၂၀၂၂ ကတော့ နာမည်ကြီး ကားကုမ္ပဏီ အတော်များများအတွက် နှစ်ပတ်လည် နှစ်တစ်နှစ် ဖြစ်လို့ နေပါ တယ်။ BMW ဆိုရင်လည်း M Division အနေနဲ့ နှစ် ၅၀ ပြည့်မြောက်ခဲ့သလို အဓိကပြိုင်ဘက် AMG က လည်း ၅၅ နှစ် ပြည့်ခဲ့ ပြန်တာဖြစ်ပါတယ်။ အခုလိုမျိုး နှစ်ပတ်လည်ကို အမှတ်တရ ဖြစ်စေဖို့အတွက် AMG အနေနဲ့ G 63 Edition 55 အထူးထုတ် ကို ပြီးခဲ့တဲ့ မတ်လ ကတည်းက ချပြခဲ့ပြီး နောက်လတွေ မှာလည်း အမှတ်တရ အထူးထုတ်ကားတွေ ရှိလာဦးမယ်လို့ တပါတည်း ဆိုခဲ့တာပါ။ အခုဆိုရင်တော့ ပြောထားတဲ့ အတိုင်းပဲ နောက်ထပ်အထူးထုတ်ကားတွေအနေနဲ့ A 35 နဲ့ CLA 35 Edition 55 ကားသစ်တွေကို ထုတ် ပေး လာခဲ့ပါပြီ။ G Wagon လိုပဲ Mercedes အနေနဲ့ ဒီဇိုင်းပိုင်းတွေမှာ အလေးပေး အဆင့်မြှင့်တင်လာခဲ့ပြီး အထူးထုတ်တွေကို ကွဲပြားလာစေခဲ့ပါတယ်။ Standard အနေနဲ့ ရှိခဲ့တဲ့ AMG Aerodynamic Package ကိုလည်း Sport ပိုဆန်သွားတဲ့ အရှေ့ဘက် Apron Design နဲ့ ပိုကြီးလာတဲ့ Front Grille ၊ AMG Wing တို့အပြင် Blade Diffuser နဲ့ အနက်ရောင်သီးသန့်အဖြစ် ပြောင်းလဲပြီး ပိုဆန်းသစ်လာ စေပါတော့တယ်။

Photo Credit: CARBUZZ

ဒါတင်မကသေးပါဘူး ၊ AMG Night Package နဲ့ AMG Night Package II တို့ကိုလည်း အဆင့်မြှင့်တင် ပေးထားပြန် ပါတယ်။ ‌ကားရဲ့ဘေးဘက် Side Sill Trims တွေမှာ ပြောင်လက်နေတဲ့ ပုံစံလေး ဖြစ်အောင် High Gloss Black ကို သုံးထားပြီး တံခါးဘောင်‌တွေ ၊ Grille နဲ့ တံဆိပ် နေရာတွေမှာက အစ အဆိုပါ ဒီဇိုင်းလေးကို သုံး ပေးထားကာ Sport ပိုဆန်နေခဲ့တာ ဖြစ်ပါတယ်။ Edition 55 အထူးထုတ် ကားတွေကို တော့ အရောင် ၂ မျိုးနဲ့ရရှိနိုင်ပြီး Cosmos Black Metallic ဒါမှမဟုတ် Digital White Metallic တို့ ဆိုပြီး ရွေးချယ်နိုင်မှာပါ။ A 35 နဲ့ CLA 35 AMG Model တွေမှာ ဆိုရင် တော့ AMG တံဆိပ်တွေ ၊ Rhombus တွေနဲ့အတူ Graphic အလန်းတွေပါ ရရှိ နိုင်ဦးမှာ ဖြစ်ပါတယ်။ ကားရဲ့ဘီးတွေ က အစ ၁၉ လက်မအရွယ် AMG Multi-Spoke Light Alloy ဘီးတွေကို တပ်ဆင် ထားပြီ ဖြစ်ပြီး သေချာတာကတော့ သီးသီးသန့် သန့် နဲ့ Sports ဆန်တဲ့ အရသာကို ပိုပေးလာနိုင်ပါတယ်။ ဒါ့အပြင် Matt Titanium မီးခိုးရောင် မျက်နှာပြင် လေးကိုလည်း High Sheen Rim Flange နဲ့ ပေါင်းစပ် ပေးထားတာ တကယ့်ကို ထူးခြားစရာပါ။ ဒါတင် မကသေးပဲ ဆီထည့်တဲ့ အဖုံးလေးက အစ Edition 55 အထူးထုတ် လက်ရာထည့်ပေးထားမှာဖြစ်ပြီး AMG ဆိုတဲ့ စာသားလေးနဲ့ Silver Chrome Design လေးကိုလည်း မြင်တွေ့ ရဦးမှာပဲ ဖြစ်ပါတယ်။ ကားရဲ့ အတွင်းခန်းမှာပါ ထူးခြားပြီး ကြည့်ကောင်းတဲ့ အဆင့်မြှင့်တင်မှုတွေကို ဆက်ပြီး မြင်ရဦးမှာပါ။

