Rear-Wheel Drive စနစ် ပါလာမယ်လို့ အချိန် အတော်ကြာ သတင်းထွက်နေခဲ့တဲ့ Mazda 6 အသစ်က တော့ တကယ် တရားဝင် ထွက်လာဖို့ လိုသေးတယ်ဆိုပေမယ့် သတင်းတွေကတော့ အမျိုးမျိုး မရိုးရအောင် ရှိနေဆဲပါပဲ။ အခု ဆိုရင်လည်း ကားရဲ့ ဒီဂျစ်တယ်ပုံကြမ်းတစ်ခု ထွက်လာပြန်ပြီ ဖြစ်ပြီး Mazda ရဲ့ နောက် ဆုံးပေါ် ဒီဇိုင်းတွေကို ထည့်ထားနိုင်တဲ့ ကားအသစ်အဖြစ် မြင်လာရနိုင်ဖို့ ရှိနေပါတယ်။ အထူးသဖြင့် လက်ရှိ Mazda 6 ရဲ့ Kodo Styling ပုံစံ တွေပေါ်မှာ လုံးဝအကြီး အကျယ် ပြောင်းလဲပေးထားတဲ့ ပုံစံမျိုးကို အခု ကားပုံကြမ်းသစ်မှာ စမြင်ရတာဖြစ်ပြီး CX 60 ရဲ့ ဒီဇိုင်းတစ်ချို့ကိုလည်း ပြန်ထည့်ပေးလာ နိုင်ပါတယ်။ အဆိုပါ ဒီဇိုင်း အပြောင်းအလဲတွေကိုတော့ ကားရဲ့ အရှေ့နဲ့အနောက်က Fascia တွေ ၊ Lighting နေရာတွေ မှာ ခပ်ကျဉ်းကျဉ်း ဖန်တီးပေးထားတာတွေနဲ့ ဘီးတွေမှာ ပိုပြီး သိသိသာသာ မြင်လာရနိုင်ပါတယ်။ မီးလုံး နေရာတွေက လေးထောင့်ခပ်ကျကျ Nose Grille ပိုင်းတွေက Sedan တစ်စီး အဖို့တော့ လိုက်ဖက်နေပြီး ဘီးဒီဇိုင်းတွေကလည်း အခုပုံကြမ်းမှာ မြင်ရသလောက်ကတော့ Honda Accord ဆီက ပုံနဲ့တောင် ခပ်ဆင် ဆင် ဖြစ်လို့ နေပါတယ်။ အနောက်ဘက်မှာလည်း ဂျာမနီ ကားတွေရဲ့ အရသာလိုမျိုး ရအောင် ဖန်တီးပြုပြင် ပေးထားတာ မျိုးတွေ မြင်ထားရပြီး သိပ်တော့မဆိုးလှတဲ့ အပြောင်းအလဲလို့ ဆိုရမှာပါ။ CX 60 ကားရဲ့ ဒီဇိုင်းပိုင်း အငွေ့အသက် လေးတွေ ကို ထည့်ထားတယ် ဆိုတာကတော့ အတည်မပြုနိုင် သေးပေမယ့်လည်း ပါလာရင်လည်း ကောင်းတယ်လို့ပဲ ပြောနိုင်ပါတယ်။
ဒါ့အပြင် အဆိုပါ CX60 Crossover တုန်းကတော့ Platform အသစ်ဖြစ်တဲ့ SkyActiv Multi Solution Scalable Architecture ကို သုံးထားတာပါ။ အပြောင်းအလဲ ကောင်းကောင်း လုပ်လို့ရတဲ့ အဆိုပါ Platform ကြောင့် Rear-Wheel Drive ၊ Six-Cylinder Engine တို့အပြင် Plug-In Hybrid အင်ဂျင် တွေနဲ့ ဖန်တီးချင်တယ် ဆိုလည်းရနိုင် သေးတာကြောင့် အခု Mazda 6 အတွက် သုံးလာမယ်ဆိုရင်လည်း ဖြစ်နိုင်ချေ ရှိနေပါတယ်။ Autocar နဲ့ အင်တာဗျူး တစ်ခုထဲမှာတော့ Mazda ရဲ့ Europe Development And Engineering Boss ဖြစ်သူ Joachim Kunz က လက်ရှိမှာ ကုမ္ပဏီအနေနဲ့ Crossover နဲ့ SUV တွေ ကိုသာ အဓိက အာရုံစိုက်နေတာ ဖြစ်ပြီး Mazda 6 ကို သိပ်အာရုံ မလာသေးဘူးလို့ ဖြေထားပါသေးတယ်။ ဒါပေမယ့် ဒါကတော့ သိပ်တော့ အံ့အားသင့်စရာ ဖြစ်မနေပါဘူး ၊ အခုလိုမျိုး ကားတွေကလည်း Brand အတွက် အချိန်အတော် ကြာအောင် ရောင်းအား ကောင်းကောင်း ဖန်တီး ပေးထားနိုင်တဲ့ ကားတွေ ဖြစ်နေလို့ ပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုရထားတဲ့ သတင်းတွေ အရကိုပဲ နောက်ထွက်လာမယ့် အဆိုပါ Sports ဆန် ဆန် Mid-Size Sedan အတွက်ကို ဆွဲဆောင်မှုတွေ ပေးထားနိုင်တာ ဖြစ်ပါတယ်။ ဒီကား ကို ဘယ်လို ပုံစံ ဘယ်လို အနေအထား နဲ့ ဆွဲထုတ် လာပေးမယ် ဆိုတာကလည်း စီးပွားရေးပိုင်း နဲ့ ဆိုင်တဲ့ အရေးကြီးဆုံး ဖြတ်ချက် တစ်ရပ်ဖြစ်လို့ နေပြန်တာပါ။ ဒါပေမယ့် တကယ်လို့ သင်က Mazda 6 ကိုမှ မကြာခင် ဝယ်ချင်နေ ပြီ ဆိုရင်လည်း လက်ရှိဈေးကွက်ရှိတဲ့ ကားတွေအစား အသစ်ထွက်လာဖို့ကတော့ သေချာနေပြီး အချိန်လေး ပဲ ပေးရမယ့် ကားသစ်ကို စောင့်လိုက်တာက ပိုမှန်ကန်ပါလိမ့်မယ်။
Ref: carbuzz.com