လျှပ်စစ် စွမ်းအင်သုံး C-Class ကားလို့ လူသိများထားတဲ့ Mercedes-Benz EQC Sedan ကားကတော့ Surprise ကားသစ် တစ်စီးအနေနဲ့ ပြီးခဲ့တဲ့ နှစ် နှစ်လောက် အတွင်း သတင်းတွေ ထွက်ခဲ့ရပြီး မကြာမီတော့ နဖူးတွေ့ ဒူးတွေ့ မြင်ရလောက် ပါတယ်။ မာစီးဒီး တို့ကလည်း အဆိုပါ ကား အပါအဝင် အနာဂါတ် လျှပ်စစ် ကားသစ် ၇ မျိုး ကို ၂၀၁၉ ကတည်းက မိတ်ဆက် ပေးထားခဲ့တာပါ။ အခု ၂၀၂၂ အရောက်မှာ ဆိုရင်တော့ ကုမ္ပဏီကနေ နောက်ထပ် လျှပ်စစ် Concept ကားတစ်စီးဖြစ်တဲ့ Mercedes Vision EQXX ကို အခုလ အစပိုင်းမှာ ချပြခဲ့ပါသေးတယ်။ သေချာတာ ကတော့ ကားရဲ့ အရွယ်အစားတွေ ကို နှိုင်းယှဉ် ခန့်မှန်း ကြည့်ရ မယ် ဆိုရင် ‌EQXX Concept ဟာ အနာဂါတ် Electric C-Class ကားသစ်တွေရဲ့အစ ဖြစ်လာနိုင် လိမ့်မယ် လို့ ယူဆရပါတယ်။ အခု ဆိုရင်တော့ EQXX အပေါ် အခြေခံ ထားတဲ့ အနာဂါတ် C-Class ကားသစ်ရဲ့ ပုံ ကြမ်းကို ဖန်တီး ကြည့်လာကြပါပြီ။

Photo Credit: motor 1.com

တကယ်တော့ မြင်ခဲ့ရတဲ့ Vision EQXX Concept ကားကတော့ Compact Sedan တစ်မျိုးဖြစ်ပြီး ၁၈၂.၃ လက်မ အရှည်ရှိကာ Wheelbase အနေနဲ့ကတော့ ၁၁၀.၂ လက်မ အထိ ရှိနေတာပါ။ လက်ရှိ မာစီးဒီး C Class တွေကို ပြန်ကြည့်မယ်ဆိုရင်တော့ အရှည် ၁၈၇ လက်မနဲ့ Wheelbase ၁၁၂.၈ လက်မ တို့အထိ ရှိနေ တာကို တွေ့ရပါတယ်။ မာစီးဒီး က အဆိုပါ EQXX ကားကို စတင် ချပြခဲ့တုန်းကတော့ စွမ်းဆောင်ရည် ကောင်း ကားတစ်စီးအဖြစ် ဖော်ပြခဲ့ပြီး ဘက်ထရီ ပမာဏ မသိရသေးပေမယ့်လည်း Range အနေနဲ့ က တော့ ၆၂၁ မိုင် အထိ ရှိထား ပါတယ်။ အဆိုပါ စွမ်းဆောင်ရည် ရဲ့ အဓိက အကျိုး သက်ရောက်မှု တစ်ခု က တော့ ကားရဲ့ ၃.၈၅၈ ပေါင်ပဲ ရှိတဲ့ ပေါ့ပါးတဲ့ကိုယ်ထည် ကြောင့် ဖြစ်ပါတယ်။ နောက်တစ်ချက် ကောင်းမွန် တာကတော့ Aerodynamic Efficiency ကြောင့်ဖြစ်ပြီး Drag Coefficient ပမာဏဆိုရင်လည်း 0.17 ပဲ ရှိတဲ့ အထိ ကောင်းမွန် နေခဲ့တာပါ။ ဒါ့အပြင် ကားရဲ့ ဘီးအဖုံးတွေနဲ့ ပတ်သက်လို့လည်း ပိုကောင်းတဲ့ ခံနိုင် ရည် စွမ်းဆောင်မှု ကောင်းတွေ ရရှိအောင် ကုမ္ပဏီအနေနဲ့ Bridgestone နဲ့ပါ ပူးပေါင်းနေတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

လက်ရှိ ခန့်မှန်းချက်တွေ အတော်များများ ကတော့ မာစီးဒီးရဲ့ အသစ်ထွက်ပေါ်လာမယ့် C-Class လျှပ်စစ် ကားသစ် တွေက မြင်ခဲ့ရပြီးတဲ့ Vision EQXX ရဲ့ ဒီဇိုင်း အပေါ် အခြေခံလိမ့်မယ် လို့ဆိုထားတာကြောင့် တကယ်သာ အခု အတိုင်းဖြစ်လာခဲ့ရင် သိပ်တော့ အံ့အားသင့်စရာ ရှိတော့မှာ မဟုတ်ပါဘူး။  မျိုးဆက်သစ် EQC Crossover တွေနဲ့ အတူ အခု C-Class EV Sedan ကားတွေ အကုန်လုံးကို အမေရိက ဈေးကွက် အထိ ထိုးဖောက်မှာ ဖြစ်ပြီး ကားတွေ ကိုတော့ လာမယ့် ၂၀၂၅ လောက်မှာ မှ တရားဝင်မိတ်ဆက်ဖို့ စီစဉ် ထားတာကြောင့် အတော်လေး စောင့်ဆိုင်းရဦးမှာ ဖြစ်ပြီး ကားတွေရဲ့ နာမည်တွေကိုလည်း ခန့်မှန်းရ ခက် နေဦးမှာပါ။

Ref: motor 1.com