Mazda ကား ကုမ္ပဏီကတော့ သူတို့ရဲ့ ဇိမ်ခံ SUV ကား ၅ မျိုးကို ဦးစားပေးဖို့အတွက် Sedan တွေနဲ့ Coupe ကား‌တွေကို တဖြည်းဖြည်း ရပ်တန့်လာနေပြီ ဖြစ်ပါတယ်။ Mazda CX-50 ကားသစ်ကတော့ Front-Wheel Drive အခြေခံထားတဲ့ Platform ကို အသုံးပြုထားပြီး သူ့ထက်ပိုကြီးတဲ့ CX-60 နဲ့ CX-70 ကားတွေကို ဆိုရင်တော့ Rear- Wheel Drive Platfrom ကို အခြေခံထားတာ တွေ့ရမှာပါ။ CX-60 ကား သစ်ကိုတော့ ဥရောပဈေးကွက်ထဲမှာ စတင်မြင်တွေ့ထားရပြီ ဖြစ်ပြီး CX-70 ကိုတော့ အမေရိက ဈေးကွက် ထဲ ပို့ဆောင် ပေးလာမယ်လို့ သိထားရကာ CX-90 ကတော့ အမြင့်ဆုံး ကားကြီးတစ်စီး ဖြစ်လာမှာပါ။ အခု ကားတွေရဲ့ Architecture နဲ့ ပတ်သက်ပြီး အရေးကြီး ဆုံးအချက် ကတော့ Six-Cylinder Engine ကို သုံးထားတာဖြစ်ပြီး CX-70 နဲ့ CX-90 တို့မှာဆိုရင် နောက်ထပ် Hybrid Four-cylinder Engine ကိုပါ ရွေးချယ်စရာအဖြစ် ရလာနိုင် တော့မယ်လို့ သိရပါတယ်။

Photo Credit: CARBUZZ

အခု ထွက်ပေါ်လာတဲ့သတင်း အချက်အလက်တွေ အရတော့ အဆိုပါ အင်ဂျင်ကို CX-70 နဲ့ CX-90 တို့မှာ သေချာ ပေါက် သုံးမယ်ဆိုပြီး မပြောထားပေမယ့် Four-Cylinder Engine ကို အရှည်လိုက် တပ်ဆင်ထား မယ့် ကားတွေမှာ မြင်လာ ရလိမ့်မယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် လျှပ်စစ်မော်တာ ၊ အင်ဗာတာ နဲ့ Four-Wheel Drive တို့ ပေါင်းစပ်လာမှာ ဖြစ်ပါတယ်။ အင်ဂျင်ကို အရှည်လိုက် တပ်ဆင်ထားတဲ့ Mazda ကား မော်ဒယ်တွေဆိုလို့ MX-5 Miata နဲ့ RF တို့သာ ရှိထားသေးပြီး အဆိုပါ ကားတွေကလည်း All-Wheel Drive စနစ် ဖြစ်လာတော့မှာပါ။ အခု လို မျိုး အင်ဂျင် အမျိုးအစားအသစ်ကို ထည့်ပေးထားမယ့် ကားသစ်နှစ်မျိုးနဲ့အတူ နောက်တစ်ချက် ရှေ့တန်းတင် ထားတာကတော့ အဆိုပါစနစ်ရဲ့ အင်ဗာတာ ပါဝင် လာတာဖြစ်ပြီး အင်ဗာတာကြောင့် ကားရဲ့ Cabin ပိုင်း နေရာစား မှု ကိုလည်း သက်သာစေမှာပါ။ အခြေခံ အားဖြင့်တော့ Four-Cylinder Engine ဆိုတာဟာ အရှေ့နဲ့အနောက်ကို အရှည်လိုက် ထားထားတာဖြစ်ပြီး လျှပ်စစ်မော်တာ ပါမယ် ဆိုရင်တော့ ကားရဲ့ အင်ဂျင်နဲ့ ဂီယာတို့အကြား ညှပ် ထည့်ထားတာမျိုးပါ။ ဂီယာအုံ အပေါ်ပိုင်းနဲ့ ဂီယာ Tunnel တို့အကြားမှာ အင်ဗာတာ ဝင်သွားတာဖြစ်ပြီး ကားရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ မီးအားပြန်သွင်းတဲ့ အချိန်တွေမှာ DC မီးအားကနေ AC မီးအား ပြန်ပြောင်းပေးဖို့ လိုအပ်တာ လည်း ဖြစ်ပါ တယ်။

Photo Credit: CARBUZZ

အခု ဒီဇိုင်းကတော့ အသစ် စက်စက်ရယ်လို့ မဟုတ်သေးပဲ အခြားသော ကုမ္ပဏီတွေရဲ့ Hybrid ကားတွေမှာ လည်းဒီအတိုင်းပဲသုံးထားတာပါ။ အခုထွက်ပေါ်လာမယ့် Four-Cylinder Engine ကားကိုတော့ အမေရိက ဈေးကွက်ထဲ မကြာမှီ စတင် ယူဆောင်လာနိုင်ဖို့ ရှိနေပါတယ်။ အဲ့ဒီ မတိုင်ခင်မှာတော့ CX-70 နဲ့ CX-90 တို့အတွက် ဘယ်လို အင်ဂျင်တွေ ရွေးချယ်နိုင်မလဲဆိုတာ မသိရသေးပဲ ယခင်ပြောထားပြီးသား Six-Cylinder ကတော့ သေချာပါတယ်။ ဒါပေမယ့် အခုမြင်ရတဲ့ အချက်အလက် အသစ်တစ်ချို့အရ ဆိုရင်တော့ Base Model က အင်ဂျင်အနေနဲ့ Hybrid Four-Cylinder ဖြစ်ကောင်းဖြစ်လာ နိုင်ပါတယ်။ CX-60 မှာ ဆိုရင်တော့ Mazda အနေနဲ့ Aspirated 2.5 Liter အင်ဂျင်ကို Plug-In Hybrid အနေနဲ့ တွဲသုံးထားတာ ဖြစ်ပြီး 322 hp အထိ စွမ်းဆောင် နိုင်ပါတယ်။ ဒါပေမယ့် အသစ် ထွက်လာမယ့် CX-70 အနေနဲ့ကတော့ Straight-Six Engine သာ သုံးမယ်ဆိုရင် စွမ်းအင် အနည်းငယ်ပိုပြီး ချွေတာနိုင်အောင် အားစိုက်လာမှာ ဖြစ်လို့ စွမ်းဆောင်ရည်လည်း အနည်းငယ်လျော့နည်းလာနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ အမေရိက ဈေး ကွက် အသားပေး ဝင်ရောက်လာမယ့် ကားသစ်အတွက်ကတော့ အရေးကြီးတဲ့ အသေးစိတ် အချက်အလက် တွေကို လာမယ့်နှစ် လောက်မှသာ ဆက်လက်မြင်တွေ့ လာရနိုင်တာ ဖြစ်ပါတယ်။

Ref: carbuzz.com