လက်ရှိမှာတော့ ကမ္ဘာတစ်ဝန်းက ကားထုတ်လုပ်ရေး လုပ်ငန်းအများစုအတွက် စက်ရုံတစ်ချို့ကို ပိတ်သိမ်း ပြီး ထုတ်လုပ်မှုတွေ နှောင့်နှေးတာတွေနဲ့ တစ်ဖန်ပြန်ကြုံလာရပြန်ပါပြီ။ အကြောင်းကတော့ ကမ္ဘာ့ကပ်ရော ဂါနဲ့ ယူက‌ရိန်း အရေး ကြောင့်ပဲ ဖြစ်ပြီး အဓိကအားဖြင့် ကုန်ကြမ်းထောက်ပံ့မှု ကွင်းဆက် လမ်းကြောင်းတွေ ပြတ်တောက် လာတာ ကြောင့် ဖြစ်ပါတယ်။ Toyota တို့လို လုပ်ငန်းကြီးတွေတောင် တစ်ချို့ ဒေသက စက်ရုံတွေကို ပိတ်သိမ်းကြောင်းတွေ ဆက်တိုက် ကြေညာခဲ့ရတာ ဖြစ်ပြီး အခုလိုတွေ ဖြစ်နေတာကြောင့် ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်နိုင်မှု အနေအထားကိုလည်း ကျဆင်းနေစေခဲ့ပါတယ်။ အမေရိက ဈေးကွက် ထဲကို လှမ်းကြည့် ပြန်တော့လည်း ပြဿနာ တွေက အလားတူပဲ ဖြစ်ပြီး Chevrolet Corvette ကားတွေကို ဝယ်လိုအားနဲ့ မျှအောင် မနည်းကျားကန် ထုတ်လုပ် နေရပြီး အခြေအနေကတော့ သိပ်မဟန်လှပါဘူး။ အခုတော့ ကုမ္ပဏီ အတော်များများက ပိုပြီး နီးနီးစပ်စပ်ရနိုင်မယ့် ကုန်ကြမ်းပစ္စည်းလမ်းကြောင်းကွင်းဆက် တွေကိုသုံးပြီး ပြဿနာကို ပြေလည်အောင် ကြိုးစားနေကြပေမယ့် အဆိုပါ နည်းလမ်းကလည်း အများကြီး ရင်းနှီးမြုပ်နှံရဦးမှာရယ် အပြင် တည်ဆောက်ရေး ‌လုပ်ငန်းတွေလည်း ပြန်လုပ်ရဦးမှာ ဖြစ်တာကြောင့် ရေတိုတော့ အကျိုးမသက်ရောက် နိုင်သေးပြန်ပါဘူး။

Photo Credit: CARBUZZ

အခုဆိုရင်တော့ ဒီပြဿနာရဲ့ နောက်ထပ် သားကောင် ဖြစ်လာတာကတော့ ဂျပန်ကုမ္ပဏီ Mazda ဖြစ်ပြီး ဂျပန်မှာ စက်ရုံ ၂ ရုံ ကို ထုတ်လုပ်မှုတွေ ယာယီရပ်ဆိုင်း ထားတော့မယ်လို့ ကြေညာလိုက်ရပါပြီ။ အဆိုပါ စက်ရုံ ၂ ရုံ ကတော့ ဟီရိုရှီးမား နဲ့ ရာမာဂုချီ တို့ဆီက စက်ရုံတွေ ဖြစ်ပြီး လက်ရှိမှာ MX-5 Miata ၊ CX-5 နဲ့ အခြား ကားအတော်များများ ကိုလည်း ထုတ်လုပ်ပေးနေကာ Fiat အတွက် 124 Spider Range ကိုတောင် ဖန်တီးပေးနေတဲ့ စက်ရုံတွေ ဖြစ်ကြပါ တယ်။ ကြေညာချက် အရတော့ လောလောဆယ် လာမယ့် ဧပြီလ ၄ ရက်နဲ့ ၅ ရက် နေ့တွေမှာ စက်ရုံကို ခေတ္တ ပိတ်ထားမှာ ဖြစ်တာကြောင့် ထုတ်လုပ်ရေးသုံး အစိတ်အပိုင်းတွေ မလုံလောက်လို့ ဖြစ်တယ်လို့ဖော်ပြထား ပါတယ်။ ဘယ်လို အစိတ်အပိုင်းတွေ လိုအပ်ချက် ရှိနေလို့လဲ ဆို တာ တရားဝင်မပြောကြားထား သေးပေမယ့်လည်း ပြဿနာ ရင်းမြစ်ကတော့ လက်ရှိ တရုတ်နိုင်ငံတွင်းမှာ ပြန်လည်ဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ကြောင့်ပဲ ဖြစ်နိုင်ပါတယ်။

Photo Credit: CARBUZZ

စက်ရုံကတော့ ပုံမှန်ကြည့်လိုက်ရင် ၂ ရက်လေးပဲ ပိတ်ရတာမို့လို့ ထုတ်လုပ်ရေးပိုင်းမှာ အနည်းငယ်လေးပဲ ‌လျော့ကျသွားမှာ ပါလို့ ယူဆနိုင်ပေမယ့်လည်း တစ်ရက်ကို ကားအစီးရေများစွာ ထုတ်လုပ်ပေးနေနိုင်တဲ့ စက်ရုံတွေ ဖြစ်တာကြောင့် ‌နောက်ဆုံးထုတ်လုပ်ရေး သတ်မှတ်ချက်တွေ ပြည့်မှီဖို့တော့ အနှောက်အယှက် ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ကံကောင်းတာကတော့ အမေရိကန် နိုင်ငံ ၊ အလာဘားမား ပြည်နယ်ထဲက ၊ Huntsville ရှိ  Mazda Toyota ပူးပေါင်း ကားထုတ်လုပ်ရေး စက်ရုံကြီး အခုခေတ္တ ပိတ်သိမ်းရမယ့် အထဲ မပါဝင်သေးတာပါပဲ။ ဒါပေမယ့် အဆိုပါ စက်ရုံမှာ ကတော့ အဓိကကျတဲ့ ကား အမျိုးအစား ၂ မျိုးပဲ ထုတ် လုပ်နေတာ ဖြစ်ပြီး အဆိုပါ ကားတွေကတော့ Toyota Corolla Cross နဲ့ Mazda CX-50 တို့ပဲ ဖြစ်ပါ တယ်။ အဆိုပါ ဂျပန် Brand Mazda အတွက်ကတော့ ပိုပြီး အဆင့်မြင့်ကာ Premium ဆန်တဲ့ SUV တွေ ကို တိုးတက်ထုတ်လုပ် လာနိုင်ဖို့ ရှိတာ‌ကြောင့် လာမယ့်နှစ် အနည်းငယ် အတွင်းမှာတင် အတော်လေး တိုးတက်လာဖို့ ရှိနေပြီပဲ ဖြစ်ပါတယ်။

Ref: carbuzz.com