Maserati တို့ကတော့ Monterey Car Week ပြပွဲကြီးမှာ Brand New Lineup ကားသစ်တစ်စီးကို စတင်ချပြခဲ့ပြီး အထူးသဖြင့် The Quail, A Motorsports Gathering အပိုင်းမှာ မိတ်ဆက်ခဲ့တာပါ။ မြောက်အမေရိက ကား ဈေးကွက်ရဲ့ အစဉ်အလာကြီးမားတဲ့ ကားပြပွဲကြီးထဲမှာ Maserati တို့ အထူးတလည် ချပြလာခဲ့တာကတော့ MC20 Cielo Spyder ဆိုတဲ့ ကားပဲ ဖြစ်ပါတယ်။ အခု ကားမိတ်ဆက်ပွဲမှာတော့ Maserati America ရဲ့ CEO ဖြစ်သူ Bill Peffer နဲ့ အတူ Maserati Design ရဲ့ ခေါင်းဆောင် Klaus Busse ၊ Global Chief Executive Officer ၊ Davide Grasso တို့လည်း အတူရှိနေခဲ့ ကြပါတယ်။ အဆိုပါ ပွဲမှာတော့ အခုလိုမျိုး အမိုးဖွင့် Supercar အလန်းစားအပြင် MC 20 Coupe နဲ့ All-New Grecale SUV အသစ်တို့ကိုပါ တစ်ပါတည်း ချပြခဲ့ပြီး ဈေးကွက်ထဲအတွက် ကားသစ်တွေ အကုန်လုံးကို တစ်ပါတည်း ထုတ်ကြွားသွားတယ်လို့တောင် ဆိုလို့ရပါတယ်။ ပြီးခဲ့တဲ့ မေလကတည်းက တစ်ခါ ချပြထားဖူးတဲ့ MC20 Cielo ကားသစ်ကတော့ Maserati MC20 Coupe ရဲ့ အမိုးဖွင့် ကားမျိုးကွဲလည်း ဖြစ်ပါတယ်။

Photo Credit: motor 1.com

အဆိုပါ ကားကတော့ ဆယ်စုနှစ်တစ်ခုအတွင်း ကုမ္ပဏီအတွက် ပထမဆုံးသော စူပါကားလည်း ဖြစ်နေပြန်ကာ Cielo လို့ဆိုတဲ့ စကားလုံးကလည်း အီတလီ ဘာသာစကားနဲ့ရေးထားတာ ဖြစ်ပြီး Sky ကောင်းကင်ပြင် ကြီးလို့ အဓိပ္ပါယ် ရပါတယ်။ ကားမှာသုံးထားတဲ့ MC20 ရဲ့ Monocoque Chassis ကလည်း ပိုပြီး အကြမ်းခံကာ နည်းနည်း လေး ပိုလေးပေမယ့် ပိုလည်းကောင်းတဲ့ အပိုင်းတွေဖြစ်အောင် ဖန်တီးပေးထားနိုင်ပါတယ်။ MC20 Cielo ကားသစ် ကတော့ မူလ Coupe ထက်စာရင် ၁၄၃ ပေါင် လောက်တော့ ပိုလေးနေမှာပဲ ဖြစ်ပါတယ်။ MC20 Cielo ရဲ့ အရေးကြီးတဲ့ အချက်အလက် တွေထဲကို ကြည့်မယ်ဆိုရင်လည်း အဖွင့်အပိတ် လုပ်နိုင်တဲ့ မှန်သားအမိုး ကိုမှ Electrochromic ဆိုတဲ့ Smart Glass မှန်သားကို သုံးထားတာက ထူးခြားစရာ ဖြစ်နေပါတယ်။ ဒါကြောင့် အခုစနစ် အရဆိုရင် ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့ မှန်ကို အကြည်သားကနေ လုံးဝ မမြင်ရတော့မယ့် အနောက်ပုံစံ အလို အလျောက် ပြောင်းပေးသွားနိုင်မယ့်အထိ အဆင့်မြင့်ပါတယ်။ ကားရဲ့ Central Screen ကြီးကလည်း Polymer Dispersed Liquid Crystal (PDLC) နည်းပညာကို သုံးထားတဲ့ အဆင့်မြင့် Screen ကြီး ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားရဲ့ အင်ဂျင်ပိုင်းကတော့ MC20 Coupe တုန်းကအတိုင်း Nettuno V6 engine ကိုပဲ တပ်ဆင်အသုံး ပြုပေးထားပါတယ်။ 3.0 Liter ရှိတဲ့ အဆိုပါ အင်ဂျင်ကတော့ 621 hp နဲ့ 538 lb-ft Torque အထိကို စွမ်း ဆောင်နိုင်တာဖြစ်ပြီး Eight-Speed Dual-Clutch Gearbox နဲ့လည်း တွဲဖက် ပေးထားသေးတာကြောင့် အတော်လေး မောင်းလို့ကောင်းမယ့် စူပါကား ဖြစ်မှာတော့ သေချာနေပါတယ်။ ကားရဲ့ အမြင့်ဆုံး မြန်နှုန်း ကတော့ တစ်နာရီကို ၁၉၈ မိုင်အထိ ရှိနိုင်ပါတယ်။ အဆိုပါ ကားအသစ်ရဲ့ အမေရိက ‌ဈေးကွက်ထဲ ရရှိနိုင်မှုအပြင် ဈေးကွက် တွေထဲ အခြေအနေကိုတော့ Maserati တို့ဘက်က အတိအကျ မထုတ်ပြန်ထား သေး ပါဘူး။ ဒါ့အပြင် အခုပွဲမှာ သီးသန့်ထုတ်လုပ်မယ့် PrimaSerie Launch Edition ကိုလည်း ချပြထားသေးပြီး အစီးရေ ၆၀ ပဲ ရနိုင်မယ် လို့လည်း သိရပါတယ်။ အခု Special Edition Model မှာတော့ အပြင်ဘက် မှာတင် ထူးခြားနေစေမယ့် Acquamarina ဆိုတဲ့ အရောင်မျိုးတွေကို သီးသန့်ထည့်ပေးထားပါတယ်။ ထူးခြားတာကတော့ အဆိုပါ အရောင်က Pebble Beach ကမ်းခြေမှာ မြင်ရတဲ့ အရောင်လည်းဖြစ်နေကာ သီးသန့်အပြင်အဆင်တွေနဲ့ ကားတစ်စီးလည်း ဖြစ်လာဦးမှာပါပဲ။

Ref: motor 1.com