အဓိက အိမ်ရှင်ဈေးကွက်ဖြစ်တဲ့ ဂျာမနီ ကားဈေးကွက် ထဲမှာ အဆိုပါ ကားသစ်မှာယူမှု အမှာစာတွေကို ကုမ္ပဏီဘက်က လက်မခံတော့တာပါပဲ။

Photo Credit: CARBUZZ

အကြောင်းကတော့ ကားသစ်ထုတ်လုပ်မှုတိုင်းနီးပါးကြုံတွေ့နေရတဲ့ Semiconductor Chip ပြားပြတ်လပ် မှု ပြဿနာ ကြောင့်ပါပဲ။ Mercedes အတွက် ရောင်းအား အကောင်းဆုံး ကားတွေထဲ တစ်မျိုး အပါအဝင် ဖြစ်တဲ့ အခု ကားရဲ့ ဝယ်လိုအား မြင့်တက်မှုတွေကို ကုမ္ပဏီနဲ့ အခု ပြဿနာရပ် အကြားမထိန်းနိုင်တော့တဲ့ အနေအထား ဖြစ်လာ ရပါတယ်။ ဒါပေမယ့် အသစ်ထွက်လာမယ့် E-Class တွေရယ် လက်ရှိ E-Class Wagon တွေအတွက် ရယ်ကိုတော့ အမှာစာတွေ လက်ခံ ထားပါသေးတယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောကြား ခဲ့ပါတယ်။ အဓိကကတော့ All New W 214 E-Class အသစ် တွေဟာ ဆိုရင်လာမယ့် နှစ်လောက်မှသာ ရောင်းချမှာ ဖြစ်တာကြောင့် ဒီတစ်နှစ်ထဲမှာ ပဲ အခု ပြဿနာပြေလည်သွားနိုင်ဖို့ အတွက် မျှော်လင့်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ W213 ကားတွေ အတွက်ကိုပါ တစ်နှစ်လောက် အထိ တော့ အဆင်ပြေဦးမယ်လို့ ယူဆခဲ့ကြပေမယ့်လည်း အခုတော့ အမှာစာ ရပ်လိုက်ရပြီ ဆိုတာကြောင့် မသေ ချာတဲ့ အနာဂါတ်တော့ ကြုံလာရပြီ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ဒါပေမယ့် လက်ရှိ အနေအထား အရတော့ အခုလိုမျိုး အမှာစာ ရပ်နားရတာတွေကို ဂျာမနီ ဈေးကွက်ထဲမှာ တင် ပြီးသွားဖို့ မျှော်လင့်ရပါတယ်။ ဒီသတင်းနဲ့ တစ်ဆက်တည်းမှာပဲ ပြီးခဲ့တဲ့ ၂၀၂၁ အတွက် မာစီးဒီးရဲ့ တစ် ကမ္ဘာလုံး ဆိုင်ရာ ‌ဈေးကွက်တွေဆီ ကားတင်ပို့မှုက ၅ ရာခိုင်နှုန်းလောက်အထိ ကိုကျဆင်းသွားခဲ့ ရတယ် လို့  သတင်းတွေထွက်လာခဲ့ပြန်ပါတယ်။ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလ တုန်းကလည်း Daimler AG ရဲ့ CEO ဖြစ်သူက အခု ပြဿနာဟာ လာမယ့် ၂၀၂၃ လောက် အထိ ဆက်ဖြစ်နေနိုင်တယ်လို့ဆိုထား ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် တွေထဲကပဲ G- Class SUV တွေကိုလည်း ဥရောပ ဈေးကွက်မှာ အမှာစာ ရပ်တန့် လိုက်ရတာဖြစ်ပြီး အသစ်စက်စက်ကိုမှ လိုချင်တဲ့ သူတွေအတွက်တော့ လာမယ့် ၂၀၂၄ လောက် အထိ စောင့်ဆိုင်းရဦးမှာပါ။ အခုတစ်ခေါက်ရပ်နားလိုက်ရတဲ့  E-Class ကား‌တွကိုတော့ အမေရိကဈေးကွက်အထိ တင်သွင်းမှုမရှိပဲ မကြာမှီမှာပဲ အခု ပြဿနာပြေလည်ကာ မြန်မြန် ဆန်ဆန် ပြန်လည်ထုတ်လုပ် လာနိုင်ဖို့ မျှော်လင့်ရပါတယ်။

Ref: carbuzz.cocm