ဂျပန် ထိပ်တန်းကားကုမ္ပဏီ တစ်ခုဖြစ်တဲ့ Mazda ကတော့ လျှပ်စစ်ကားဆိုရင် လောလောဆယ် ဈေးကွက် ထဲမှာ MX-30 တစ်မျိုးတည်း ရှိနေသေးတာပါ။ ဒါပေမယ့် Four-Cylinder Engine တွေကိုချည်း အသုံးချ ကာ ရောင်းချတဲ့ ကုမ္ပဏီ ဖြစ်လို့ ဆီစားသက်သာတဲ့ ကားတွေအဖြစ်လည်း နာမည်ရပါတယ်။ နှစ်တွေ အတော်ကြာတဲ့ အထိအောင်လည်း Mazda အနေနဲ့ Hybrid ကားတွေ မရှိခဲ့ပဲ ဒီနေ့မှာတော့ 2023 Mazda CX-60 ကားသစ်ထွက်ပေါ်လာခြင်းနဲ့အတူ Hybrid တစ်ခေတ်ဆန်းလာခဲ့ပါပြီ။ လက်ရှိ ဥရောပရဲ့ယူကရိန်း နိုင်ငံ စစ်ပွဲအခြေအနေကြောင့် အဆိုပါ ကားသစ် မိတ်ဆက်ပွဲကို အွန်လိုင်းပေါ်ကနေပဲ Mazda တို့ ပြုလုပ်ခဲ့ ပြီး ဥရောပသီးသန့် မော်ဒယ်အဖြစ် အခု ကားကို မိတ်ဆက် ခဲ့တာဖြစ်ကာ Mazda အတွက် ပထမဆုံးသော Plug-In Hybrid ကားလည်း ဖြစ်လာပါတယ်။ CX-60 မှာတော့ ရင်နှီး ပြီးသားဖြစ်တဲ့ 2.5 Liter Four-Cylinder Engine ကို သုံးထားတာကြောင့် 189 hp နဲ့ 193 lb-ft Torque အထိကို စွမ်းဆောင်လာနိုင်ပါ တယ်။ ဒါတင်မကသေးပဲ 134 hp နဲ့ 184 lb-ft Torque အထိ ရှိတဲ့ လျှပ်စစ်မော်တာ တစ်လုံးပါ ပါသေးတာ ကြောင့် ကားတစ်စီးလုံးရဲ့ စုစုပေါင်း စွမ်းဆောင်ရည်က 322 hp နဲ့ 369 lb-ft Torque အထိကို မြင့်တက် သွားမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ အခုမြင်လိုက်ရတဲ့ CX-60 ကားသစ်က Mazda ရဲ့ လက်ရှိအချိန်အထိ ထုတ်လုပ်ဖူးခဲ့သမျှထဲ စွမ်းဆောင်ရည်အကောင်းဆုံးကားတစ်စီး ဖြစ်လာ ခဲ့ပါပြီ။
အခုကားရဲ့ အဓိကအပြောင်းအလဲကတော့ PHEV စနစ်ဖြစ်ရုံတင်မကပဲ Rear-Wheel Drive စနစ်အခြေခံ ထားတဲ့ Skyactiv Multi Solution Scalable Architecture ဆိုတဲ့ နည်းပညာ အသစ်ကိုပါ အသုံးပြုလိုက် တာပါ။ အဆိုပါ Architecture အသစ်ကိုတော့ နောက်ပိုင်း ထပ်ထွက်လာဦးမယ့် ဥရောပသီးသန့် CX-80 နဲ့ မျိုးဆက်သစ် Mazda 6 တို့မှာလည်း ဆက်လက်မြင်တွေ့ လာရဖို့ရှိနေပါတယ်။ အမေရိက ဈေးကွက်မှာ ဆိုရင်တော့ CX-60 အစားပုံစံဆင်တူတဲ့ Mazda CX-70 နဲ့ ထိုင်ခုံ ၃ တန်းပါ Mazda CX-90 တို့ကို ရောင်း ချ ပေးမှာလည်း ဖြစ်ပါတယ်။ CX-70 ကတော့ ပုံမှန်အတိုင်းဖြစ်ပေမယ့် CX-90 ကားအသစ်မှာ ဆိုရင်တော့ စွမ်းဆောင်ရည်ပိုကောင်းမယ့် Inline-Six Engine ကို အကောင်းဆုံး အစားထိုး သုံးလာနိုင်ပါတယ်။ ဒါတင် မကသေးပဲ မကြာခင်သေးမီကမှ ထုတ်ပြထားခဲ့တဲ့ Mazda CX-50 ကလည်း Toyota ရဲ့ Hybrid စနစ်ကို ပါ ရရှိလာဦးမယ်လို့ သိရပြန်ပါတယ်။ အခုထွက်လာတဲ့ CX-60 ကတော့ စွမ်းဆောင်ရည် အကောင်းဆုံးဆို တဲ့ နေရာကို အချိန်အကြာကြီး မယူထား နိုင်လောက် သေးပေမယ့် တစ်နာရီကို ၆၂ မိုင်နှုန်းအရှိန်တင်ဖို့အ တွက် တော့ ၅.၈ စက္ကန့်အတွင်း ရတယ် ဆိုတာ အထင်ကြီးစရာပါ။ ဒါတင်မကသေးပဲအမြင့်ဆုံး မြန်နှုန်းက လည်း တစ်နာရီကို ၁၂၄ မိုင် အထိ ရှိနိုင်ပြီး 17.8 kWh ဘက်ထရီကြောင့်လည်း လျှပ်စစ်သီးသန့် သုံးမယ် ဆိုရင်တောင် တစ်ကြိမ် အားသွင်းထားရုံ နဲ့ ၃၉ မိုင် အထိကို မောင်းနှင်နိုင်မှာပါ။ ဒါ့အပြင် ပိုကောင်းတာက တော့ CX- 60 ကားအသစ်က Eight-Speed Automatic Transmission ဆိုတဲ့ ဂီယာအသစ် ပါဝင်လာ မယ့် ပထမဆုံးသော Mazda ကားအသစ်လည်း ဖြစ်လာပါတယ်။
ကားရဲ့ အတွင်းခန်းကို ကြည့်လိုက်မယ် ဆိုရင်တော့ Mazda အနေနဲ့ ဇိမ်ခံကားတွေကို ဖန်တီးနိုင်တဲ့ ကုမ္ပဏီ အဖြစ် တဖြည်းဖြည်း တက်လှမ်းလာနိုင်နေပြီ ဆိုတာကို သိသာစေပါတယ်။ Cabin အပိုင်းမှာလည်း ဂျပန်ရဲ့ Kaichou ဆိုတဲ့ Concept ကို ထည့်သွင်း ဖန်တီးထားပြီး Maple Wood တွေ မတူညီတဲ့ Material တွေနဲ့ လက်ရာလေးတွေကို ဖန်တီးထားတာပါ။ ဒါ့အပြင် Nappa Leather ကိုလည်း ထည့်သွင်းထားပြီး အဆိုပါ Leather သားကတော့ ဂျပန် ရဲ့ ပြည်တွင်းဖြစ် ချည်သားတွေ၊ Chrome တွေနဲ့ အသေးစိတ် ပေါင်းစပ်ပေး ထားတာဖြစ်ပါတယ်။ ဒါကြောင့် ကားရဲ့ Instrument Panel အသေးစိတ်တွေကအစ ဂျပန်ရဲ့ အရသာလေး တွေကို ပြည့်ပြည့်ဝဝ ခံစားနိုင်စေမှာပါ။ အဆိုပါကားအသစ် ကတော့ ဥရောပ သီးသန့် ထွက်ရှိလာတာ ဖြစ် လို့ အမေရိက ဈေးကွက်အထိ ရောက်ရှိလာဖို့ရာမဖြစ်နိုင်ပဲ အဆိုပါ ကားနဲ့ဆင်တူမယ့် CX-70 ပဲ ရောက်ရှိ လာဖို့ ရှိနေတာ ဖြစ်ပါတယ်။ အဆိုပါကားတွေကို မြင်ရ ပြီးနောက်ပိုင်းမှာတော့ လျှပ်စစ်စွမ်းအင်တွေအ တွက် Mazda ရဲ့ အပြောင်းအလဲတွေကို ခပ်သွက်သွက် မြင်တွေ့လာရ တော့မှာအသေအချာပဲ ဖြစ်ပါတယ်။
Ref: carbuzz.com