ပြီးခဲ့တဲ့ သောကြာနေ့တုန်းကပဲ Maserati ကနေ MC 20 Supercar ပေါ်မှာ အခြေခံ ဖန်တီးထားတဲ့ ကုမ္ပဏီရဲ့ ပထမဆုံးသော ပြိုင်ကား တစ်စီးကိုချပြလိုက် ပါတယ်။ အခု လက်ရှိမှာတော့ အဆိုပါကားကို Project 24 ဆိုတဲ့ နာမည် ဝှက်ပဲ ပေးထားသေးပြီး ပြိုင်ကားစည်းမျဉ်းတွေနဲ့ ညီအောင်တော့ မဖန်တီးနိုင်သေးပဲ အတော်လေးတော့ လွတ်လွတ်လပ်လပ် ဖြစ်အောင် စမ်းသပ်ဖန်တီးထားတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် အခုလို ဖန်တီးလိုက်လို့ ထွက်လာတဲ့ ရလဒ်ပိုင်း ကတော့ အတော်ကို ထူးခြားတဲ့ ရလဒ်တွေပါပဲ။ ကားရဲ့ Bespoke Carbon-Fiber ကိုယ်ထည်ကတော့ MC20 မှာမြင်ခဲ့ရတဲ့ Dallara လိုမျိုး Carbon Tub ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် FIA ရဲ့ Homologated Roll Cage အပိုင်းကိုပါ အခု ပြိုင်ကားအတွက် အပိုအနေနဲ့ ထည့်ပေးထားတာ ဖြစ်ပါတယ်။ ကားရဲ့ အင်ဂျင် ကိုတော့ Twin-Turbocharged 3.0 Liter V6 Engine ကို သုံးထားပြီး MC20 ဆီကပဲ ယူသုံးထားတာဖြစ်လို့ 730 hp အထိကို စွမ်းဆောင်ထားနိုင်ပါတယ်။ ဒါကေမယ့် MC 20 မှာတုန်းကတော့ 621 hp အထိ ပဲ စွမ်းဆောင်နိုင်တာ ဖြစ်ပြီး အဓိက အဆင့်မြှင့်တင် ပေးလိုက်တာကတော့ တာဘိုတွေ ထပ်တပ်ဆင်လိုက် လို့ပါပဲ။
အခြားသော လုပ်ဆောင်ချက်တွေ အနေနဲ့ ဆိုရင်တော့ 6-Speed Sequential Transmission ကိုမှ Paddle Shifters တွေ ၊ ချိန်ညှိလို့ ရတဲ့ Aerodynamic အပိုင်းတွေ နဲ့ Suspension တွေ ၊ ပေါ့ပါးတဲ့ Lexan တံခါးပေါက်တွေနဲ့ ၊ Brembo Brake တွေအပြင် ၁၈ လက်မအရွယ် Forged ဘီးတွေကိုမှ Center Locks တွေနဲ့ ပေါင်းထည့်ပေးထား လိုက်ပါသေးတယ်။ ကားတွေကို လှပအောင် ဖန်တီးနေတဲ့ Maserati တို့ကတော့ ပိုပြီး ပေါ့ပါးအောင်လည်း ကြိုးစားနေဆဲဖြစ်ကာ အခု ကားကိုတော့ ၂,၇၅၅ ပေါင်အောက်ပဲ လေးအောင် ဖန်တီးထားနိုင်ပါတယ်။ Maserati အနေနဲ့ ကတော့ Project 24 ကားကိုထပ်ပြီး ပြည့်ပြည့်စုံစုံ ဖြစ် အောင် သေချာဖန်တီးဦးမှာ ဖြစ်ကာ ပြေးလမ်းကြောင်း တစ်လျှောက် သေချာမောင်းနှင်တာတွေ ၊ လမ်းကြောင်းမောင်း အတွေ့အကြုံတွေနဲ့ အခြားသော ပစ္စည်း အထောက်အပံ့တွေလည်း ပေးနိုင်အောင် အထိပါ ကြိုးစားထုတ်လုပ် သွားဦးမှာပါ။
အခု ကားကိုတော့ ထုတ်လုပ်ဖြစ်မယ် ဆိုရင်တော့ အကန့်အသတ်နဲ့ပဲ ဖြစ်နိုင်ပြီး ဘယ်လောက် ထုတ်နိုင်မလဲ ဆိုတာ ကိုတော့ အတိအကျ မသိရသေးကာ ကား ဘယ်အချိန်ရမလဲ ဆိုတာကိုလည်း သေချာတော့ မသိရသေးပြန်ပါဘူး။ အတည်ပြုဖို့တော့ အများကြီး လိုသေးတယ် ဆိုပေမယ့် Project 24 မှာပါတဲ့ 24 ဆိုတဲ့ Code Name ကတော့ အခု ပြိုင်ကားကို ၂၄ နာရီ အပြည့် ပြိုင်ရတဲ့ ပွဲတွေဖြစ်တဲ့ 24 Hours Of Le Mans ဒါမှမဟုတ် 24 Hours Of Daytona လို ပွဲကြီးမျိုး တွေမှာ ဝင်ပြိုင်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ယူဆရပါတယ်။ MC 20 ကားကိုချပြခဲ့ကတည်းက သူတို့အနေနဲ့ အခုလိုကားကို ပြေးလမ်းကြောင်းတွေဆီ ပြိုင်ကား အနေနဲ့ယူဆောင်သွားလိုတယ် ဆိုတာကို ပြောကြားခဲ့ပြီးဖြစ်ကာ ယခင် ၂၀၀၀ ခုနှစ် တွေ ဝန်းကျင်တုန်းက ပေါ်ခဲ့တဲ့ MC 12 ကားတွေ ဆိုရင်လည်း FIA GT ကားပြိုင်ပွဲတွေမှာ ယှဉ်ပြိုင် ခဲ့ ဖူးတာပါ။ လာမယ့်နှစ်မှာ ကျင်းပမယ့် World Endurance Championship ပွဲတွေမှာ Ferrari တို့က GT Classes တွေကို မပြိုင်ဖို့ စီစဉ်ထားတာကြောင့် Le Mans Hypercar Race Car တွေမှာ Maserati ရဲ့ အခု MC 20 GT ပြိုင်ကား အသစ်တွေက ကောင်းကောင်း နေရာဝင်ယူ နိုင်တဲ့အထိ စွမ်းဆောင်နိုင်မလား စောင့်ကြည့်ရတော့မှာပါ။
Ref: MotorAuthority