McLaren ကား ကုမ္ပဏီကနေ ထုတ်လုပ်ဖို့အတွက် လမ်းမမြင်ရတဲ့ ကားအမျိုးအစား ၂ မျိုး ရှိထားပါတယ်။ အဆိုပါ ကားတွေကတော့ Sedan နဲ့ SUV ကားတွေပါပဲ။ ဒါပေမယ့်လည်း အခုဆိုရင်တော့ အဆိုပါ အလားအလာတွေက ကုမ္ပဏီရဲ့ ခေါင်းဆောင်သစ်နဲ့အတူ ပြောင်းလဲစပြုလာဖို့ ရှိနေပါပြီ။ ယူကေရဲ့ Auto Express သတင်းတွေ အရတော့ McLaren Automotive ရဲ့ CEO အသစ်ဖြစ်သူ Michael Leiters က 2,000 hp ရှိ Lotus Evija နဲ့ ပြိုင်ဘက် ဖြစ်လာ မယ့် Hypercar EV က ကုမ္ပဏီအတွက် အဓိကဦးစားပေး မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ အဆိုပါ Hypercar အတွက် ပိုကောင်းတဲ့ နည်းပညာကလည်း အသင့် မဖြစ်သေးတာကြောင့် အဲ့ဒီအစား နေ့စဉ်လူနေမှုဘဝအတွက် ပိုသင့်တော် အသုံးတည့်မယ့် လျှပ်စစ်ကား တစ်မျိုးကိုသာ ဦးစားပေး ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

နေ့စဉ် လူနေမှုဘဝ အတွက် အသုံးတည့်မယ့် ကားလို့ CEO အသစ်က ရည်ညွှန်းထားတာကြောင့် အမျိုးမျိုးတော့ စဉ်းစားလို့ ရနိုင်ပေမယ့် McLaren တို့က ခရီးသည်ပိုများများဆံ့မယ့် ကားအမျိုးအစား တစ်မျိုးကို ရည်ရွယ်နေပုံ ရပါတယ်။ ဒါ့အပြင် အခု CEO Leiters ဆိုသူက ယခင်ကလည်း Ferrari မှာ CTO လုပ်ခဲ့ဖူးပြီး ပေါ့ပါးတဲ့ကားတွေ ဘက်ကို ပိုအားသန်သူ ဖြစ်ပါတယ်။ ဒါကို နဂိုရှိပြီးသား McLaren ရဲ့ DNA နဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ တကယ်ကို လက်တွေ့ကျတဲ့ လျှပ်စစ်ကားသစ် ဖြစ်လာဖို့ များပါတယ်။ တကယ်သာ ဖြစ်လာမယ် ဆိုရင်တော့ ဈေးနှုန်းကလည်း အနည်းဆုံး ပေါင် ၂၀၀,၀၀၀ လောက်က နေစတင် လာနိုင်မှာဖြစ်ပြီး Leiters ကိုယ်တိုင်ကလည်း အများကြီး ထုတ်လုပ်တာမျိုးထက် နည်းနည်းနဲ့ အကျိုးအမြတ်ပိုရမှာမျိုးကို လိုလားသူ ဖြစ်ပါတယ်။

Photo Credit: motor 1.com

စိတ်ဝင်စားဖို့ ကောင်းတာကတော့ ပြီးခဲ့တဲ့ လပိုင်းတုန်းကပဲ လျှပ်စစ် SUV ကားတစ်မျိုးကို McLaren တို့ ဖန်တီး နေတယ်ဆိုတဲ့ သတင်းတစ်ချို့ကို Car Magazine ဆီက သိရှိခဲ့ ကြရတာပါ။ ဒါကို ကြည့်ပြီး SUV ကားပဲ ဖြစ်မယ်လို့ အတည်မပြုနိုင်သေးပေမယ့်လည်း Ferrari ရဲ့ Purosangue SUV ကား ထုတ်လုပ်ရာမှာ အရေးပါခဲ့တဲ့ CEO အသစ် Leiters ကြောင့်တော့ အခုကားဟာ Sedan ရော SUV ပါ ဖြစ်လာနိုင်နေ တာပါ။ အချိန်ကာလ အရရော စောင့်ကြည့်ရဦးမှာဖြစ်ပြီး အတည်ပြုဖို့တွေလည်း အများကြီး လိုအပ်နိုင်ပါသေးတယ်။ လက်ရှိမှာတော့ McLaren က လျှပ်စစ် ကားခေတ်သစ်ထဲကို BMW နဲ့ ပူးပေါင်းကာ Artura ဆိုတဲ့ Supercar နဲ့ စတင်ဝင်ရောက်ထားပြီး 671 hp နဲ့ 530 lb-ft Torque အထိ စွမ်းဆောင်နိုင်တဲ့ Hybrid လျှပ်စစ်ကားပဲ ဖြစ်ပါတယ်။

Ref: motor 1.com