Mercedes-Benz AMG ကတော့ SL အမိုးဖွင့် ကားရဲ့ ဒီဇိုင်းပြန်လည် ဆန်းသစ်ထားတဲ့ ကားအမျိုးအစား အသစ်ကို 4- Cylinder Engine နဲ့အတူ ပွဲထုတ်လိုက်ပြီပဲ ဖြစ်ပါတယ်။ ကားရဲ့ အင်ဂျင်ကတော့ V6 SL 400 ဖြစ်ပြီး အမေရိက ဈေးကွက် အတွက် ကားရဲ့ အင်ဂျင်ကရော တူတူပဲလား ဆိုတာတော့ မသေချာသေး ပါဘူး။ ဒါ့အပြင် 2.0 Liter Turbocharged Inline-4 ကြောင့်လည်း စွမ်းဆောင်ရည်က 381 hp အထိ ရှိခဲ့သလို လိုအပ်ရင်လည်း Mild-Hybrid စနစ်ဆီက 14 hp က အဆင်သင့် ရှိနေပါသေးတယ်။ အခြားဘာမှ ကြီးကြီးမားမား အသစ် မဟုတ်ပေမယ့်လည်း ကားရဲ့ အင်ဂျင်ပိုင်း မှာကတော့ ဖော်မြူလာဝမ်းက ကားတွေ လိုမျိုး လျှပ်စစ် စွမ်းအင် အနည်းငယ်‌နဲ့ပါ ပေါင်းစပ် ပေးလာတာပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခု နောက်ပိုင်းမှာတော့ ကား ကုမ္ပဏီတွေ အနေနဲ့ လျှပ်စစ် စွမ်းအင်သုံး Compressor တွေကို လျှပ်စစ် မော်တာ တွေနဲ့ တွဲဖက်သုံးလာတာ တွေ့ရပါတယ်။ အခုလို ဖန်တီးလိုက်နိုင်တာကြောင့် အင်ဂျင်ရဲ့ Boost Pressure ပိုကောင်းအောင် လုပ်လိုက်နိုင်ပြီး သာမန် Turbocharger ထက် ပိုကောင်းအောင် လုပ်နိုင်ပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရလဒ်ကတော့ အင်ဂျင်ရဲ့ တုံ့ပြန်မှု တော်တော်ကို ကောင်းနေတာဖြစ်ပြီး Turbocharged အင်ဂျင် တွေမှာတောင် မရနိုင်တဲ့ စွမ်းဆောင်ရည်မျိုးတွေကို ချပြလာနိုင်တာပါ။ အခု SL 43 ကားသစ် မှာ ဆိုရင်တော့ လျှပ်စစ် မော်တာကိုပဲ Turbocharger နဲ့ တိုက်ရိုက် ပေါင်းစပ်ပေးထားတာ ဖြစ်ပါတယ်။ ဖော်မြူလာ ဝမ်းကားတွေမှာ ဆိုရင်တော့ ကား အနေနဲ့ Boost လုပ်ဖို့ မလိုအပ်တဲ့ အနေအထား မှာလျှပ်စစ် မော်တာကို အိတ်ဇောဆီက စွမ်းအင်ပြန်ပြီး Recover လုပ်နိုင်ဖို့ စီစဉ်ပေးထားတာဖြစ်ကာ အခု ကား အသစ်မှာတော့ ဒါမျိုး မပါလာ သေးပါဘူး။

Photo Credit: MotorAuthority

အဲ့ဒီ အစား ကားရဲ့ လျှပ်စစ် မော်တာ ကိုပဲ Mild-Hybrid စနစ် နဲ့ ချိတ်ဆက်ထားပြီး 48 V စနစ် ကလည်း အင်ဂျင်ကို ပိုပြီး လုပ်အားနှုန်း ကောင်းကောင်းနဲ့ လုပ်ဆောင် နိုင်တာမျိုးတွေမှာ ပိုပြီး သိသာသွား စေတာပဲ ဖြစ်ပါတယ်။ V 8 အင်ဂျင်သုံးထားတဲ့ SL 55 နဲ့ SL 63 တို့နဲ့ မတူတဲ့ တစ်ချက်ကတော့ SL 43 ကားအသစ် က Rear-Wheel Drive စနစ်ပဲ ပါဝင်လာတာဖြစ်ပြီး 9-Speed Automatic Transmission ကိုတော့ ထည့်သွင်းပေးလာပါတယ်။ Launch Control စနစ်ကိုသုံးပြီး အခုကားမှာတော့ တစ်နာရီ ၆၂ မိုင်နှုန်း အရှိန် အထိ ရောက်အောင် ၄.၉ စက္ကန့်ပဲ အချိန်ယူရတော့မှာ ဖြစ်ကာ အမြင့်ဆုံး အရှိန်က‌လည်း တစ်နာရီကို ၁၇၀ မိုင်အထိကို ရှိလို့နေပါတယ်။ အခုကားရဲ့အင်ဂျင်အတွဲအဖက်ကိုတော့ နောက်ပိုင်း AMG ကားတွေမှာလည်း ဆက်မြင်လာရဖို့ ရှိနေပြီး C 63 နဲ့ GLC 63 တို့ ရဲ့ Redesigned Version တွေမှာ လည်း ဆက်လက် ပွဲထုတ်လာနိုင်ပါတယ်။ အဆိုပါ ကား ၂ စီး မှာတော့ နောက်ထပ် လျှပ်စစ်မော်တာတစ်လုံး ပါဝင် လာနိုင် ဖို့များတာကြောင့် တကယ်သာဆိုရင် စွမ်းဆောင်ရည်က 600 hp တောင် ကျော်သွားနိုင်တာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority