Rolls-Royce Phantom ကား အမျိုးအစားကို အလန်းစား အပြင်အဆင်တွေနဲ့ Tuning လုပ်ပြီ ဆိုရင်တော့ သေချာတာက Mansory Tuning ကပဲ ဖြစ်ဖို့ များ နေပါပြီ။ အထူးသဖြင့် အဆိုပါ ကားအတွက် တစ်စီးလုံးစာအပြည့် အပြင်အဆင်တွေ ပေးနိုင်တာဟာ Mansory ပဲ ရှိတာဖြစ်ပြီး အဆိုပါ Mansory လက်ရာတွေ ထဲကမှ ရှားရှားပါးပါးတစ်စီးကိုတော့ အခုဆိုရင် $ 959,326 ဆိုတဲ့ အမြင့်ဈေးနဲ့ ဂျာမနီဈေးကွက်ထဲ ရောင်းချဖို့ ရှိလာပါတယ်။

Photo Credit: AllAutoExperts

ကားရဲ့ အရှေ့ဘက်မှာ အတော်လေးပိုကြီးတဲ့ Intakes ‌တွေ ၊ LED မီးအပိုတွေ ကာဗွန်ဖိုက်ဘာ Splitter တို့ကို သုံးပြီး ပြင်ဆင်ထားတာ  တွေ့ရပါတယ်။ ဒါပေ မယ့် ဒါတွေက များစွာသော ပြင်ဆင်ထားမှုတွေရဲ့ အစပဲ ရှိသေးတာဖြစ်ပြီး Rolls-Royce ရဲ့ အမှတ်သညာ အရုပ်လေး Spirit Of Ectasy ကို ပြီးပြည့်စုံသွားစေ တဲ့ ပြင်ဆင်မှုက လိမ္မော်ရောင်တောက်တောက် အရောင်လေးပါပဲ။ အဆိုပါ အရောင်လေးနဲ့ လိုက်ဖက်နေတာကတော့ ကားကိုယ်ထည်တစ်လျှောက် အပြည့်သုံး ပေးထားတဲ့ အနက်ရောင်လေးပဲ ဖြစ်ပါတယ်။ ကားရဲ့ အရှေ့ဘက် Lip Spoiler နဲ့ အမိုးမှာ တပ်ထားတဲ့ Spoiler တွေအပြင် Body Kit တစ်ခုလုံးမှာတော့ Side Gills တွေနဲ့အရှေ့ဘက် Fender ကစလို့ဘေးဘက်က Forged Carbon Fiber သားတွေအထိကို Aerodynamic ပိုကောင်းအောင် အာရုံစိုက် ပြင်ဆင်ပေး ထား ပါတယ်။ ဒါ့အပြင် အနောက်ဘက်မှာ လေးလုံးတွဲ အိတ်ဇောပိုက်တွေက ပိုကြမ်းနေခဲ့တာဖြစ်ပြီး Mansory ရဲ့ အလိုအလျောက် လိုသလို ထိန်းချုပ်လို့ရတဲ့  Sport Exhaust စနစ်တွေကြောင့်လည်း ပိုကောင်းလာခဲ့တာ တွေ့ရပါတယ်။ ကားနဲ့ ပိုလိုက်ဖက်နေတဲ့ အပိုင်းတွေကတော့ ၂၄ လက်မ အရွယ် Forged DX5 အလွိုင်းဘီးတွေဖြစ်ပြီး Five-Double-Spoke တွေနဲ့ အလယ်တည့်တည့်က လိမ္မော်ရောင် Center Cap တို့ ကလည်း တစ်စီးလုံး အနက်ရောင်ပေါ်မှာ အတော် လေး ကိုထင်ရှားလှပနေပါတယ်။

Photo Credit: AllAutoExperts

အတွင်းခန်းထဲ ဝင်လိုက်တာနဲ့ ဝိုးခနဲဖြစ်သွား စေမှာကတော့ တစ်ခန်းလုံးမှာ သုံးထားတဲ့ လိမ္မော်ရောင် တောက်တောက်ပါပဲ။ သာမန် Rolls-Royce နဲ့ ယှဉ်မယ် ဆိုရင်တော့ အခုတစ်ခေါက် ပြင်ဆင်ထားတဲ့ ကားက 602 hp နဲ့ 700 lb-ft Torque အထိကို စွမ်းဆောင်နိုင်တာ တွေ့ရပြီး 39 hp နဲ့ 37 lb-ft Torque အထိကို တိုးတက်လာတာပါ။ Mobile.de ရဲ့ သတင်းတွေ အရတော့ အခု ရောင်းချမယ့် အလန်းစား အပြင်အဆင်နဲ့ ကားက လုံးဝအသစ် Brand New ဖြစ်ပြီး အိတ်ဇော တွေကို ပြင်ဆင်ထားတဲ့ အပိုင်းမှာ ဂျာမနီ စည်းမျဉ်းတွေနဲ့ သိပ်မကိုက်တာကြောင့် အခြားသော ပြင်ပဈေးကွက် တွေဆီကိုပဲ ရောင်းချပေးသွားမယ်လို့ သိရပါ တယ်။

Ref: AllAutoExperts