Mercedes-Benz ကုမ္ပဏီကတော့ သူတို့ရဲ့ GLS-Class ကားတွေအတွက် Mid Cycle Update အသစ် တွေ ထုတ်ပေး ဖို့ ပြင်ဆင်နေပြီဖြစ်ကာ အခုဆိုရင်တော့ Prototype အဆင့် စမ်းသပ်ဆဲယာဉ်တွေကိုပါ မြင်လာရပါပြီ။ လက်ရှိ မြင်ရသလောက် ကတော့ Maybach GLS-Class ကား အသစ်လည်း ပါလာနိုင်ပြီး အင်ဂျင်နီယာတွေကတော့ AMG GLS 63 ကားကိုလည်း စမ်းသပ်နေပုံတော့ ရပါတယ်။ လက်ရှိ မျိုးဆက် GLS ကားကတော့ ၂၀၁၉ ကတည်းက ၂၀၂၀ မော်ဒယ် အနေနဲ့ ဈေးကွက်ထဲ ရောက်နေခဲ့တာဖြစ်ပြီး Maybach Version ကတော့ တစ်နှစ်နောက်ကျပြီးမှ ဈေးကွက် ထဲ ရောက်လာခဲ့ပါတယ်။ Mercedes ရဲ့ ထုံးစံအရ ဆိုရင်တော့ ကားသစ်ဖြစ်လာမယ့် Mid-Cycle Update ကို 2024 Model အနေနဲ့ ပေးလာဖို့ များ နေတာကြောင့် လာမယ့်နှစ်မှာပဲ ဒီကားတွေကို မိတ်ဆက်ပေးလာတာမျိုးလည်း ဖြစ်နိုင်ချေ များပါတယ်။
Prototype ကားတွေကို မြင်ရသလောက်ကတော့ စတေကာတွေ အများကြီးဖုံးပြီးကာထားတာတွေမျိုး လည်း မရှိတာကြောင့် အမြင်ပိုင်းအရ အပြောင်းအလဲတွေတော့ ကြီးကြီးမားမား သိပ်မရှိလာမယ့် ပုံပေါက် နေပါတယ်။ အရှေ့ ဘက်မှာဆိုရင်တော့ Fascia အသစ်ရယ် ၊ အစွန်းနှစ်ဖက်က မီးလုံးတွေအတွက် မီးအိမ် အသစ်တွေ ရယ်ထည့် ပေးလာ တာမျိုးတော့ ပိုမျှော်လင့်လို့ ရနိုင်ပါတယ်။ ဒါ့အပြင် ကားတွေကြည့်ရတာ တော့ Grille ကိုလည်း ပိုမို ဆန်းသစ် ထားနိုင်ပါတယ်။ ပိုပြောင်းလဲလာနိုင်တဲ့ အပိုင်းကိုတော့ အတွင်းခန်း ဖြစ်မယ်လို့ ခန့်မှန်းရပြီး S-Class က တစ်ချို့ အရာ တွေကိုလည်း ယူသုံးလာနိုင်ကာ၊ အထူးသဖြင့် စတီယာ တိုင် ဒီဇိုင်းကိုတော့ပြောင်းလာဖို့ များပါတယ်။ ဒါ့အပြင် Digital Instrument Cluster နဲ့ Infotainment System တွေကိုလည်း သေချာပေါက် ပြောင်းလဲ အဆင့်မြှင့်တင် ပေးလာတာ တွေကတော့ ဖြစ်သင့်တယ်လို့ ယူဆရမှာပါ။
ကားမှာ ဘယ်လို အင်ဂျင် အတွဲအစပ်တွေ ပါလာမလဲဆိုတာ မသိရသေး ပေမယ့်လည်း Hybrid ကတော့ ရွေးချယ် စရာ တစ်မျိုး အနေနဲ့ ပါလာနိုင်ပြီး လက်ရှိ GLS-Class တွေမှာကတော့ Turbocharged Inline-6 အင်ဂျင်နဲ့ V 8 Engine ကို မှ Mild Hybrid စပ်ပေးထားတာမျိုးတွေ ရနိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိကားတွေထဲ စွမ်းဆောင်ရည် အကောင်းဆုံး ကတော့ AMG က ထုတ်တဲ့ GLS 63 ဖြစ်ပြီး Twin Turbocharged 4.0 Liter V 8 အင်ဂျင်ကိုမှ Mild Hybrid နဲ့ ရနိုင်တာဖြစ်ကာ အမြင့်ဆုံး စွမ်းဆောင်ရည် ကတော့ 603 hp နဲ့ 627 lb-ft Torque အထိ ရှိထား ပါတယ်။ Mercedes ကတော့ သူတို့ အနေနဲ့ လာမယ့် နှစ်တွေထဲမှာ အမြင့်ဆုံးသော ကားမော်ဒယ်တွေ ဘက်ကိုပြန်ပြီး အာရုံစိုက်ထားနိုင်ကာ GLS- Class ကလည်း တစ်စီး အပါအဝင်ဖြစ်နေတာပါ။ ဒါကြောင့် အဆိုပါ ကားသစ်တွေကို ဝယ်ယူမယ့် သူတွေကလည်း ပိုပြီးတော့ စိတ်ကြိုက် ပြင်ဆင်ရွေးချယ်နိုင်မယ့် အနေအထားတွေ ပိုရလာနိုင်ပြီး Limited Edition တွေကို လည်း ပိုပြီး မျှော်လင့်လာနိုင်ချေ ရှိနေတာပဲ ဖြစ်ပါတယ်။
Ref: MotorAuthority