Photo Credit: CARBUZZ

ထိုင်ခုံတွေကိုတော့ Classic Design ဖြစ်တဲ့ အနီနဲ့ အနက် ‌ပေါင်းစပ်ထားတဲ့ အသွင်အနေနဲ့သာ ရရှိနိုင်မှာ ဖြစ်ပြီး အဆိုပါ အရောင်ကိုတော့ Cabin အတွင်းခန်း အောက်ပိုင်းတွေ အထိ ယူဆောင် ပေးထားပါတယ်။ အနက်ရောင် ကြမ်းခင်းဖျာတွေကိုတော့ တံခါးဘောင်တွေနဲ့လိုက်ဖက်အောင် AMG စာသား အနီရောင်လေး တွေနဲ့ အနားသတ် ပေးထားပါတယ်။ Three Spoke စတီယာတိုင် ကိုတော့ အလယ်တည့်တည့်မှာပဲ Edition 55 ဆိုတဲ့ စာသားလေးနဲ့ အတူ ကြည့်လိုက်တာနဲ့ အထူးထုတ် ဆိုတာ သိသာနေအောင် ဖန်တီးပေး ထား လိုက်ပါတယ်။ အနီရောင်လေးတွေ ကြောင့် အတွင်းခန်း အတွက် ထင်ထင်ရှားရှား ရှိနေတဲ့အပြင် Brushed Aluminium Trim ကိုလည်း ထပ်ထည့် ပေးထားတာကြောင့် ပိုပြီး အရောင်တောက်နေပြန်ပါ တယ်။ Mercedes-Benz ကတော့ အခု အထူးထုတ် ကားတွေ အတွက် ဈေးအတော်လေးများတဲ့ $ 13,700 တန် Equipment Package တစ်ခုကိုလည်း ဝယ်ယူနိုင်အောင် စီစဉ် ပေးထား သေးတာပါ။ အဆိုပါ Pack တွေကိုတော့ အမေရိက ဈေးကွက်လောက် အထိ ရနိုင်မလား မပြောတတ်သေး ပေမယ့် ဈေးကွက် ထဲမှာက တော့ A Class  ဆက်မရနိုင်တော့တာကြောင့် ရမယ်ဆိုရင်တောင်မှ CLA 35 AMG ကားမှာပဲ ရနိုင် လောက်ပါတယ်။ ဈေးနှုန်းတွေအနေနဲ့ ကတော့ အခု Edition 55 Package ကို $ 48,950 လောက်နဲ့ ရောင်းချမှာ ဖြစ်တာကြောင့်  သာမန် Sports Sedan တစ်စီး အတွက် ဈေးက အထူးထုတ် ဖြစ်သွားတာနဲ့ တင် $ 62,650 လောက် အထိကို ဖြစ်သွား တော့မှာပါ။ ဥရောပ မှာ ဆိုရင်တော့ ဝယ်ယူလိုသူတွေ အနေနဲ့ အဆိုပါ Pack အတွက်ကို A 35 Hatchback နဲ့ CLA 35 Shooting Brake ကားတွေနဲ့ တွဲဖက်ပြီး ဝယ်ယူ နိုင်ဖို့ ရှိပါတယ်။

Ref: carbuzz.com