Sedan ကားတွေက ဝယ်ယူမှု တုံ့ဆိုင်းနေသော်လည်း Luxury Mid-Size ပိုင်းမှာတော့ အပြိုင်အဆိုင် ရှိနေဆဲပါ။ ပြိုင်ဘက် ကောင်းတွေ ဖြစ်ကြတဲ့ Audi A6 နဲ့ The BMW 5 Series တွေရဲ့ အခြေအနေကြောင့် Mercedes-Benz ကလည်း သူတို့ရဲ့ W213 မျိုးဆက်ကို ဖန်တီး လာနေပြီဆိုတာ သိပ်ပြီး ပြောစရာတောင် မလိုတော့ပါဘူး။ လက်ရှိအနေအထားအရတော့ Brand အနေနဲ့ Sport ဆန်တဲ့ Night Edition Package အသစ်ကို လက်ရှိ E-Class အတွက်ထပ်မံ ထုတ်လုပ်ပေးခဲ့ပြီ ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ Sedan နဲ့ Wagon ကားတွေ အပါအဝင်မှာ ရလာနိုင်တာက အထူးဖန်တီးထားတဲ့ AMG Line နဲ့ Night Package တွေပါပဲ။ အခုဆိုရင်လည်း သူတို့ရဲ့ E-Class ကို သာမန်ထက် ပိုပြီး ခပ်ထန်ထန် ပုံပေါက်စေဖို့အတွက် Night Edition Package ကိုမှ အနက်ရောင် Diamond Grille ၊ အနက်ရောင် Tailpipe တွေနဲ့ ဖန်တီးပေးလာလိုက်ပါတယ်။ ဒါတင်မကသေးပဲ Gloss Black အရောင်နဲ့ AMG ဘီးကြီး တွေကိုလည်း ခန့်ခန့်ညားညား မြင်ထားရမှာဖြစ်ပြီး Rim Flange တွေနဲ့ Boot Spoiler တို့ ကိုလည်း  နက်ပြာရောင်လေးနဲ့ အလှဆင် ဖန်တီးပေးထားသေးတာ ဖြစ်ပါ တယ်။

Photo Credit: carbuzz.com

ကားရဲ့ အတွင်းခန်းမှာတော့ Sports ပိုဆန်တဲ့ အရသာကို ခံစားရအောင် လုပ်ပေးထားပြီး ယခင်လိုမျိုး နုနုရွရွအရသာ နေရာမှာ အစားဝင် လာတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ အခု Night Edition အသစ်မှာတော့ Artico နဲ့ Dinamica Microfiber တွေကအစ ထည့်ပေးထား ကာ ထပ်ပြီး အကုန်အကျ ခံနိုင်သေးတယ် ဆိုရင်လည်း လယ်သာ နဲ့ Neppa လယ်သာတို့ကို ထပ်ရနိုင်ပါသေးတယ်။ ကားရဲ့ Dashboard ကလည်း ကျက်သရေ တကယ်ရှိနေတဲ့ အတွင်းခန်း Trim တွေနဲ့ ပေါင်းစပ်ပြီး ခန့်ညားနေသလို အနက်ရောင် အလူမီနီယံ ဒီဇိုင်းနဲ့ Ash Wood သစ်သား ဒီဇိုင်းတို့ကလည်း ခေတ်ဟောင်းနဲ့ ခေတ်သစ် အချိုးကျပေါင်းစပ်ထားသလိုပါပဲ။ အပြင်ပိုင်းမှာတုန်းကလိုပဲ အခု အတွင်း ခန်းမှာလည်း Night Edition ဆိုတာ သိသာစေတဲ့ အထူးပြုလုပ်ထားတဲ့ တံဆိပ်လေးတွေ ထည့်ပေးထားမှာ ဖြစ်ပြီး ခေတ်ပေါ် မာစီးဒီး တွေမှာ ပါလေ့ရှိတဲ့ Standard Illuminated တံခါးဘောင်တွေကလည်း အခုကားမှာ ပါလာပါပြီ။ အရှေ့ဘက် ထိုင်ခုံရဲ့ အလိုအလျောက် ပူနွေးပေးနေမယ့် စနစ်ကြောင့်လည်း သက်တောင့်သက်သာ ပိုရှိ နိုင်ပြီး ကြမ်းခင်းမှာက အစလည်း Night Edition ဆိုတာကို ထည့်ပေး ထားလိုက်တာပါ။

Photo Credit: carbuzz.com

ကားရဲ့ ကိုယ်ထည်အစုံ၊ အရောင်အစုံတို့မှာ အခု Night Edition Package ကို ရနိုင်မယ်ဆိုပေမယ့် E63 AMG Models တွေမှာတော့ မရနိုင်တာ ဖြစ်ပါတယ်။ ဒီ Pack အသစ်ကိုတော့ အမေရိကဈေးကွက် အပြင်ဘက်မှာ သေချာ ပေါက် စရလာဖို့ ရှိနေပြီး ဥရောပ ဈေးကွက် မှာတော့ ဈေးအနည်းငယ် ပိုပေးကောင်း ပေးရနိုင်ပါတယ်။ ဘယ်လိုမျိုး ကားကိုယ်ထည် ဒီဇိုင်းနဲ့ ကားရဲ့ စနစ်တို့ ရှိလဲဆိုတာကို ရွေးချယ် ခြင်းအားဖြင့် Night Edition ရဲ့ ဈေးနှုန်းကတော့ $ 5,581 ကနေ $ 9,720 လောက်အတွင်း ခန့်မှန်းခြေ အနေနဲ့ ကျသင့်လာနိုင်ပါတယ်။ တကယ်လို့သာ အခု Pack ကို အမေရိကလို ကားဈေးကွက်အထိ ပို့ဆောင်လာမယ် ဆိုရင်တော့ ဈေးနှုန်းအရ E450 4Matic ကိုတောင် နောက်ကောက် ချနိုင်လောက် ပါတယ်။ Mercedes AMG တို့ကလည်း မကြာသေးမီကမှ သူတို့ရဲ့ AMG အခွဲ ၅၅ နှစ်ပြည့် အထိမ်းအမှတ် တစ်ရပ်အနေနဲ့ Limited Edition မော်ဒယ်အသစ် ၂ မျိုးကို မိတ်ဆက် ထားခဲ့ပါသေးတယ်။ ပထမ တစ်မျိုးကတော့ G63 AMG ကားကို အခြေခံထားတာ ဖြစ်ပြီး SUV တစ်စီးကို လုံးဝပြောင်းလဲတောက်ပြောင်သွားစေမယ့် ဒီဇိုင်းပိုင်းအပြောင်းအလဲတွေ ပြုလုပ်ပေးနိုင်ခဲ့ပါ တယ်။ အခုလိုမျိုး AMG ရဲ့ ဖန်တီး ပေးမှုတွေကိုတော့ A 35 နဲ့ CLA 35 တို့မှာပါ ရထားတာကြောင့် အခု Night Edition ကလည်း နောက်ထပ် ရွေးချယ် စရာကောင်းတစ်ရပ် ဖြစ်လာတော့မယ် ဆိုတာ သေချာပါတယ်။

Ref: carbuzz.com