အခု ၂၀၂၂ ခုနှစ် ကတော့ ထူးထူးခြားခြားပဲ နာမည်ကျော် BMW M အတွက် နှစ်ပေါင်း ၅၀ ပြည့် နှစ်ပတ် လည်တင် မဟုတ်ပဲ တစ်ဖက်က AMG ကုမ္ပဏီ အတွက်လည်း ၅၅ နှစ် ပြည့်တဲ့ နှစ်တစ်နှစ် ဖြစ်နေပါတယ်။ အခုလိုမျိုး နှစ်ပတ်လည် ကိုတော့ ပိုပြီး ထူးခြားအောင် သီးသန့် Limited Edition 55 ဆိုတဲ့ SUV ၆ မျိုး အထိ ထုတ်လုပ်ပြီး ချပြလိုက်ပါတယ်။ အဆိုပါ ကားတွေ အကုန်လုံးကတော့ မူလ GLE နဲ့ ပိုပြီး ခပ်ပါးပါးရှိ လှတဲ့ GLE Coupe အပေါ်မှာ အခြေခံ ဖန်တီးထားပြီး 55, 63 နဲ့ 63S ဆိုတဲ့ ကားတွေလည်း ပါဝင်လာကာ တစ်စီးနဲ့ တစ်စီးတော့ ဒီဇိုင်း အပြောင်းအလဲတွေ ပါဝင်လာပါတယ်။ ၁၉၈၀ ခုနှစ် တွေဆီကို ပြန်သွားကြည့် ရရင်တော့ အခု GLE Edition 55 ဟာ ယခင် ခေတ်ဟောင်း ဒီဇိုင်းကို ကောင်းကောင်း ယူထားနိုင်တာ တွေ့ရပြီး အရောင်ပိုင်း ကတော့ Obsidian Black ဒါမှ မဟုတ် Diamond White အဖြူတောက်တောက် တွေ ပါလာပါတယ်။ ဘီးတွေ ကတော့ ၂၂ လက်မ အရွယ် Forged ဘီးတွေ သုံးထားတာဖြစ်ပြီး Cross-Spoke Design နဲ့အတူ ဘီးရဲ့ အလယ်မှာလည်း Edition 55 ဆိုတဲ့ နာမည် နဲ့ အတူ မီးခိုးရောင် Matte Finish ဆိုတဲ့ အရောင်လေးနဲ့ ထည့်ပေးထားပါတယ်။

Photo Credit: motor 1.com

Mercedes ကတော့ အခု SUV တွေကို AMG Night Package နဲ့လည်း လိုက်ဖက် အသုံးပြုနိုင်အောင် စီစဉ် ပေးထားပြီးဒီ Pack နဲ့ ဆိုရင်တော့ အပြင်ဘက်က အရောင်တွေက နက်နက်ပြောင်ပြောင်လေး နဲ့လှ နေမှာပါ။ အမြင်ပိုင်း အပြောင်းအလဲတွေကတော့ ရွေးထားတဲ့ အရောင်‌တွေပေါ်မူတည်ပြီး ကွဲပြားနိုင်ပေ မယ့် ကားတွေ အကုန်လုံးရဲ့ တံခါးတွေကိုတော့ Tint အရောင်လေးတွေ ထည့်ပေးထားပြီး အိတ်ဇောပိုက် ကလည်း ၄ လုံးတွဲတွေ ချည်း တပ်ပေးထားကာ အနက်ရောင် Chrome Plate နဲ့လည်း မြင်ရမှာပါ။ အသေး စိတ် ဘယ်လောက်အထိပြင်ဆင် ထားသလဲဆိုရင်တော့ ဆီဖြည့်တဲ့ Fuel Filler Cap လေးမှာကအစ AMG ဆိုတဲ့ စာသားလေးကို ငွေရောင် Chrome နဲ့ ထည့်ပေးထား သေးတာ ဖြစ်ပါတယ်။ ဘယ်လို Version တွေပဲ ဖြစ်ဖြစ် Edition 55 ကားကတော့ အနက်နဲ့ အနီကို အတွင်းခန်းထဲမှာ အဓိက သုံးထားပြီး AMG ဆိုတဲ့ စာသားလေးကိုတော့ အနီရောင်မှာမှ Stainless Steel တံခါး ဘောင် တွေ မှာလည်း မြင်ရမှာပါ။ ကားရဲ့ Bespoke ကြမ်းပြင်မှာ ဆိုရင်တော့ အနီရောင် Woven သားတွေကို Edition 55 ဆိုတဲ့ Logo နဲ့ ထည့်ပေး ထား ပါတယ်။  63 S Model မှာတော့ Standard ပါဝင်ထားပြီး 63 နဲ့ 53 ကားတွေမှာ ရွေးချယ် လို့ရတဲ့ Nappa Leather သား‌တွေကို Center Console နဲ့ Door Cards တွေမှာ မြင်ရမှာဖြစ်ကာ အလယ်က Armrest ကလည်း AMG ဆိုတဲ့ အရသာ စစ်စစ်ကို ပေးနိုင်မှာ ဖြစ်ပါတယ်။

                                    Photo Credit: motor 1.com

Mercedes-AMG ကတော့အခု GLE Edition 55 ကားတွေအတွက် အမှာစာတွေကို စတင် လက်ခံပေးနေ ပြီ ဖြစ်ပြီး အခုနှစ် အကုန်လောက်အထိ မှာလို့ ရနိုင်ပါသေးတယ်။ ‌‌ဈေးနှုန်းတွေ အနေနဲ့ကတော့ ကိုယ်မှာ ယူတဲ့ GLE အမျိုးအစား ပေါ်မှာ မူတည်ပြီး ယူရို 5,950 ကနေ ယူရို 13,090 လောက် အထိ ‌ဈေးကျသင့် နိုင်ပါတယ်။ အဆိုပါ ကားတွေကိုတော့ အမေရိက ဈေးကွက်ထဲမှာ ဆိုရင်လည်း GLE 53 နဲ့ GLE 63 S ‌တွေ အနေနဲ့ရရှိနိုင်ပြီး ကားမော်ဒယ်တစ်မျိုးစီကိုတော့ အစီးရေ ၅၅ စီးအထိပဲ သီးသန့်ထုတ်လုပ်မှာ ဖြစ်ပါတယ်။

Ref: motor 1.com