ဂျာမနီ ထုတ်ကားတွေကို Tuning ပြန်လုပ်ပေးတဲ့ အပိုင်းမှာ နာမည်ကောင်းတွေ ရထားတဲ့ Manhart Tuning Company ကတော့ အခုဆိုရင် သူ့ရဲ့ လုပ်ငန်းတွေကို အရင်လို ဂျာမန်ကားတွေ အတွက်တင် မဟုတ် တော့ပဲ တဖြည်းဖြည်း ချဲ့ထွင်လာခဲ့ပါပြီ။ ဂျပန်ထုတ် Nissan Patrol Nismo SUV ကိုလည်း အဆင့်မြှင့်တင် ပေးလာခဲ့သလို အခုဆိုရင် အမေရိကန်ထုတ် နာမည်ကျော် လျှပ်စစ်ကား Tesla Model 3 အတွက်ပါ တစ်မျိုးဆန်းသစ်ပေးဖို့ ရှိလာ ခဲ့ပြီဖြစ်ပါတယ်။

Photo Credit: AllAutoExperts

ဒါပေမယ့်လည်း Tesla Model 3 Sedan ကို Tuning လုပ်ရမှာကတော့ ယခင် သာမန်အင်ဂျင် ကားတွေလို Manhart ရဲ့ စွမ်းဆောင်ရည် အဆင့်မြှင့်တင် ပေးတာမျိုးတွေ ပါမလာတာကြောင့် နည်းနည်းတော့ စိတ် ဝင်စားမှုလျော့ ကောင်း လျော့နေနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း လျှပ်စစ်ကားတွေအတွက် ပိုပြီး ရိုးရိုးရှင်းရှင်းနဲ့ လိုက်ဖက်မယ့် အဆင့်မြှင့်တင်မှုတွေကိုပဲ ဖန်တီးပေးထားပြီး ပြန်လည် ပြင်ဆင်ထားတဲ့ ကားသစ် ကိုတော့ Manhart TM3 510 လို့ အမည်အသစ် ပေးထားပါတယ်။

Photo Credit: AllAutoExperts

အဆိုပါ Model 3 ကားသစ်ကို စက်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်တာတွေ ပြုလုပ်မပေးထားပါဘူး။ ဒါပေမယ့်လည်း ဒက Tesla ရဲ့ အစပိုင်း ထုတ်လုပ်ခဲ့စဉ် ကတည်းက အင်ဂျင် Software ပိုင်းကို ဘယ်လိုမှ ပြန်လည် ပြင်ဆင် အဆင့်မြှင့်တင်တာတွေမျိုးတွေ မလုပ်ရအောင် Lock လုပ်ထားခဲ့လို့ပါပဲ။ ပုံမှန်ကတည်းကကိုလည်း လျှပ်စစ် မော်တာ ၂ လုံး နဲ့အတူ စွမ်းဆောင်ရည်ပိုင်းက 490 hp အထိ ရှိထားတာပဲ ဖြစ်ပါတယ်။ Tuner တွေကတော့ အခု ကားရဲ့ ခေတ်ဆန်ဆန် ဒီဇိုင်းပိုင်းတွေဘက်ကိုပဲ ပိုပြီးအာရုံစိုက် ခဲ့ကြပြီး ကာဗွန်ဖိုက်ဘာ Splitter ကိုလည်း အရှေ့ ဘက်မှာ ထည့်ပေးထားခဲ့ပါတယ်။ အနောက်ဘက်မှာလည်း ကာဗွန်ဖိုက်ဘာ Spoiler ကို သုံးပေးထားကာ Manhart ရဲ့ ထူးခြားပြီးရှားပါးတဲ့ သီးသန့် ၂၁ လက်မ အရွယ်ဘီးတွေကိုပါ တပ်ဆင်ပေးထား ပါသေးတယ်။ ဒါ့အပြင် ကားကို ပိုပြီးနိမ့်တဲ့ ပုံစံလေးရစေဖို့ ရည်ရွယ်ပြီး H&R Springs တွေကိုလည်း ပြောင်းလဲတပ်ဆင် ထားပါတယ်။ ဝယ်ယူသူတွေရဲ့ စိတ်ကြိုက်အလိုက်တော့ ပိုပြီးအဆင့်မြင့်ထိရောက်တဲ့ ဘရိတ်စနစ်အပြင် အတွင်းခန်းတွေ အတွက် Reupholster တွေကိုလည်း ထည့်ပေးဖို့ ရှိနေ သေးတာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts