ကားတော်တော် များများကတော့ မထွက်ပေါ်လာခင် စိတ်ကူးယဉ် Concept ပုံရိပ်တွေ အနေနဲ့သာ အရင်ဆုံး မြင်ခဲ့ ကြရတာပါ။ ယခင်တုန်းကတော့ စာရွက်တွေ ၊ ဘောပင်တွေနဲ့ပဲ လက်တန်းဆွဲကာ ဖန်တီးခဲ့ကြပေ မယ့် အခုခေတ်မှာ တော့ ကွန်ပြူတာ ပညာရပ်တွေနဲ့ တကယ်ကို လက်တွေ့ကျ အသေးစိတ်တဲ့ Concept ပုံရိပ် တွေကိုဖန်တီးလာနိုင်ကြပြီ ဖြစ်ပါတယ်။ အထူးသဖြင့် Gran Turismo တို့လို နာမည်ကျော် ကားဂိမ်း တွေ အတွက် Digital ကားပုံရိပ်တွေကို အရင်ဆုံး ဖန်တီးကြတာ မျိုးတွေလည်း ရှိပြန်ပါတယ်။ ဒါပေမယ့် အခုတစ်ခေါက် မြင်ရမယ့် ကား Concept ကတော့ ဂိမ်းအတွက်လည်း မဟုတ်သေးပြန်ပဲ တရားဝင် နာမည် တောင်မရသေးတဲ့ ကားဖြစ်ပါတယ်။ Mercedes-Benz ကတော့ အဆိုပါ ကားကို Virtua Showcar လို့ပဲ ရိုးရိုးလေး  ခေါ်ဆိုထားပြီး နာမည်အတိုင်း ဒီဂျစ်တယ် ကားလောကထဲမှာပဲ ရှိနေမှာပါ။ ကုမ္ပဏီရဲ့ ပထမဆုံး ဒီဂျစ်တယ် ကားတစ်စီးလည်းဖြစ်ကာ လာမယ့် 2022 League Of Legends World Championship ဂိမ်းပြိုင်ပွဲ အတွက်လည်း အမှတ်တရ ဖန်တီးပေးဖြစ်တာ ဖြစ်ပါတယ်။ အခုကား ဖန်တီးဖြစ်ဖို့အတွက် League Of Legends ဂိမ်းရဲ့ ဖန်တီးရှင်ကုမ္ပဏီ Riot Games နဲ့ Mercedes-Benz တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။

Photo Credit: motor 1.com

အခု Virtual Show Car အတွက် မနာလို ဖြစ်ကြမှာကတော့ Gran Turismo ကားဂိမ်း ရဲ့ ပရိသတ်တွေလို့ပဲ ဆိုရမှာ ပါ။ အကြောင်းကတော့ လွန်ခဲ့တဲ့ ၁၀ နှစ် လောက်က ထွက်ခဲ့တဲ့ Gran Turismo 6 ဂိမ်းအတွက် Mercedes-AMG Vision Gran Turismo Concept ဆိုတဲ့ ဒီဂျစ်တယ် ကားတစ်စီးကို ဖန်တီးပေးခဲ့ဖူးလို့ပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ အဆိုပါ ကားကို တကယ့်လက်တွေ့ ဘဝမှာပါ ထုတ်လုပ်ပေးနိုင်ခဲ့ပြီး အခု မြင်ရတဲ့ ဒီဂျစ်တယ် ကားကိုလည်း ဘယ်တော့လောက် မြင်ရမလဲဆိုတာ မျှော်လင့်ရတော့မှာပါ။ ဒါပေမယ့် အခု ဒီဇိုင်းမှာတော့ တကယ်သုံးလို့ရမယ့် ဘီးတွေမပါသလို ကားရဲ့ ကိုယ်ထည် ထောင့်တွေမှာပဲ ဘီးလိုမျိုး အချိုးအစားတွေ ၊ ခရီးသည်ထိုင်ဖို့ အလယ်မှာ တစ်နေရာစာ လောက်ပဲ ထည့်ထားတာကြောင့် သေချာတာကတော့ လက်တွေ့အသုံးတည့်နိုင်ဦးမယ့် ကားတစ်စီး မဟုတ်သေးတာ ဖြစ်ပါတယ်။ Mercedes-Benz ရဲ့ ဒီဇိုင်း Officer ဖြစ်သူ Gorden Wagener ကလည်း အခုကားကို တကယ့် လက်တွေ့ဘဝရဲ့ ဒီဇိုင်းနဲ့ ဒီဂျစ်တယ်ဒီဇိုင်းတွေရဲ့ စိတ်ကူးယဉ် ပေါင်းစပ်မှုလို့ပဲ ဖော်ညွှန်းထားပြီး ဒီဂျစ်တယ် လောကထဲမှာ ဖြစ်တာကြောင့် အကန့်အသတ်မရှိ ဖန်တီးထားဖြစ်တယ်လို့ ဆိုထားပါတယ်။

Photo Credit: motor 1.com

Mercedes-Benz နဲ့ Riot Games ကုမ္ပဏီ တို့ရဲ့ ပူးပေါင်းမှုက ဒီ Concept ကားအတွက်တင် မဟုတ်သေးပါဘူး။ လာမယ့် နိုဝင်ဘာ လ ၃ ရက်မှာ ကျင်းပမယ့် San Francisco ရဲ့ Worlds Final ပွဲကြီးမှာ League Of Legends ပွဲတွေ ကို Mercedes EQS ကားရဲ့ Digital Vehicle Display တွေမှာပါပြသသွားဦးမှာပါ။ ကားသစ်တွေမှာ ပါဝင်လာတဲ့  Mercedes ရဲ့ Digital MBUX System ကလည်း  In Car Game အတွေ့ အကြုံကို ကောင်းကောင်း ပေးနိုင်တာကြောင့် အခုဂိမ်းနဲ့ ပူးပေါင်းလိုက်တာ တကယ်ကို ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ပါပဲ။ လက်တွေ့ ကမ္ဘာထဲမှာ တော့ Mercedes-Benz EQS SUV ကား Summoner ရဲ့ Cup Trophy ပြိုင်ပွဲမှာ ဝင်ရောက်ဖို့ ရှိနေပြီး လာမယ့် နိုဝင်ဘာ အစောပိုင်းမှာတော့ အဆိုပါပွဲရဲ့ ဆုတွေကို League Of Legends Final မှာတင် တစ်ပါတည်း ဆုပေးသွားမှာ ဖြစ်ပါတယ်။

Ref: motor 1.com