2016 ခုနှစ်ကနေ စတင် ထုတ်လုပ်ခဲ့တဲ့ Mazda ရဲ့ CX-5 Crossover နဲ့ အခြားသော ကား‌တစ်ချို့မှာတော့ ထူးပေ့ဆန်းပေ့ဆိုတဲ့ နည်းပညာပြဿနာတစ်ရပ်နဲ့ ကြုံနေရပါတယ်။ Puget Sound Area မှာထားပြီး ‌ကား ရဲ့ရေဒီယို ဖွင့်လိုက်သူ အားလုံးကတော့ KUOW ရဲ့ 94.9 FM ရေဒီယိုလိုင်းမှာပဲ ရပ်နေတော့တာဖြစ်ကာ လုံးဝကို တစ်ခြား လိုင်းပြောင်းမရ ဖြစ်နေတော့တာပါပဲ။ အခု ဆိုရင်တော့  အဆိုပါ ပြဿနာနဲ့ပတ်သက်ပြီး Mazda ကားပိုင်ရှင်တွေ အကြား Social Media တွေမှာ အဖြေရှာနိုင်ဖို့ ပို့စ်တွေလည်း တက်လာနေပြီ ဖြစ် ပါတယ်။ ပထမဆုံးသတိထားမိတဲ့ ပို့စ်တစ်ခုကတော့ Seattle ဒေသက Scott Smith ဆိုသူဖြစ်ကာ သူ့ အနေနဲ့ စတိုးဆိုင်တစ်ဆိုင်ကအပြန် သူ့ရဲ့ 2016 CX-5 ကားမှာ အခု ပြဿနာစခဲ့တာပါ။ သူ့အနေနဲ့ အခြား သော Screen တွေ Function တွေကို ပြန်ပြီးပြောင်းဖို့ ကြိုးစားပေမယ့်လည်း အဆိုပါ ရေဒီယိုနေရာကို လုံးဝ ရပ်လို့မရဖြစ်နေပြီး Reboot ပြန်လုပ်ပြီးတာတောင်မှ မပြောင်းနိုင် ဖြစ်နေသေးတာကို တွေ့လိုက်ရပါ တယ်။ နောက်ထပ်တစ်ခု Error အနေနဲ့ တွေ့လိုက်ရတာကတော့ သူ့ကားမှာ National Public Radio ( NPR ) ရေဒီယိုလိုင်းက ပွင့်နေတာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ကားရဲ့လမ်းညွှန် စနစ်တွေနဲ့ အခြားသော Bluetooth လုပ်ဆောင်ချက်တွေပါ ဘာတစ်ခုမှ အလုပ်မလုပ် တော့တာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အဆိုပါ ရေဒီယိုလိုင်းက အလိုလို ပွင့်နေပြီးတဲ့ အချိန်မှာတော့ သူ့အနေနဲ့ လုပ်လို့ရတာက အသံအတိုးအချဲ့ တစ်ခုတည်းပဲ ဖြစ်ပါတယ်။ KUOW ရေဒီယိုအစီအစဉ်ကလည်း အခုလို အလားတူပြဿနာကို အခြားသော Mazda ကားပိုင်ရှင်တွေကပါ ကြုံတွေ့နေရတယ် ဆိုတာကို သတိပြုခဲ့မိတယ်လို့လည်း ဆိုထားပါတယ်။ ဒေသတွင်း Service Manager ၃ ယောက်လောက်ဆီကို အလားတူ ပြဿနာတွေကို ဖော်ပြလာကြပြီး တစ် ချို့ဆိုရင် ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်လောက်ကတည်းက သူတို့ရဲ့ ရေဒီယိုက တစ်ခြားအပိုင်းတွေ အလုပ်မလုပ်တော့တာ ဖြစ်တယ်လို့ ဆိုခဲ့ ကြပါတယ်။ ရေဒီယိုလိုင်း ဘက်ကတော့ ဘာကြောင့် သူတို့ရဲ့ လိုင်းကိုမှရွေးပြီး အခုလိုဖြစ်ရသလဲ ဆိုတာကို မသိရသေးပေမယ့်လည်း ဖြစ်နိုင်ချေရှိတာကတော့ မကြာ သေးမီကမှ ပြောင်းလဲပေးလာတဲ့ 5G ကွန်ရက် တိုးချဲ့မှုတွေနဲ့ အခြားသော 3G ကွန်ရက် အဟောင်းတွေကို ပိတ်ပစ်လိုက်တာတွေကြောင့် ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဆက်စပ်ပြီး စဉ်းစားကြည့်မယ် ဆိုရင်တော့ အဆိုပါ 2016 Mazda ကားတွေက 3G ပဲ ရလို့ ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ပြန်စဉ်းစား ကြည့်ပြန်ရင်လည်း အခုလို မိုဘိုင်း ကွန်ရက်တွေ အပြောင်းအလဲက ရေဒီယိုလိုင်းတွေနဲ့ ဘယ်လိုမှ မဆိုင်တာကြောင့် ဖြစ်နိုင်ချေ ကတော့ နည်းနေပြန်ပါတယ်။

Photo Credit: CARBUZZ

KUOW ရဲ့ ပြောရေးဆိုခွင့်ရှိသူ Michaela Gianotti ကတော့ သူတို့ရေဒီယိုရဲ့ နောက်ကွယ်က နည်းပညာ ပိုင်းမှာ အဓိက ကျတဲ့ Xperi ကုမ္ပဏီနဲ့ ဆက်သွယ်နေပြီ ဖြစ်ပြီး ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့ Transmitters တွေကိုလည်း စစ်ဆေး ခွင့်ပြုထားပြီး ဖြစ်တယ်လို့ဆိုထားပါတယ်။ အဆိုပါ ပြဿနာနဲ့ ပတ် သက်လို့ Mazda ရဲ့ အမေရိကကိုယ်စားလှယ်ရုံးဆီ အထိ ရောက်ခဲ့ပေမယ့်လည်း တစ်စုံတစ်ရာတော့ အကြောင်း ပြန်ကြားခဲ့ခြင်းမရှိ သေးပါဘူး။ ဒါပေမယ့်လည်း ဒေသခံ Dealership တွေကတော့ သူတို့ အနေ နဲ့ ပစ္စည်းတစ်ခုခုကို ပြန်လည် အစားထိုးရမယ်ဆိုရင်တော့ လာမယ့် ရက်သတ္တပတ် ထဲမှာတင် ပြန်လည် စီစဉ်ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ တကယ်သာ အခု ပြဿနာကြောင့် Mazda ကားအသစ်တွေ ပြန် သိမ်းရမယ်ဆိုရင် သမိုင်းတစ်လျှောက် အထူးဆန်းဆုံး ပြဿနာနဲ့ ပြန်လည်သိမ်းဆည်း ရခြင်းတွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်သွား ရတော့မှာပါ။

Ref: carbuzz.com