McLaren အနေနဲ့ Sabre ဆိုတဲ့ Hypercar အသစ်ကို ပြီးခဲ့တဲ့ ၂၀၂၀ ကတည်းက စတင်ချပြခဲ့ပြီး သမိုင်းကြောင်း တစ်လျှောက် Hybrid မဟုတ်တဲ့ ကားတွေထဲ စွမ်းဆောင်ရည် အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Brand အတွက်လည်း အမြန်ဆုံး နှစ်ယောက်စီး Hypercar တစ်စီး အဖြစ်ပါ မှတ်တမ်းဝင် ခဲ့တာပါ။ အခုဆိုရင်တော့ McLaren လည်း အခြားသော ကုမ္ပဏီတွေလိုပဲ လျှပ်စစ်စွမ်းအင်ဘက်ကို ကူးပြောင်းတော့မှာ ဖြစ်တာကြောင့် အခု Sabre Hypercar က တကယ့်ကို ဂန္ဓဝင် ကားကောင်း ရှားပါးကားတစ်စီး အနေနဲ့ ကျန်ခဲ့တော့မှာပါ။ အခု ကားမှာတော့ Twin- Turbo V8 Engine နဲ့အတူ Mclaren Senna ကားမှာ မြင်ခဲ့ရတဲ့ Carbon Fiber Tub တွေကို တပ်ဆင် ပေးထားပါတယ်။ အပြင်ဘက် ကြည့်မယ် ဆိုရင်တော့ ယခင်ကားတွေနဲ့ လုံးဝကွဲထွက် နေအောင် သေချာပြင်ဆင် ပေးထားပြီး အင်ဂျင် ကလည်း တကယ်တော့ McLaren Special Operations (MSO) အစီ အစဉ်ကနေ ပြန်လည်ပြီး Tuning လုပ်ပေးထား သေးတာပါ။ MSO အဖွဲ့ကတော့ အဆိုပါ V8 Engine ကြီးကို အခု ကားအတွက် 824 hp အထိ ရအောင် မြှင့်တင်ပေးနိုင် ခဲ့ပြီး ယခင် Senna ကားတုန်းကထက် 35 hp လောက် အထိကို ပိုလာခဲ့တာပါ။ အဆိုပါ စွမ်းအင်နဲ့ ကားရဲ့ တကယ် ကောင်းတဲ့ Aerodynamic ပုံစံတို့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ အမြင့်ဆုံး မြန်နှုန်းက တစ်နာရီကို ၂၁၈ မိုင် အထိ ရလာခဲ့တာ ဖြစ်ကာ Senna ထက် တစ်နာရီ ၁၀ မိုင်စာလောက်ကို ပိုမြင့်တက်သွားတာ ဖြစ်ပါတယ်။

Photo Credit: MotorTrend

စွမ်းဆောင်ရည်ပိုင်း အဆင့်မြှင့်တင်လာမှုတွေ အပြင် MSO ကတော့ အခု ကားကို ဝယ်ယူမယ့်သူတွေ အဆင်ပြေစေဖို့ အတွက် Bespokeအရောင် တွေနဲ့ အတွင်းခန်း Trims အသစ်တွေကိုလည်း ရွေးချယ်လို့ရ အောင် စီစဉ် ပေးထားပါသေးတယ်။ အခု ကားကတော့ ရှားပါး ကားတစ်စီးလည်း ဖြစ်ပြီး အမေရိက ဈေးကွက်အတွက် ၁၅ စီး သီးသန့်ပဲ ထုတ်လုပ် ပေးထားမှာပါ။ အဆိုပါ ကား ၁၅ စီး ထဲက ၁၁ စီး မြောက်ကိုတော့ Monterey Car Week ပွဲကြီး ထဲက Mecum လေလံပွဲကြီးထဲ လေလံတင်သွားဖို့ ရှိနေပါတယ်။ အခု လေလံတင်မယ့် ကားကိုတော့ ယခင် မူလ ပိုင်ရှင်က Liquid Argentum ဆိုတဲ့ အရောင်ကို ထပ်ထည့်ထားတာ ဖြစ်ပြီး ကာဗွန်ဖိုက်ဘာ Accents လေးတွေနဲ့ လည်း ပေါင်းစပ်လိုက်တဲ့ အခါမှာ ကားက ပိုကြွတက်နေတဲ့ အမြင်မျိုးကို ရထားပါတယ်။ ဒါ့အပြင် အပြင်ဘက်ပိုင်းမှာ တော့ Liquid Papaya Orange ဆိုတဲ့ အရောင်နဲ့ Volcano Orange ဆိုတဲ့ အရောင်တွေကို ‌Brake Calipers လေးတွေနေရာမှာပါ ထပ်ပြီး အလှဆင်ထားတာ ပါသေးတယ်။

Photo Credit: MotorTrend

အတွင်းခန်းကိုလည်း ပိုင်ရှင်က အခု အရသာအတိုင်း ဆက်ရနေစေဖို့အတွက် Volcano Orange အရောင်ကိုပဲ ယာဉ်မောင်း ထိုင်ခုံမှာ ထပ်ထည့်ထားသလို ခရီးသည်ထိုင်ခုံတွေကိုတော့ ကာဗွန်အနက်ရောင်ပဲ သုံး ထားလိုက်တာ ဖြစ်ပါတယ်။ ကားကတော့ ဖန်တီးသူ ဘယ်သူဆိုတာ သိသာအောင် MSO ရဲ့ Logo တံဆိပ် အတော်များများကို ကား အတွင်းခန်းမှာ ထည့်ပေးထားပါတယ်။ အခု Hypercar ကြီးကတော့ အခု Mecum 2022 ကားလေလံပွဲအတွက် အဓိက စိတ်ဝင်စားစရာတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထား ရပြီး လေလံအောင်ကြေးကိုတော့ ဒေါ်လာ ၄.၅ သန်း နဲ့ ၅ သန်း အကြား ရလာမယ်လို့တော့ ခန့်မှန်းထားကြ ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကားက တကယ့်ကို ရှားပါး ကားကောင်း တစ်စီးဖြစ်လာနေပြီ ဖြစ်လို့ လေလံဈေးက အခုခန့်မှန်းထားတာထက် ပိုရသွားမယ် ဆိုရင်လည်း သိပ် တော့ အံ့အားသင့်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကားကို ဘယ်လိုမှ မရောင်းချပဲ ဆက်ထိန်းထားနိုင်မယ်ဆိုတဲ့ ခန့်မှန်း ချက် တွေလည်း ရှိနေသေးတာဖြစ်ပြီး ပြန်စဉ်းစား ကြည့်ပြန်ရင်လည်း သန်းကြွယ် သူဌေးတွေအများကြီး တက်ရောက်ကြမယ့် အဆို ပါ ပြပွဲကြီးမှာတော့ အခုကားကို ဈေးကောင်းကောင်းပေးပြီး ဝယ်ယူသွားနိုင်ချေ ကလည်း ကောင်းကောင်းကို ရှိနေတာမို့ သေချာပေါက် နားစွင့်စောင့်ကြည့် နေရတော့မှာ ဖြစ်ပါတယ်။

Ref: MotorTrend