Stellantis မိခင် ကုမ္ပဏီကြီး ရဲ့ ၂၀၃၀ စီမံကိန်းတွေနဲ့အတူ Maserati ကားကုမ္ပဏီကလည်း အခုဆယ်စုနှစ် အဆုံးသတ်မှာတင် လျှပ်စစ်ကားသီးသန့် ကုမ္ပဏီဖြစ်ဖို့ စီစဉ်နေပါတယ်။ Folgore ဆိုတဲ့ နာမည်အသစ် နဲ့အတူ လျှပ်စစ်ကား Brand သစ် ဖြစ်လာမယ့် Maserati တို့ကတော့ တစ်နှစ်ချင်းကို တစ်ဆင့်ချင်းတက်လာမယ့် သဘော ရှိနေတာပါ။ သူတို့ရဲ့ ပထမဆုံးသော လျှပ်စစ်ကားတွေကို Grecale ၊ GranTurismo ၊ GranCabrio နဲ့ MC20 တို့ ပေါင်းထားမယ့် Levante Folgore ဆိုတဲ့ နာမည်နဲ့ လာမယ့် ၂၀၂၅ မှာထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ၂၀၂၄ အရောက်မှာ သူတို့ရဲ့ V8 အင်ဂျင်သုံး Ghibli ကားသစ်တွေကို ဆက်လက်မထုတ်လုပ် ဖြစ်တော့ဘူးလို့ သိရပါတယ်။ Autocar သတင်းအရတော့ အသစ်ထွက်လာမယ့် အဆိုပါ Flagship EV ကားက မျိုးဆက်သစ် ကားမော်ဒယ်အသစ်အဖြစ် အင်ဂျင်ကားနဲ့ တိုက်ရိုက်အစားထိုး လာမယ့် သဘောဖြစ်တယ် လို့လည်း သိရပါတယ်။

Photo Credit: motor 1.com

Maserati CEO ဖြစ်သူ Davide Grasso ကလည်း သူတို့ရဲ့ လျှပ်စစ်ကား Brand Levante ဟာ Stellantis ရဲ့ အခြား သော Brand ၁၄ ခုနဲ့ တွဲဖက်ပြီး အရေးပါလာလိမ့်မယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် မသေ ချာသေးတဲ့ တစ်ချက် ကတော့ Levante ဟာ မျိုးဆက်သစ် လျှပ်စစ်ကား သီးသန့်ပဲလား ၊ ဒါမှမဟုတ် လက်ရှိမှာ Grecale နဲ့ GranTurismo တို့ အသုံးပြုနေတဲ့ Alfa Romeo ရဲ့ Giorgio Platform ကိုပဲ ပြန်ပြီး ပြုပြင်ထားမှာလား ဆိုတာကတော့ မသေချာ သေးပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အဆိုပါ Levante Folgore ကားက လျှပ်စစ်ကား အနေနဲ့ဆိုရင် လက်ရှိ GranTurismo ရဲ့ မော်တာ ၃ လုံးတပ် Version ထက် ကို စွမ်းဆောင်ရည် လျော့နည်းလာနိုင်ပြီး 745 hp လောက် အထိတော့ ရှိလာ နိုင်ပါတယ်။

Photo Credit: motor 1.com

လက်ရှိမှာတော့ GranTurismo Folgore ရဲ့ ဒီဇိုင်းပိုင်းကို မနှစ်က မြင်တွေ့ထားရပြီးဖြစ်ကာ ပြသထားချက်အရတော့ လျှပ်စစ်မော်တာ ၃ လုံး အထိ တပ်ဆင်ထားမယ့် အဆိုပါကားက 1,200 hp အထိ ကို စွမ်းဆောင်လာ နိုင်တာပါ။ ဒါကြောင့်လည်း တစ်နာရီ ၆၂ မိုင် စာ ပမာဏကို ၂.၇ စက္ကန့် လောက် အတွင်းမှာတင် အရှိန်တင်မောင်းနိုင်မယ့် အထိ စွမ်းဆောင်ရည် မြင့်မားနေတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို သာမန်အင်ဂျင်ကားတွေကနေ လျှပ်စစ် ကားသီးသန့် လုပ်ငန်းတစ်ခုအဖြစ်ကို ကူးပြောင်းတော့မယ့် Maserati ရဲ့ ခြေလှမ်းတွေကိုတော့ သတိထားစောင့်ကြည့်ရတော့မှာ ဖြစ်ပြီးသေချာတာကတော့ လာမယ့် ၂၀၃၀ အရောက်မှာ Maserati ဆီကနေ အင်ဂျင်ကား တစ်စီးတစ်လေမှာ မြင်ရတော့မှာ မဟုတ်တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com