ပြီးခဲ့တဲ့ အပတ်တုန်းကပဲ ဗြိတိန် အခြေစိုက် လျှပ်စစ်ကားကုမ္ပဏီ တစ်ခုဖြစ်တဲ့ McMurtry ကတော့ သူတို့ အနေနဲ့ Goodwood တောင်တက်ကားမောင်း ပြိုင်ပွဲကြီးဆီ တစ်ကျော့ပြန်လာပြီး Volkswagen ID.R ရဲ့စံချိန်ကို ချိုးပြမယ်လို့ ဆိုထားခဲ့ပါတယ်။ အဆိုပါ ကားကိုတော့ ‌ထူးထူးခြားခြား ဒီဇိုင်းနဲ့ မြင်ထားရတာဖြစ် ကာ အမည်ကိုတော့ Speirling လို့ ခပ်ဆန်းဆန်းပဲ ခေါ်ဆိုထား ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပြိုင်ဘက် ကောင်းဖြစ်ခဲ့တယ် ဆိုတာကတော့ သေချာ နေပြီး တကယ်လည်း ပြိုင်ပွဲမှာ VW ရဲ့ ပြိုင်ကား စံချိန်ကို ချိုး  နိုင်ဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ စံချိန် မချိုးနိုင်ခဲ့ပဲ Video ထဲ မြင်ရသလောက်တော့ ကားဟာ ၄၁.၂၉ စက္ကန့်နဲ့ ပြေးလမ်းကို အမြန်ပတ်မောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

Volkswagen I.D.R ကတော့ ၂၀၁၉ ခုနှစ် တုန်းက အဆိုပါ ပြိုင်ပွဲမှာပဲ တောင်တက် အမြန်တက်ကို ၃၉.၉၀ စက္ကန့် ထဲနဲ့ အမြန်ဆုံး စံချိန်တင်ထားနိုင်ခဲ့တာ ဖြစ်ကာ မနှစ်ကပဲ အဆိုပါ ကားက သူ့ရဲ့ ယခင်စံချိန် ဟောင်း ကိုပင် ပြန်ချိုးပြီး စံချိန် သစ် ထပ်တင်လိုက် နိုင်ပါသေးတယ်။ အဆိုပါ VW ရဲ့ စပါယ်ရှယ် စံချိန်ကို မချိုးလိုက် နိုင်ပေမယ့်လည်း အခု ထူးထူးခြားခြား လျှပ်စစ် ကားသစ်လေး ကတော့ လက်ရှိမှာ ၄၂.၂၉ စက္ကန့် အထိ အမြန်မောင်းထား နိုင်တာကြောင့် ဒုတိယမြောက် အမြန်ဆုံးကားတော့ ဖြစ်လာခဲ့ပါတယ်။ ဒါ‌ ပေမယ့် ယခင် ၁၉၉၉ တုန်းက McLaren Mercedes MP4/13 ကား ရဲ့ ၄၁.၆၀ စက္ကန့် စံချိန်ကိုတော့ ချိုးဖျက်နိုင်ခဲ့ တာပါ။ ဒီနှစ် Goodwood ရဲ့ ပြေးလမ်းကြောင်းပါ ဒီ ထူးထူးခြားခြား ပြိုင်ကားသစ်ကို ဦးဆောင် မောင်းနှင်ခဲ့ တာကတော့ Max Chilton ဖြစ်ပြီး အခု ကားတိုးတက်အောင် ဖန်တီးတဲ့ အပိုင်းတွေမှာလည်း ၎င်း ပါဝင်ခဲ့ သေးတာပါ။

Photo Credit: motor 1.com

McMurtry Speirling ဆိုတဲ့ အခု ကားလေးကတော့ တစ်ယောက်စီး လျှပ်စစ်သီးသန့် ဖြစ်ပြီး စွမ်းဆောင် ရည် ကတင် 1,000 hp အထိ ရှိနေကာ အလေးချိန်ကတော့ ၂.၂၀၅ ပေါင် အထိ ရှိနေပါတယ်။ ကားက တော့ တစ်နာရီ မိုင် ၆၀ ပမာဏ ကိုတောင် ၁.၅ စက္ကန့် အောက်နဲ့ ရအောင် အရှိန်တင်မောင်းနိုင်ပြီး Bugatti Chiron ထက်ကို ပိုမြန်နေတာ တွေ့ရမှာပါ။ ကားကတော့ ထူးထူးခြားခြား လေကို ကားရဲ့ အောက်ကနေ ဆွဲယူကာ အရှိန်ပိုကောင်းနိုင်တဲ့ Twin Fans ပန်ကာ ၂ လုံး နည်းပညာကို သုံးပေးထားပြီး ကားရဲ့ အလေး ချိန် ၂ ဆ ဖြစ်တဲ့ ၄.၄၀၉ ပေါင် ဆိုတဲ့ Downforce ပမာဏကို ဖြစ်စေနိုင်ခဲ့ပါတယ်။ တစ်နာရီကို ၁၅၀ မိုင် ပမာဏမှာ ဆိုရင်တော့ ဖော်မြူလာဝမ်း ကားတစ်စီး ထက်တောင် Downforce ပိုကောင်းအောင် ထုတ်ပေး နိုင်သေးတာ ဖြစ်ပါတယ်။

Ref: motor 1.com