ဘယ်လိုပဲ ဖြစ်ဖြစ် ကားပရိသတ် အတော်များများမကြားချင်ဆုံး သတင်းတစ်ရပ်ကတော့ တရားဝင် ဖြစ်လာ ခဲ့ပါပြီ။ အဲ့ဒါကတော့ Entry- Level Mercedes A-Class Sedan ကားဟာ အခု ၂၀၂၂ မော်ဒယ် ပြီးရင် သေချာပေါက် အနားယူပြီ ဖြစ်တယ်လို့ Automotive News ကဖော်ပြလိုက်တာပါပဲ။ ဒါ့အပြင် ၎င်းကားနဲ့ အလားတူ တွဲဖက်တွေ ဖြစ်တဲ့ Hatchback တွေလည်း အဆုံးသတ်သွားဖို့ များနေခဲ့ပါပြီ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ အစောပိုင်း လောက်ကတည်းက AMG A 35 ကားကို 2022 Lineup မှာ တောင် ပါမလာတော့ပဲ ဖြုတ်ချ ခဲ့တာဖြစ်ပြီး အခု Base Model ကတော့ မသေမချာဖြစ်နေခဲ့ရာက အခုတော့ တရားဝင်နားရပါပြီ။ ဒါ ကြောင့် Mercedes ရဲ့ Sedan Lineup တွေထဲမှာ CLA-Class တွေ လောက်ပဲ စိတ်ဝင်စားစရာ ကျန်တော့ ပြီး ဒါကလည်း သက်တမ်း အကန့်အသတ် ရှိလာနေပါပြီ။ အခုလို A-Class အနားယူ သွားရတဲ့ အဓိက အကြောင်းရင်း တစ်ရပ်ကတော့ ပြောစရာ မလိုလည်း သိနိုင်လောက်ပါတယ်။ အဲ့ဒါ ကတော့ ထုံးစံအတိုင်း Crossover တွေကြောင့်ပါပဲ။ Mercedes အနေနဲ့ Crossover Lineup တွေ ကို GLA က စတင်ပြီး တောက် လျှောက် မိတ်ဆက်နေခဲ့ ကာ အဆိုပါ ကား ၂ မျိုးလုံးကတော့ Front-Wheel Drive အခြေခံ Platform ပေါ်မှာ ပဲ ဖန်တီးထားတာ ဖြစ်ကာ All-Wheel Drive စနစ်အနေနဲ့လည်း ရွေးချယ်နိုင်မှာပါ။
A-Class Sedan ကားတွေဆိုတာ ကတော့ အမေရိကဈေးကွက် အထိကို ၂၀၁၉ ကမှ ဝင်ရောက်လာခဲ့တာ ဖြစ်ပေမယ့် ဝင်ဝင်ချင်းပဲ အစီးရေ ၁၇,၆၄၁ စီး အထိ ရောင်းချခဲ့ရပြီး အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လည်း နောက်ပိုင်းမှာတော့ ကျဆင်းလာခဲ့ရပြီး မနှစ်ကဆိုရင် အစီးရေ ၈,၁၀၈ စီး အထိပဲ ရောင်းချ ရပါတော့ တယ်။ တကယ်တော့ အဆိုပါ ကားတွေ စဝင်လာတုန်းက အဓိက ရည်ရွယ်ချက်ကလည်း ရောင်းအား ကောင်းဖို့ ဆိုတာကိုပဲ အားထားခဲ့တာဖြစ်ပြီး အခုလို ဇိမ်ခံအဆင့်မြင့်ကားကောင်း တစ်စီးကို $ 34,000 ဝန်း ကျင် လောက် နဲ့ရတယ် ဆိုတာ တကယ်တော့ အဆင်ပြေစရာ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မထင် မှတ်ထားတဲ့ အပြောင်းအလဲတွေ တောက်လျှောက် ဖြစ်လာခဲ့ပြီး ကပ်ရောဂါ အပါအဝင် လျှပ်စစ်ကားတွေရဲ့ ခေတ်သစ် စတင် လာမှုတွေက အဓိက ကျခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Mercedes ကိုယ်တိုင်ကိုက EQ ဆိုတဲ့ Brand နဲ့ အစချီပြီး လျှပ်စစ်ကားတွေဘက်ကိုပါ ကူးလာခဲ့တာကြောင့် အခုလိုမျိုး ဆုံးဖြတ်ချက် ဖြစ် လာခဲ့ ရတော့တာပဲ ဖြစ်ပါတယ်။
တကယ်လည်း နောက်ဆုံး ရည်ရွယ်ချက်ကတော့ တစ်ခြား ကားကုမ္ပဏီ အတော်များများလိုပဲ Internal Combustion Engine တွေကို ဖယ်ထုတ်ပစ်တော့ ဖို့ပဲ ဖြစ်ပါတယ်။ တကယ်တော့ ရောင်းအား အကောင်း ဆုံး ဆိုတဲ့ ကားတစ်စီး အဖြစ် ဝင်ငွေ မရှာပေးနိုင်ခဲ့တာ A-Class Sedan ကား အတွက်တော့ တကယ့်ကို ဝမ်းနည်းစရာ ဖြစ်ခဲ့ရပြီး Base Model မှာ ဆိုရင်တော့ 2.0 Liter Turbocharged Inline-Four Engine နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စွမ်းဆောင်ရည်ပိုင်းက 188 Hp နဲ့ 221 Lb-Ft Torque အထိ ရှိခဲ့တဲ့ ကားကောင်း တစ်စီး ဖြစ်ပြီးသူ့ထက် မြင့်တဲ့ AMG A 35 ဆိုရင်လည်း အင်ဂျင် အတူတူဖြစ်ပေ မယ့် 302 hp နဲ့ 295 lb-ft Torque ၊ All Wheel Drive တို့နဲ့ ပိုကောင်းပြနိုင် ခဲ့တဲ့ကားတွေ ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ ကားအစား နောက်ပိုင်း မြောက် အမေရိက ဈေးကွက် အတွက် Mercedes ရဲ့ Entry-Level Model ဆိုရင် GLA Compact Crossover ပဲ ရှိတော့မယ်လို့ ယူဆရပါတယ်။
Ref: carbuzz.com