နာမည်‌ကျော် McLaren တို့ကတော့ မိသားစုစီး SUV ကား အမျိုးအစား ဖန်တီးနေတယ် ဆိုတာကို တရားဝင် အတည်ပြုထားပြီး ဖြစ်ပါတယ်။ ယူကေရဲ့ ကားမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Car Magazine နဲ့ အင်တာဗျူးမှာ ကိုပဲ McLaren ရဲ့ CEO အသစ်ဖြစ်သူ Micheal Leiters က ကုမ္ပဏီကနေ ခေတ်သစ်တစ်ခုအတွက် ကားအမျိုးအစား ပုံစံအသစ်တစ်ခု ဖန်တီးဖို့ ကြိုးစားနေပြီး ပိုပြီးလည်း ဆန်းသစ်လာဖို့ ရှိတယ်လို့ ဆိုခဲ့ပါတယ်။ ဒါတင်မကသေးပဲ အဆိုပါ မိသားစုကား အသစ်က လျှပ်စစ်သီးသန့် ဖြစ်လာနိုင်တယ်ဆိုတဲ့ သဲလွန်စတွေကိုလည်း သိထားလာရပြန်ပါတယ်။

Photo Credit: InsideEvs

CEO ရဲ့ ပြောကြားချက် ထဲမှာတော့ လျှပ်စစ်သီးသန့် စူပါကားတွေကို အခုခေတ် Lithium-Ion Battery တွေရဲ့ အလေး ချိန်ကြောင့် မဖန်တီးချင်ပဲ အဆိုပါ အနေအထားနဲ့ Hybrid McLaren လည်း မဖြစ်လာနိုင် သေးကြောင်း ဆိုခဲ့ ဖူးပါတယ်။ ဒါပေမယ့် မိသားစုစီး SUV အမျိုးအစားအတွက် ဆိုရင်တော့ အဆိုပါ ဘက်ထရီတွေကို ကောင်းကောင်း အသုံး ချနိုင်ပါလိမ့်မယ်လို့ ဆိုထားခဲ့ သေးတာပဲ ဖြစ်ပါတယ်။ CEO Leiters ရဲ့ ပြောကြားချက်တွေအရ လျှပ်စစ် SUV ကားလို့ မယူဆနိုင်သေးပေမယ့်လည်း မိသားစုစီး ကားဆိုကတည်းက အတော်နီးစပ်နေပါပြီ။ ဒါ့အပြင် McLaren ကို Leiters တစ်ယောက် မရောက်ရှိခင်မှာ ကတည်းက သူ့ရဲ့နောက်ဆုံးသော Project ဟာ Ferrari ရဲ့  Purosangue ကား ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ Ferrari ကားအတွက် အလုပ်မလုပ်ခင်မှာလည်း လျှပ်စစ် Porsche Cayenne ကား အတွက် Porsche မှာ လုပ်ခဲ့ သေးတာလည်း ဖြစ်ပါတယ်။

Photo Credit: InsideEvs

ဒါကြောင့် ဖြစ်နိုင်ချေ များနေတဲ့ အခြေအနေမှာပဲ ဘဏ္ဍာရေးဘက်က ကြည့်ပြန်တော့လည်း အခုလို SUV အမျိုး အစားက McLaren အတွက် တကယ်လိုအပ် နေပြန်တာတွေ့ရမှာပါ။ အခြားသော Supercar Brand တွေကလည်း အခုအချိန်မှာ SUV အသစ်တွေကို အောင်အောင်မြင်မြင် ထုတ်လုပ်လာနိုင်ကြပြီ ဖြစ်ပါတယ်။ ဥပမာဆိုရင် Lamborghini Urus ဆိုတဲ့ SUV ကားသာ  အဆိုပါ အီတလီ Brand အဖို့ ‌ပြီးခဲ့တဲ့ ၂၀၁၈ ကတည်းက အစီးရေ ၂၀,၀၀၀ နဲ့ အတူ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တာကို တွေ့မြင်နိုင်ပါတယ်။ Urus ရဲ့ ဈေးကလည်း $ 230,000 ကနေ စတင် ထားတာကြောင့် ရွေးလို့ကောင်းတဲ့ SUV တစ်စီးအဖြစ် တိုးတက်လာခဲ့တာဖြစ်ကာ တစ်ဖက်မှာဆိုရင်လည်း Aston Martin ရဲ့ DBX ကားတွေပါ မနှစ်က  စုစုပေါင်းအစီးရေတစ်ဝက်အားကို ရောင်းချနိုင်ခဲ့ပြန်တာပါ။ တကယ်သာ McLaren အနေနဲ့ ဘဏ္ဍာရေးပိုင်း အခြေ အနေပိုကောင်းတဲ့ အနေအထား တစ်ရပ်ကို ရချင်တယ်ဆိုရင်တော့ SUV ကားသစ် တစ်မျိုးကို လျှပ်စစ်နဲ့ပဲဖြစ်ဖြစ် ထုတ်လုပ်ပေးလိုက်တာဟာ သိသာတဲ့ ခြေလှမ်းကောင်း တစ်ရပ်ဖြစ်လာ ပါလိမ့်မယ်လို့ ယုံကြည်ရ ပါတယ်။

Ref: InsideEvs