Mercedes-AMG ကတော့ သူတို့ရဲ့ နာမည်ကျော်ခဲ့တဲ့ 6.2 Liter Naturally Aspirated V8 Engine တွေကနေ 4.0 Liter Twin-Turbo V8 အဖြစ် ပြောင်းသုံးဖို့အတွက် စီစဉ်ခဲ့စဉ်တုန်းကဆိုရင် ပရိတ်သတ် တွေအကြား အတော်လေးကို ဂယက်ရိုက် ပြီး ဝေဖန်မှုတွေလည်း ကြုံခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ အဆိုပါ အင်ဂျင် ၂ မျိုးလုံးကိုပါ လက်လွှတ်ရပြီဖြစ်ပြီး Mercedes-AMG ရဲ့ အနာဂါတ်ကတော့ အင်ဂျင်တွေ မပါတော့တဲ့ လျှပ်စစ်ကားတွေ ဖြစ်လာတော့မှာပါ။ ဒါပေမယ့်လည်း အဆိုပါ လျှပ်စစ်သီးသန့်  ဒါမှမဟုတ် Hybrid ကားတွေအဖြစ် မမြင်ရသေးခင် အမှတ်တရ အနေနဲ့တော့ Final Edition ဆိုတဲ့ နောက်ဆုံးသော ကားတစ်စီးကို ဖန်တီးပေးလာခဲ့ပါပြီ။ သီးသန့် အရေအတွက် နဲ့ပဲ ထုတ်လုပ်ပေးမယ့် အဆိုပါ Mercedes-AMG E63 ကတော့ ခေတ်တစ်ခေတ်ရဲ့ အဆုံးသတ် ကားအဖြစ် မြင်ယောင်လို့ ရမှာဖြစ်ပြီး တကယ်တော့ ဝမ်းနည်းဖို့ကောင်းတဲ့ အဆုံးသတ်လို့လည်း ခံစားကြည့်လို့ ရပါတယ်။

Photo Credit: CARBUZZ

အဆိုပါ Special Edition အသစ်မှာတော့ 4.0 Liter Twin-Turbo V8 အင်ဂျင်ကိုပဲ ဆက်သုံး ပေးထားပြီး All-Wheel Drive စနစ်ကိုမှ Drift Mode ပါ ထည့်ပေးထား ပါသေးတယ်။ ဒါကြောင့် ကားကတော့ စက် ပိုင်းဆိုင်ရာ အတူတူပဲ ဖြစ်နေလို့ တစ်စီးလုံးအသစ် ဖြစ်တာထက်စာရင် ပုံပြောင်းထားတဲ့ အထူးထုတ် Package တစ်ခုလို့တော့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ အရောင်ကိုတော့ Graphite Grey ဆိုတဲ့ မီးခိုးရောင် လေးတွေ သုံးပေးထားပြီး လက်မ ၂၀ အရွယ် AMG Forged ဘီး တွေကိုမှ Cross-Spoke Design နဲ့ ဒီဇိုင်း ဆန်းသစ်ပေးထားပါတယ်။ ကားတစ်စီးလုံးကို ပိုအမြင် ဆန်းသွား စေတာကတော့ AMG Night Package အပြင် ပြောင်လက်နေမယ့် အနက်ရောင် Accents လေးတွေ ကြောင့်ပါပဲ။ အရှေ့ဘက်က Splitter နဲ့ Side Sill Panels တွေ ၊ အရှေ့ဘက် ဘေးဘက်နဲ့ တံခါး ဘောင်တွေ ပေါ်က Trims တွေ ၊ ဘက်မှန် အဖုံးတွေနဲ့ အနောက်ဘက်က Trim တွေ အထိကို အဆိုပါ Accents လေးတွေနဲ့ အလှဆင် ပေးထားတာပါ။ အပူဒဏ်ခံ နိုင်တဲ့ အနက်ရောင်မှန်သားတွေကိုလည်း အနောက်ဘက်မှာ သုံးပေးထားပြီး အိတ်ဇော ပိုက် အနေနဲ့ က လည်း Chrome  ပိုက် ၂ ခုတွဲကို တပ်ဆင်ပေးထားကာ C-Pillar ပေါ်က AMG ဆိုတဲ့ တံဆိပ်လေး ကို လည်း ထင်ရှားနေအောင် ထည့်ပေးထားပါတယ်။

Photo Credit: CARBUZZ

အတွင်းခန်းထဲကို ကြည့်မယ် ဆိုရင်တော့ AMG တံဆိပ်လေးကို ကြမ်းခင်းတွေမှာ ထည့်ပေးထားတာ တွေ့ ရပါတယ်။ ဒါ့အပြင် အလိုအလျောက် ချိန်ညှိလို့ရပြီး ၊ ထိုင်ခုံ အပူပေးစနစ်နဲ့ Nappa Leather ကို တိုက်တေ နီယမ် မီးခိုးရောင်၊ အဝါရောင် အစင်းလေးတွေနဲ့ ဖန်တီးထားမယ့် AMG Performance Seat Package အထူးထုတ် ထိုင်ခုံတွေကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ Nappa Leather ကိုတော့  Beltline Trim နဲ့ ကားရဲ့ Instrument Panel မှာပါ ထည့်ပေးထားပြီး စတီယာတိုင် ကလည်း AMG ရဲ့ Performance စတီ ယာတိုင်သီးသန့် ဖြစ်လာ ခဲ့ပါတယ်။ ကားရဲ့ Trim တွေကိုလည်း Center Console မှာ ထည့်ပေးထားပြီး AMG Final Edition ဆိုတဲ့ စာသားလေးနဲ့ တံဆိပ် ကိုလည်း မြင်ရဦးမှာပါ။ တံခါးတွေပေါ်မှာတော့ အနက် ရောင် AMG ရဲ့ စတီး တံခါး တွေကို သီးသန့်သုံးပေးထားပြီး အဝါရောင် AMG စာသားတွေနဲ့လည်း လိုက် ဖက် နေပါတော့တယ်။ ဒါပေမယ့် ထူးခြားတာကတော့ ကားအတွင်းခန်း ရဲ့ ကာဗာ အလှဆင်မှုတွေကို ၉၉၉ စီးစာပဲ ပေးမှာဖြစ်ပြီး ဘယ်လို Customer တွေကရပြီး ကားကရော ဘယ် အချိန်မှာ စတင်ဝယ်လို့ရမလဲ ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကားအပြီး နောက်ထွက်လာတော့မယ့် AMG တွေ ကတော့ V 8 Engine မပါတော့ဖို့ များလာပြီး လျှပ်စစ်သီးသန့် တွေပဲ ဖြစ်လာ တော့မှာပါ။

Ref: carbuzz.com