Maybach ကတော့ S580 e ဆိုတဲ့ Sedan ကားသစ်နဲ့အတူ သူတို့ရဲ့ ပထမဆုံးသော Plug-In Hybrid Model ခေတ်သစ် ကို စတင်လိုက်ပါပြီ။ အခုနှစ်ထဲမှာ စတင်ချပြလာတဲ့ Maybach ရဲ့ ပထမဆုံးသော လျှပ်စစ်ကားလည်း ဖြစ်သလို 3.0 Liter Inline Six-Cylinder Turbocharged အင်ဂျင်ကိုမှ Plug-In Hybrid အမျိုးအစားအဖြစ် တွဲဖက် ပေးလာတာပါ။ စွမ်းဆောင်ရည် ပိုင်းကလည်း အင်ဂျင်ပိုင်းနဲ့တင် 362 hp နဲ့ 369 lb-ft Torque အထိကို ရှိထားပြီး 148 hp နဲ့ 325 lb-ft Torque အထိ စွမ်းဆောင် ပေးနိုင်သေးတဲ့ လျှပ်စစ်မော်တာကပါ ထပ်ပြီး အားဖြည့်ပေးထား လိုက်တာ ကြောင့် တကယ်ကို အတိုင်းထက်အလွန်ပါပဲ။

Photo Credit: AllAutoExperts

ဒါကြောင့်လည်း စုစုပေါင်း စွမ်းဆောင်ရည်က 503 hp 553 lb-ft Torque အထိကို ရှိလာခဲ့သလို တစ်နာရီ ၆၂ မိုင် နှုန်း အထိ အမြန်နှန်းရဖို့ကိုလည်း ၅.၁ စက္ကန့်ပဲ ကြာပြီး အမြင့်ဆုံးအနေနဲ့ တစ်နာရီကို ၁၅၅ မိုင် အထိ မောင်းနှင်နိုင်မှာပါ။ အခု ကားရဲ့ ‌အဓိက အရေးကြီးတဲ့ တစ်ချက်ကတော့ 28 kWh ပမာဏ ရှိတဲ့ ဘက်ထရီဖြစ်ပြီး လျှပ်စစ်သီးသန့်ကိုပဲ တစ်ခါ အားသွင်းထားရင် ၆၂ မိုင် အထိ မောင်းနိုင်လိမ့်မယ်လို့ သိရပါတယ်။ တကယ်လို့ လျှပ်စစ်သီးသန့် Mode နဲ့ ပဲ မောင်းနေမယ် ဆိုရင်တော့ ကားရဲ့ အမြင့်ဆုံး မြန်နှုန်းက တစ်နာရီ ၈၇ မိုင် နှုန်းအထိပဲ ရနိုင်ပါလိမ့်မယ်။ ဘက်ထရီ ကို အားပြည့်အောင် သွင်းနိုင်ဖို့ကတော့ 60 kW DC အားသွင်းစနစ်နဲ့ဆိုရင် နာရီဝက်ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

ကားရဲ့ အပြင်ဘက်မှာ သာမန် မော်ဒယ်တွေနဲ့ ကွဲထွက်နေမယ့် အချက်ဆိုလို့ S580 e PHEV ဆိုတဲ့ စာသား လေးကိုပဲ အနောက်ဘက်မှာ ထည့်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင်ကားရဲ့ ရှေ့မီးကြီးတွေထဲမှာ အပြာရောင် Accents လေးတွေ သုံးထားတာ အနောက်ဘက် Fender ပေါ်မှာ ပါလာတဲ့ အားသွင်းပေါက် စတဲ့ အချက်တွေကတော့ အခုကားသစ်မှန်း တန်းသိစေမယ့် အချက်တွေပါပဲ။ အတွင်းခန်းကလည်း ထုံးစံအတိုင်း ဇိမ်ခံ အရသာ ကောင်းကောင်း ပေးနိုင်ဆဲဖြစ်ပြီး လျှပ်စစ် Mode နဲ့ မောင်းမယ်ဆိုရင် လုံးဝ တိတ်ဆိတ်နေမှာ မျိုးကတော့ PHEV မှန်းသိသာ စေတဲ့ အချက်ပါပဲ။ အခုကားသစ် ကိုတော့ တရုတ် ဈေးကွက်ထဲ အရင်ဆုံး မိတ်ဆက်လာတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ထိုင်း ၊ ဥရောပ နဲ့ အခြားသော ဈေးကွက်တွေဆီ ခြေဆန့်ဖို့ ရှိနေပါတယ်။ အခုကား မိတ်ဆက်ပွဲမှာပဲ Mercedes-Maybach ရဲ့ ခေါင်းဆောင်ဖြစ်သူ Daniel Lescow ကိုယ်တိုင်က သူတို့ရဲ့ ပထမဆုံး လျှပ်စစ်သီးသန့် Maybach ကို အခု ၂၀၂၃ ထဲမှာတင်ပဲ စတင်ချပြ သွားလိမ့်မယ်လို့ အတည်ပြု ပေးနိုင်ခဲ့ပါတယ်။ အဆိုပါ ကားသစ်ကတော့ Spy ဓာတ်ပုံတွေအရ Mercedes-Benz EQS SUV ကို အခြေခံ ဖန်တီးလာတဲ့ပုံ ဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။

Ref: AllAutoExperts