Mazda ကုမ္ပဏီကတော့ လက်ရှိမှာ သူတို့ရဲ့ All New CX-50 Crossover ကားအသစ်ကို စတင် ထုတ်လုပ်နေပြီ ဖြစ်ပေမယ့် ဒီကားက တော့ လာမယ့်နှစ် အပိုင်းအခြားတွေ အတွက် တစ်စီးတည်းသော ကားအသစ် မဟုတ် နေပြန်ပါဘူး။ Mazda အနေနဲ့ နောက်ထပ် Coupe ကားသစ်တစ်စီး ထပ်မံ ထုတ်လုပ်ဖို့ ကြိုးစားနေတာ တွေ့ရသလို SUV အပိုင်းမှာ ဆိုရင်လည်း နောက်ထပ် ကားမော်ဒယ်အသစ်တွေ အများကြီး မြင်ရဖို့ ရှိနေပါသေးတယ်။ အဆိုပါ ကားတွေထဲမှာ တော့ CX-80 က လက်ရှိ CX-8 ကားထက် ပိုပြီး အဆင့်မြင့်တဲ့ Premium ဆန်ဆန် Version ကား တစ်စီး ဖြစ်လာဖို့ ရှိပါတယ်။ အဆိုပါ ကားကို အမေရိက ဈေးကွက်အတွက် ရည်ရွယ်ထားလား ဆိုတာ မသေချာ သေးပေမယ့် သေချာတာကတော့ ဥရောပဈေးကွက် ဖြစ်ပါတယ်။ အဆိုပါ ကားကတော့ တကယ်တမ်း ထွက်ပေါ်လာမယ် ဆိုရင် ခုနစ် ယောက်စီး ဖြစ်လာမှာဖြစ်ပြီး တကယ်လည်း အဆင့်မြင့်တဲ့ ကားဖြစ်လာနိုင်တာ ကြောင့် အမေရိကဈေးကွက် အထိလည်း ပေါက်ရောက် လာနိုင်ပါတယ်။
Photo Credit: CARBUZZ
အခုဆိုရင်တော့ အဆိုပါ CX-80 ကားအသစ် အတွက် Render ပုံကြမ်းတစ်ချို့နဲ့ စတင်ပုံဖော် ကြည့်လာကြပြီ ဖြစ်ပြီး ပုံစံကတော့ တခြား သော Mazda ရဲ့ SUV တွေနဲ့ အတူတူနီးပါး ဆိုပေမယ့် ဒီဇိုင်းပိုင်း အသေးစိတ်တွေနဲ့ ဇိမ်ခံ အရသာ ပိုင်းမှာတော့ သိသိသာသာ ပိုကောင်း နေမှာပါ။ အဆိုပါ ကားသစ်ကိုတော့ ကုမ္ပဏီရဲ့ Platform အကြီးစား တစ်ခုပေါ်မှာ အခြေခံ ဖန်တီးလာမယ်လို့လည်း သတင်းတွေက ဆိုနေ ကြသလို 3.0 Liter Six-Cylinder Engine လည်း ပါလာနိုင်တယ်လို့ သိရပါတယ်။ အဆိုပါ ကားမှာတော့ ဓာတ်ဆီနဲ့ရော ဒီဇယ် အမျိုး အစားတွေ အနေနဲ့ပါ ထွက်ပေါ်လာနိုင်ပြီး Mild-Hybrid နည်းပညာနဲ့အတူ ဆီစားသက်သာအောင်လည်း ဖန်တီးပေးလာဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အချိန်အထိကတော့ ကားရဲ့အင်ဂျင်ပိုင်း အချက်အလက်တွေနဲ့ စွမ်းဆောင်ရည် တွေ ကိုမသိရသေး ပါဘူး။
အခု ကားသစ်ကတော့ ယခင် CX-50 ရဲ့ ဒီဇိုင်းကိုပဲ ပိုကြီးတဲ့ ကိုယ်ထည်နဲ့ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ပိုပြီးတော့ ဆွဲဆောင်မှု ရှိဖို့ဆို ရင်တော့ ကိုယ်ပိုင် ထူးခြားပြီး သီးသန့်ဆန်တဲ့ လုပ်ဆောင်ချက်တွေ ထည့်ပေးလာဖို့ လိုအပ် ပါလိမ့်မယ်။ အကြောင်းကတော့ Mazda အနေနဲ့ အဆိုပါ ကားသစ်နဲ့ အတူ CX-60 ၊ CX-70 နဲ့ CX-90 SUV တို့ ကိုလည်း မိတ်ဆက်ဖို့ ရှိနေသေးလို့ပါပဲ။ အဆိုပါ ကားတွေလည်း တစ်စီးနဲ့တစ်စီးဘယ်လောက်အထိ ကွဲကွဲပြားပြား ဖြစ်လာအောင် ပုံဖော်ပေးနိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ CX-80 ကား သစ်ကိုတော့ ဂျပန် ဈေးကွက်ထဲ ၂၀၂၃ လောက်မှာ စတင် မိတ်ဆက်မယ်လို့ ယူဆရပြီး နောက်ပိုင်းမှာတော့ အခြား ဈေးကွက်တွေထဲ ဝင် လာနိုင်ပါ တယ်။
Ref: carbuzz.com