ကျင်းပလျက်ရှိတဲ့ Monterey Car Week ပြပွဲမှာတော့ McLaren တို့က အံ့အားသင့်စရာတွေချပြလာခဲ့ပါတယ်။ အဲ့ဒါကတော့ ပြိုင်ကားသီးသန့် ဖြစ်တဲ့ Solus ဆိုတဲ့ကားဖြစ်ကာ အစီးရေ ၂၅ စီးပဲ သီးသန့်ထုတ်လုပ် မယ့် အဆိုပါ ကားကို တော့ လာမယ့် ၂၀၂၃ မှာ စတင် ထုတ်လုပ်မှာပါ။ အဆိုပါ ကားမှာ 5.2 Liter Naturally Aspirated V 10 Engine ကြီးကို တပ်ဆင်ထားတာကြောင့် စွမ်းဆောင်ရည်ကလည်း 829 hp ၊ 479 lb-ft Torque တွေ အထိ ရှိနေပါတယ်။ အခု ကားရဲ့ တစ်နာရီ ၆၂ မိုင်နှုန်း အရှိန်တင်နိုင်ဖို့ကို ၂.၅ စက္ကန့် အတွင်း ရနိုင်ဖို့ ရည်မှန်းထားပြီး အမြင့်ဆုံး မြန်နှုန်းကပါ တစ်နာရီ ကို မိုင် ၂၀၀ အထက် ရှိနေမယ်လို့ McLaren တို့က ယုံကြည်ထားပါတယ်။ အဆိုပါ ကားမှာတော့ Seven-Speed Sequential Gearbox ကို တပ်ဆင်ပေးထားတဲ့ အပြင် ခြေနင်းတွေကလည်း အလူမီနီယံနဲ့ မဂ္ဂနီဆီယမ်တွေ သုံးပေးထား ပါတယ်။ အနောက်ဘက် Suspension နဲ့ ဂီယာတို့ကို အဓိက ချိတ်ဆက်ပေးပြီး မောင်းနှင်ရမှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားရဲ့ အလေးချိန်ကလည်း ၂,၂၀၅ ပေါင် အောက်သာ ရှိထားပြီး Aerodynamic အပိုင်းလေကြောင်း ပိုကောင်းစေဖို့ အတွက် ကိုလည်း ဘီးတွေနားက Pods တွေနဲ့ ပြင်ဆင် ပေးထားပါတယ်။ ဒါ့အပြင်  Aerodynamic ပိုင်း အတွက် ကတော့ အရှေ့ဘက် Splitter ကလည်း မြေကြီး အထိ လေဝင်လေထွက် ကောင်းတဲ့ Tunnels တွေကိုပါ ထပ်ထည့် ပေးထားပါသေးတယ်။ ကားအင်ဂျင်ရဲ့ Radiators တွေကလည်း ဘေးဘက်က Fenders တွေရဲ့ တစ်စိတ် တစ်ပိုင်းအဖြစ် Sidepods တွေအနေနဲ့ ဆက်သွယ်ပေးထားပါတယ်။ ကားရဲ့ Suspension ပိုင်းမှာလည်း Double Wishbone တွေအနေနဲ့ ပါဝင်တပ်ဆင်ထားပြီး အရှေ့ဘက် ကိုယ်ထည်ကတော့ Pushrod-Operated Dampers တွေ နဲ့ အနောက်ဘက်မှာ ကတော့ သာမန် Pullrods တွေနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ အခု ကားကတော့ယာဉ်မောင်း တစ်ယောက်တည်း စီးနင်း မောင်းနှင် နိုင်မှာ ဖြစ်ပြီး ထူးခြားတာ တစ်ခုကတော့ ကားရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီကို ဝယ်ယူသူ စိတ်ကြိုက် လုပ်ပေးနိုင်မှာပါ။ အထူးသဖြင့် ထိုင်ခုံကို ဆိုရင်လည်း ဝယ်ယူသူရဲ့ စိတ်ကြိုက် ပုံစံအတိုင်း ပုံစံ လောင်းပြီးတော့ ကို ဖန်တီးပေးထား ဦးမှာပါ။ Open Wheel ပြိုင်ကားသီးသန့်တွေနဲ့ ထုံးစံအတိုင်းပဲ အခုကားရဲ့ စတီယာတိုင် မှာလည်း လိုအပ်တဲ့ Control ခလုတ်တွေ အစုံအလင် ပါဝင်ပြီး Instrument တွေအတွက် Display တစ်ခုလည်း ပါဝင်ပါသေးတယ်။ ကားရဲ့ Roll Hoop နဲ့ Halo Protection Structure တွေက 3D နဲ့ ပုံဖော်ဖန်တီးထားမယ့် တိုက်တေနီယမ် အသားတွေပဲဖြစ်လို့ အတော်လေး ခိုင်မာသပ်ရပ်ပါတယ်။

Photo Credit: motor 1.com

အခု ကားသီးသန့် ၂၅ စီးကို ဝယ်ယူမယ့် သူ အကုန်လုံးကိုလည်း ကားရဲ့ Driver-Development Coaching Program ကိုပါ တက်ရောက်ရမှာ ဖြစ်ပြီး FIA-Homologated ပြိုင်ကား မောင်းဝတ်စုံ ၊ အကာအကွယ် ဦးထုပ်နဲ့ Bespoke HANS Device တွေ ကိုလည်း ပေးသွား ဦးမှာ ဖြစ်ပါတယ်။ Solus ကားက လက်ရှိ မှာတော့ ပြေးလမ်းပေါ် စမ်းသပ်ထုတ်လုပ် နေတဲ့ အဆင့်ကို ရောက်နေပြီး ဝယ်ယူသူတွေ အဖို့လည်း ကားရဲ့ အခြေအနေကို သိရဖို့အတွက် အစမ်းသပ်ခံကား Prototype အဆင့် မှာကတည်းက စမ်းမောင်းကြည့်လို့ ရဦးမှာပါ။ အခု အဆင့်တွေ အားလုံးပြီးသွားပြီ ဆိုရင်တော့ ကား‌ကိုဝယ်ယူထားသူ ပိုင်ရှင်တွေ အနေနဲ့ ကားနဲ့ ပတ်သက်တဲ့ Flight Case ဆိုတာကိုလည်း ရရှိဦးမှာ ဖြစ်ပါတယ်။ အဆိုပါ Case ထဲမှာတော့ လိုအပ်တဲ့ ကိရိယာတွေ ၊ Stands တွေ ၊ ရေဒီယို အစုံလိုက်နဲ့ Coolant Pre-Heater တွေအပြင် အခြားသော ကားမောင်း ပြိုင်ပွဲတွေကိုပါ သင့်တော်သလို ဝင်ရောက် ယှဉ်ပြိုင်ခွင့်တွေ ရရှိသွားတော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com