ဂျပန် အခြေစိုက် Tuning Company တစ်ခုဖြစ်တဲ့ Auto Axe တို့ကတော့ Mazda ရဲ့ နာမည်ကြီး ကားတစ်စီး CX-8 ကားအတွက် အတော်လေး ထူးခြားလှပတဲ့ ဒီဇိုင်း Package တစ်မျိုးကို ထုတ်ပေးလိုက်ပါတယ်။ အခု Package အသစ်ကြောင့် CX-8 ကားက ပိုပြီးတော့ကို Aggressive ဆန်တဲ့ ဒီဇိုင်း ဖြစ်လာခဲ့တော့မှာပါ။ ကားရဲ့ အရှေ့ဘက် မှာ Chin Spoiler အသစ်ကို ထည့်ပေးလိုက်တာက Mazda ကား ရဲ့ Fascia ပုံစံကို လုံးဝပြောင်းလဲ သွားစေခဲ့ပြီး ကျန်ဒီဇိုင်းတွေကိုလည်း ဆက်ပြီး ထူးခြားသွားစေတဲ့ နေရာအစ ဖြစ်သွားစေပါတယ်။

Photo Credit: AllAutoExperts

ကားရဲ့ အင်ဂျင်စက်ဖုံး ကိုလည်း ခပ်ကြီးကြီး အနက်ရောင် Horizontal Slats လိုင်းကြီးတွေနဲ့ ပြင်ဆင်ခြယ်သ ပေးထားတာကြောင့် တော်တော်ကို သိသိသာသာ လှပပြောင်းလဲ နေစေပါတယ်။ CX-8 ကားကို ဒီလိုဇိုင်းပိုင်း အပြောင်းအလဲတွေနဲ့တင် လုံးဝဆန်းသစ် သွားစေတာ မဟုတ်ပဲ ဘီးအသစ်တွေနဲ့ တံခါးအတွက် Wind deflector အသစ်တွေကိုလည်း ထည့်ပေးထားသေးတာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

ကားရဲ့ အနောက်ဘက် ပိုင်းမှာလည်းကြီးကြီးမားမား အပြောင်းအလဲတွေ ရှိထားပြီး Piano Black အနက်ရောင်နဲ့ Diffuser အသစ်ကိုလည်း မြင်တွေ့ထားရပါတယ်။ ဒါ့အပြင် အမိုးမှာ တပ်ဆင်ထားပြီး သိသိသာ သာကို လှပနေတဲ့ Spoiler ကြီးကလည်း ကားနဲ့ တော်တော်ကို လိုက်ဖက်နေပြန်ပါတယ်။ Mazda CX-8 ကားအနေနဲ့ ကတော့ ကောင်းပြီးသား ဆိုပေမယ့် အခု Package မှာ Stainless Steel နဲ့ ဖန်တီးထားတဲ့ Sports အိတ်ဇောစနစ်ပါ ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကားရဲ့ Suspension အစိတ်အပိုင်းတွေ၊ Air Intake နေရာ အသစ်တွေအပြင် ဘရိတ် အကြီးစားတွေကိုလည်း ထည့်သွင်းပေးထားပြီး ပိုကောင်းအောင် ပြင်ဆင်ပေးထားပါတယ်။ နောက်ထပ် ထပ်ထည့်ပေးဦးမယ့် အပြင်အဆင်သစ်တွေကိုတော့ ၂၀၂၃ အစောပိုင်းလောက်မှာ ထပ်မံ ချပြပေးထားနိုင်ပြီး ဈေးနှုန်းတွေကိုလည်း အဆိုပါ အချိန်လောက်မှာမှ သိရှိလာရ နိုင်ပါတယ်။

Ref: AllAutoExperts