ကားအသစ် တစ်စီးဝယ်ပြီးပြီဆိုရင် တစ်သသ ဖြစ်နေရတာကြောင့် ကားကိုယ်ထည်လေးများ အနည်းငယ် ထိခိုက် မိသွားရင် ဘယ်လိုလုပ်ရပါ့ ဆိုပြီး ကားပိုင်ရှင်တွေ ခံစားမိကြလိမ့်မယ်ထင်ပါတယ်။ တကယ်တော့ တစ်ခုခုအဲ့လို ထိခိုက်မိသွားပြီ ဆိုရင်လည်း မူလအရည်အသွေးအတိုင်း ပြန်ရအောင် သေချာပြင်ဆင်ပေးနိုင် မယ့် စိတ်ချရတဲ့နေရာ ကို ရှာရတာကလည်း အချိန်ကုန်ပြန်တဲ့ အလုပ်တစ်ခုပါပဲ။ တကယ်လို့ စက်ရုံထုတ် အသစ်စက်စက် ကားအပို ပစ္စည်း တွေကအစ အခုလို အချိန်ကာလမှာ ပြတ်လပ်နေတယ်ဆိုရင် ပိုလို့တောင် ခက်ခဲတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု အဆိုပါ ပြဿနာတွေကို အတိုင်းအတာ တစ်ခုထိပြေလည် နိုင်ဖို့ Mazda မြောက်အမေရိက က အစီအစဉ် တစ်ခုလုပ် ပေးလိုက်ပါတယ်။ အဲ့ဒါကတော့ ကားကိုယ်ထည်တွေ ကို အကောင်းတိုင်းဖြစ်အောင် ပြန်လည်ပြုပြင်ပေးတဲ့ အတိုင်းမှာ နာမည်ရထားတဲ့ Mitchell ဆိုတဲ့ ကုမ္ပဏီ နဲ့ ပူးပေါင်းပြီး Mazda Collision Network ဆိုပြီး အစီအစဉ်တစ်ခုလုပ်ပေးလိုက်တာပါပဲ။ အဆိုပါ အစီအ စဉ် အရတော့ ကားတွေရဲ့ ကိုယ်ထည် ပိုင်းတွေကို သေချာပြင်ဆင်ပေးနိုင်မှာ ဖြစ်ကာ Mazda CX-50 ဒါမှ မဟုတ် CX-5 တို့လို ကားမျိုးတွေကို လမ်းကြမ်း စိတ်ကြိုက်မောင်းလိုက် ချင်ရင်လည်း လှည့်ကြည့်စရာမလို ပဲ မောင်းနှင်နိုင်ပြီ ဖြစ်ပါတယ်။ တစ်ခုခု ပြင်ချင်တာပဲ ဖြစ်ဖြစ် ပြန်ပြီး သန့်ရှင်းချင်တာပဲ ဖြစ်ဖြစ် အဆိုပါ Network ဆီ အရောက်သွားလိုက်ရုံပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

Mazda ကတော့ အဆိုပါ ဝန်ဆောင်မှုအသစ်အတွက် Web Portal တစ်ခု ဖွင့်လှစ်ပေးထားပြီး Customers တွေ အဖို့ ပြန်လည် ပြင်ဆင်လိုတဲ့ အစိတ်အပိုင်းတွေ ရနိုင်မရနိုင် ကအစ Website မှာ ချက်ချင်းစစ်ဆေး နိုင်မှာပါ။ အဆိုပါ ပစ္စည်းတွေ အကုန်လုံးကတော့ ကျွမ်းကျင်ဝန်ထမ်းတွေရဲ့ ထောက်ခံမှုတွေ ၊ ပြန်လည် ပြင်ဆင်ပေးမှုတွေရဲ့ စိတ်ချရတဲ့ စံနှုန်း တစ်ခုကို ပိုင်ဆိုင်ထားပြီးသား ဖြစ်ပါတယ်။ တကယ်တော့ အဆိုပါ လုပ်ငန်းကို မနှစ်က မေလ လောက် ကတည်းက စတင် ကြေညာကာ အကောင်အထည် ဖော်နေခဲ့တာဖြစ် ပြီး Mitchell ကုမ္ပဏီနဲ့ပဲ တရားဝင် ပူးပေါင်း နေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခု Network ကတော့ Customers တစ်ဦးတစ်ယောက် စီတိုင်းကို အသေးစိတ်က အစ စိတ်ချရအောင်လုပ်ပေးနိုင်ပြီး၊ လိုအပ်မယ့် အပိုင်းတွေကိုလည်း သေချာရှင်းပြ ပေးနိုင်ပါလိမ့်မယ်။ ဒါ့အပြင် အခု အစီအစဉ်ကို ရှေ့လျှောက် ဆက်တိုက် အောင်မြင်နေနိုင်ဖို့ အတွက်လည်း ရည်ရွယ်ပြီး Customer Experience Center ကိုပါ တစ်ပါတည်း ဖွင့် လှစ်ခဲ့ပါသေးတယ်။

Photo Credit: CARBUZZ

Mazda မြောက်အမေရိကရဲ့ After Sales အပိုင်းနဲ့ နည်းပညာပိုင်းဆိုင်ရာဌာန ဒုတိယဥက္ကဌ ဖြစ်သူ Rob Milne ကတော့ ကားကို ဝယ်ယူသုံးစွဲသူတစ်ယောက်ချင်းစီ တိုင်းရဲ့ လုံခြုံရေးက ကုမ္ပဏီအတွက် အဓိက ဦးစားပေး ဖြစ်ပြီး အခုလို Mitchell နဲ့ ပူးပေါင်း လုပ်ဆောင်ထားခြင်းကြောင့် အရည်အသွေးပိုင်းရော လုံခြုံ ရေးပိုင်းမှာပါ စိတ်ချရတဲ့ အပိုပစ္စည်းတွေ စုံစုံလင်လင်နဲ့ ပြင်ဆင်ရရှိနိုင်မှာ ဖြစ်ပါတယ်လို့ ဆိုထားပါတယ်။ အခုလို Program အသစ်ကို မိတ်ဆက် နိုင်ခဲ့တာကတော့ Mazda ရဲ့ ထုတ်ကုန်ရောင်းချပြီး နောက်ပိုင်း ဘယ်လောက်အထိ ဂရုစိုက်နိုင်သလဲ ဆိုတဲ့ ဂုဏ်သတင်းကောင်းကိုပါ ဆက်လက်ထိန်းသိမ်း နိုင်ခဲ့တာပါ။ ဒါတင်မကသေးပဲ မနှစ်တုန်းက IIHS က သတ်မှတ် ပေးခဲ့တဲ့ Top Safety Pick ဆုတွေကို ရရှိခဲ့တဲ့ ဂုဏ်ပုဒ် ကို ပိုကောင်းအောင် ဆက်ထိန်းထား လိုက်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမျိုး Customers တွေရဲ့ လုံခြုံရေးကို သေချာ အလေးပေးထားတဲ့ ကားကုမ္ပဏီကြီး အနေနဲ့ အခုလက်ကျန် ၂၀၂၂ မှာ အမေရိကဈေး ကွက်ထဲရော ကျန်‌ဈေးကွက်တွေထဲမှာပါ ဘယ်လောက်အထိ အားပေးမှုတွေရနိုင်ဦးမလဲဆိုတာ စောင့်ကြည့် ကြရမှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com